
Photo Credit
Photo Credit
ယူနိုက်တက်အသင်းကွင်းလယ်လူ ပေါ့ဂ်ဘာဟာ လာမယ့်ရက်သတ္တပတ်အတွင်း ကစားရမယ့်လီဗာပူးနဲ့ပွဲကို ဆက်လက်လွဲချော်ဖို့ သေချာသလောက်ရှိနေပြီး ယူနိုက်တက်အသင်းဆေးအဖွဲ့လည်း အနည်းဆုံးယခုလကုန်အထိ ပေါ့ဂ်ဘာ အနားယူရနိုင်တယ်ဆိုပြီး စိုးရိမ်နေကြောင်း သိရပါတယ်။
Photo Credit
ပြင်သစ်လက်ရွေးစင် ပေါ့ဂ်ဘာဟာ ခြေထောက်ဒဏ်ရာကနေ ပြန်လည်သက်သာလာဖို့အတွက် ဒူဘိုင်းမြို့ကို သွားရောက်ကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပြီး အသင်းအတွက် အမြန်ဆုံးပြန်ကစားနိုင်ဖို့ ကြိုးစားနေပါတယ်။
Photo Credit
ဒါပေမဲ့ သူဟာ ယခုလ ၂၀ရက်နေ့မှာ ကစားရမယ့် လီဗာပူးနဲ့အိမ်ကွင်းပွဲကို လွဲချော်ရဖို့ ရာခိုင်နှုန်းများနေပြီး သောကြာနေ့က ကြိုးနဲ့လေ့ကျင့်ခန်းပြုလုပ်နေပုံကို လူမှုမီဒီယာမှာ ဗီဒီယိုဖိုင်တင်ကာ ရောက်ခါနီးပြီလို့ စာရေးသားခဲ့ပေမယ့် ညာဘက်ခြေထောက်ကတော့ ပတ်တီးစည်းထားရဆဲဖြစ်ါတယ်။
Photo Credit
သူဟာ လာမယ့်ရက်သတ္တပတ်အတွင်း ကာရင်တန်ရှိ ယူနိုက်တက်အသင်းဆေးအဖွဲ့ထံ သတင်းပို့ရမှာဖြစ်ပြီး အဲဒီမှာ သူ ပြန်ကစားနိုင်မယ့်ရက်ကို ယူနိုက်တက်ဆေးအဖွဲ့က ထုတ်ပြန်ကြေညာမှာဖြစ်ပါတယ်။
Photo Credit
ဒါပေမဲ့ ယူနိုက်တက်အသင်းဆေးအဖွဲ့ကတော့ ပေါ့ဂ်ဘာအနေနဲ့ ယခုလကုန်အထိ အနားယူရနိုင်တယ်လို့ စိုးရိမ်နေပြီး အဲဒီပွဲတွေက ယူနိုက်တက်နည်းပြဆိုးလ်ရှားအတွက် အရေးပါလာနိုင်ပါတယ်။
Photo Credit
ယူနိုက်တက်ဟာ အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးကို ဧည့်ခံကစားပြီးရင် နောဝစ်ချ်နဲ့လိဂ်အဝေးကွင်းပွဲမတိုင်ခင် ကြာသပတေးနေ့မှာ ယူရိုပါလိဂ်ပွဲစဉ်အဖြစ် ပါတီဇန်နဲ့ကစားရမှာဖြစ်ပြီး စတမ်းဖို့ဒ်ဘရစ်ချ်မှာ ကာရာဘောင်ဖလားပွဲစဉ်အဖြစ် ချဲလ်ဆီးနဲ့ကစားရမှာဖြစ်ပါတယ်။
