လီဗာပူးနဲ့ပွဲမှာ ဖာနန်ဒက်စ်ကို အနားပေးသင့်လား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်ကို မြင့်မားတဲ့ နေရာဆီတွန်းတင်ပေးနေတဲ့ ကွင်းလယ်ကစားသမား ဖာနန်ဒက်စ်ဟာ အသင်းရဲ့ ပွဲစဉ်အတော်များများမှာ ပါဝင်ကစားပေးထားပါတယ်။ ဒါကြောင့်အာဆင်နယ် ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ပေါလ်မာဆင်က မနက်ဖြန်ည လီဗာပူးနဲ့ပွဲမှာ ဘရူနိုဖာနန်ဒက်စ်ကို အနားပေးဖို့ အကြံပေးလာခဲ့ပါတယ်။

ယူနိုက်တက်ဟာ မနက်ဖြန်ည ၁၁ နာရီခွဲအချိန်မှာ တော့FA ဖလားပွဲစဉ်ကိုအိုးလ်ထရပ်ဖို့ဒ်ကွင်းမှာ လီဗာပူးအသင်းနဲ့ရင်ဆိုင်သွားမှာပါ။ “လီဗာပူးနဲ့ပွဲမှာ နည်းပြဆိုးလ်ရှား အနေနဲ့ ဖာနန်ဒက်စ်ကို အနားပေးသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်စိတ်ထင် သူက ပွဲပန်းတဲ့ပုံပေါက်နေလို့ပါ။ဖာနန်ဒက်စ်က လိဂ်မှာ ပွဲတိုင်းနီးပါး ယူနိုက်တက်အတွက် ကစားပေးထားရပါတယ်။”

“ပရီးမီးယားလိဂ်ဖလားရယူတဲ့ ကိစ္စမှာပဲ ဦးစားပေးပြီး ဖာနန်ဒက်စ်ကို သုံးသင့်ပါတယ်။ FA ဖလားက သိပ်အ‌ရေးမကြီးပါဘူး။ပရီးမီးယားလိဂ်ပွဲမှာ ကြံ့ခိုင်မှုအပြည့်ရှိဖို့ ဖာနန်ဒက်စ်ကိုအနားပေးသင့်တယ်ထင်ပါတယ်။”လို့ ပေါလ်မာဆင်ကပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ ယူနိုက်တက်နဲ့ လီဗာပူးတို့ဟာ အနိုင်အရှုံးရလဒ် ကွဲကွဲပြားပြား မထွက်ပေါ်ခဲ့ပါဘူး။ ဒီတစ်ခေါက်ပွဲမှာတော့နောက်တစ်ဆင့်တက်ခွင့်အတွက် အကြိတ်အနယ် ယှဉ်ပြိုင်သွားကြရမှာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ လက်ရှိအချိန်မှာ ပုံစံကောင်းတွေရထားပြီးအမှတ်ပေးဇယား မှာ ဦးဆောင်နေပေမယ့် လီဗာပူးအသင်းကတော့ နိုင်ပွဲတွေရော၊ ဂိုးပေါက်တွေပါပျောက်ဆုံးနေပါတယ်။ ဒါကြောင့် အမှတ်ပေးဇယားမှာလည်း နည်းပြကလော့ပ် အသင်းဟာ အဆင့်တွေလျော့လာနေပါတယ်။

ဖာနန်ဒက်စ်ကတော့ ဖူဟမ် နှင့်ပွဲစဉ်တုန်းက အသင်းအတွက်ပါဝင်ကစားပေးခဲ့ရာမှာ ယူနိုက်တက်အတွက်ပြိုင်ပွဲစုံပွဲပေါင်း (50)ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ဖာနန်ဒက်စ်ဟာ ယူနိုက်တက်အတွက် (27)ဂိုးသွင်းယူပြီး (17) ဂိုးအထိ ဖန်တီးပေးခဲ့ပြီးဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