Photo Credit
Zawgyi
လီဗာပူးနဲ႔ပြဲကို လြဲေခ်ာ္ဖို႔ ေပါ့ဂ္ဘာ ေသခ်ာသေလာက္ရွိေနၿပီး ယခုလကုန္အထိပါအနားယူရဖြယ္ရွိေန
ယူႏိုက္တက္အသင္းကြင္းလယ္လူ ေပါ့ဂ္ဘာဟာ လာမယ့္ရက္သတၱပတ္အတြင္း ကစားရမယ့္လီဗာပူးနဲ႔ပြဲကို ဆက္လက္လြဲေခ်ာ္ဖို႔ ေသခ်ာသေလာက္ရွိေနၿပီး ယူႏိုက္တက္အသင္းေဆးအဖြဲ႕လည္း အနည္းဆုံးယခုလကုန္အထိ ေပါ့ဂ္ဘာ အနားယူရႏုိင္တယ္ဆုိၿပီး စုိးရိမ္ေနေၾကာင္း သိရပါတယ္။
ျပင္သစ္လက္ေရြးစင္ ေပါ့ဂ္ဘာဟာ ေျခေထာက္ဒဏ္ရာကေန ျပန္လည္သက္သာလာဖုိ႔အတြက္ ဒူဘုိင္းၿမိဳ႕ကို သြားေရာက္ကာ ျပန္လည္ထူေထာင္ေရးလုပ္ငန္းေတြ လုပ္ေဆာင္ေနၿပီး အသင္းအတြက္ အျမန္ဆုံးျပန္ကစားႏိုင္ဖို႔ ႀကိဳးစားေနပါတယ္။
ဒါေပမဲ့ သူဟာ ယခုလ ၂၀ရက္ေန႔မွာ ကစားရမယ့္ လီဗာပူးနဲ႔အိမ္ကြင္းပြဲကို လြဲေခ်ာ္ရဖို႔ ရာခုိင္ႏႈန္းမ်ားေနၿပီး ေသာၾကာေန႔က ႀကိဳးနဲ႔ေလ့က်င့္ခန္းျပဳလုပ္ေနပုံကို လူမႈမီဒီယာမွာ ဗီဒီယိုဖုိင္တင္ကာ ေရာက္ခါနီးၿပီလို႔ စာေရးသားခ့ဲေပမယ့္ ညာဘက္ေျခေထာက္ကေတာ့ ပတ္တီးစည္းထားရဆဲျဖစ္ါတယ္။
သူဟာ လာမယ့္ရက္သတၱပတ္အတြင္း ကာရင္တန္ရွိ ယူႏိုက္တက္အသင္းေဆးအဖြဲ႕ထံ သတင္းပို႔ရမွာျဖစ္ၿပီး အဲဒီမွာ သူ ျပန္ကစားႏုိင္မယ့္ရက္ကို ယူႏုိက္တက္ေဆးအဖြဲ႕က ထုတ္ျပန္ေၾကညာမွာျဖစ္ပါတယ္။
ဒါေပမဲ့ ယူႏိုက္တက္အသင္းေဆးအဖြဲ႕ကေတာ့ ေပါ့ဂ္ဘာအေနနဲ႔ ယခုလကုန္အထိ အနားယူရႏုိင္တယ္လုိ႔ စိုးရိမ္ေနၿပီး အဲဒီပဲြေတြက ယူႏိုက္တက္နည္းျပဆုိးလ္ရွားအတြက္ အေရးပါလာႏိုင္ပါတယ္။
ယူႏုိက္တက္ဟာ အမွတ္ေပးဇယားထိပ္ဆုံးက လီဗာပူးကို ဧည့္ခံကစားၿပီးရင္ ေနာ၀စ္ခ်္နဲ႔လိဂ္အေ၀းကြင္းပြဲမတိုင္ခင္ ၾကာသပေတးေန႔မွာ ယူ႐ိုပါလိဂ္ပြဲစဥ္အျဖစ္ ပါတီဇန္နဲ႔ကစားရမွာျဖစ္ၿပီး စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ကာရာေဘာင္ဖလားပြဲစဥ္အျဖစ္ ခ်ဲလ္ဆီးနဲ႔ကစားရမွာျဖစ္ပါတယ္။