လီဗာပူးနဲ႔ပြဲမွာ ဖာနန္ဒက္စ္ကို အနားေပးသင့္လား

ယူႏိုက္တက္ကို ျမင့္မားတဲ့ ေနရာဆီတြန္းတင္ေပးေနတဲ့ ကြင္းလယ္ကစားသမား ဖာနန္ဒက္စ္ဟာ အသင္းရဲ႕ ပြဲစဥ္အေတာ္မ်ားမ်ားမွာ ပါဝင္ကစားေပးထားပါတယ္။ ဒါေၾကာင့္အာဆင္နယ္ ကစားသမားေဟာင္းတစ္ဦးျဖစ္တဲ့ ေပါလ္မာဆင္က မနက္ျဖန္ည လီဗာပူးနဲ႔ပြဲမွာ ဘ႐ူႏိုဖာနန္ဒက္စ္ကို အနားေပးဖို႔ အႀကံေပးလာခဲ့ပါတယ္။

ယူႏိုက္တက္ဟာ မနက္ျဖန္ည ၁၁ နာရီခြဲအခ်ိန္မွာ ေတာ့FA ဖလားပြဲစဥ္ကိုအိုးလ္ထရပ္ဖို႔ဒ္ကြင္းမွာ လီဗာပူးအသင္းနဲ႔ရင္ဆိုင္သြားမွာပါ။ “လီဗာပူးနဲ႔ပြဲမွာ နည္းျပဆိုးလ္ရွား အ​ေနနဲ႔ ဖာနန္ဒက္စ္ကို အနားေပးသင့္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ့္စိတ္ထင္ သူက ပြဲပန္းတဲ့ပုံေပါက္ေနလို႔ပါ။ဖာနန္ဒက္စ္က လိဂ္မွာ ပြဲတိုင္းနီးပါး ယူႏိုက္တက္အတြက္ ကစားေပးထားရပါတယ္။” “ပရီးမီးယားလိဂ္ဖလားရယူတဲ့ ကိစၥမွာပဲ ဦးစားေပးၿပီး ဖာနန္ဒက္စ္ကို သုံးသင့္ပါတယ္။ FAဖလားက သိပ္အ‌ေရးမႀကီးပါဘူး။ပရီးမီးယားလိဂ္ပြဲမွာ ႀကံ့ခိုင္မႈအျပည့္ရွိဖို႔ ဖာနန္ဒက္စ္ကိုအနားေပးသင့္တယ္ထင္ပါတယ္။”လို႔ ေပါလ္မာဆင္ကေျပာၾကားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာ​ေတာ့ ယူႏိုက္တက္နဲ႔ လီဗာပူးတို႔ဟာ အႏိုင္အရႈံးရလဒ္ ကြဲကြဲျပားျပား မထြက္ေပၚခဲ့ပါဘူး။ ဒီတစ္​ေခါက္ပြဲမွာ​ေတာ့ေနာက္တစ္ဆင့္တက္ခြင့္အတြက္ အႀကိတ္အနယ္ ယွဥ္ၿပိဳင္သြားၾကရမွာျဖစ္ပါတယ္။ ယူႏိုက္တက္ဟာ လက္ရွိအခ်ိန္မွာ ပုံစံေကာင္းေတြရထားၿပီးအမွတ္ေပးဇယား မွာ ဦး​ေဆာင္​ေန​ေပမယ့္ လီဗာပူးအသင္းကေတာ့ ႏိုင္ပြဲ​ေတြ​ေရာ၊ ဂိုး​ေပါက္​ေတြပါ​ေပ်ာက္ဆုံး​ေနပါတယ္။ ဒါ​ေၾကာင့္ အမွတ္​ေပးဇယားမွာလည္း နည္းျပက​ေလာ့ပ္ အသင္းဟာ အဆင့္​ေတြ​ေလ်ာ့လာ​ေနပါတယ္။

ဖာနန္ဒက္စ္က​ေတာ့ ဖူဟမ္ ႏွင့္ပြဲစဥ္တုန္းက အသင္းအတြက္ပါဝင္ကစားေပးခဲ့ရာမွာ ယူႏိုက္တက္အတြက္ၿပိဳင္ပြဲစုံပြဲေပါင္း (50)ျပည့္ေျမာက္ခဲ့ၿပီျဖစ္ပါတယ္။ဖာနန္ဒက္စ္ဟာ ယူႏိုက္တက္အတြက္ (27)ဂိုးသြင္းယူၿပီး (17) ဂိုးအထိ ဖန္တီးေပးခဲ့ၿပီးျဖစ္ပါတယ္။