
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
လီဗာပူးနဲ့ပွဲမတိုင်ခင် အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပရိသတ်တွေရဲ့ ဖြစ်ရပ်ကြောင့် မန်ယူအသင်းအနေနဲ့ အက်အေနဲ့ ပရိးမီးယားလိဂ်အဖွဲ့အစည်းတွေဆီကနေ
စုံစမ်းစစ်ဆေးမှုတွေ ခံ၇နိုင်ပြီး အပြစ်ရှိခဲ့မယ်ဆိုရင် အက်ဖ်အေရဲ့ စည်းမျဉ်း ၈.၃.၄အရ လီဗာပူးကို အနိုင်ပေးပြီး ၃မှတ် ရရှိသွားစေဖို့ ရှိနေပါတယ်။
မနေ့ညက မန်ယူပရိသတ် ရာနဲ့ချီပြီး အိုးလ်ထရက်ဖို့ဒ်ကွင်းထဲကို ဝင်ရောက်ခဲ့ကြသလို ကစာသမားအဝတ်လဲခန်းတွေအထိ ဝင်ရောက်ခဲ့ကြတာကြောင့် စိုးရိမ်စရာတွေ ဖြစ်ခဲ့တာပါ။
ဒီပွဲကို အချိန်နောက်ဆုတ်ပြီးမှ ကစားဖို့ ပြင်ဆင်ခဲ့ပေမယ့် အိုလ်ထရက်ဖို့ဒ်ကွင်းအရှေ့မှာ ပရိသတ်တွေနဲ့ မန်ချက်စတာအခြေစိုက် ရဲတပ်ဖွဲ့ဝင်တွေအကြား ထိပ်တိုက်တွေ့တာတွေ ဖြစ်ခဲ့သလို
ရဲတပ်ဖွဲ့ဝင် ၂ယောက်ရဲ့ မျက်နှာမှာ ထိခိုက်ဒဏ်ရာတွေ ရခဲ့တဲ့ ဖြစ်ရပ်ပေါ်ပေါက်ခဲ့သလို မန်ယူကစားသမားတွေရှိတဲ့ Lowry ဟိုတယ်ရှေ့မှာလည်း ပိတ်ဆို့မှုတွေ လုပ်ထားတာကြောင့် လုံခြုံရေးအခြေအနေအရ ပွဲကိုမကစားတော့ဖို့ ဆုံးဖြတ်လိုက်တာပါ။
ဒါ့အပြင် အစိုးရကထုတ်ပြန်ထားတဲ့ ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ခဲ့တဲ့အတွက်လည်း မန်ယူအသင်းအနေနဲ့ ပြစ်ဒဏ်ကျခံရနိုင်ခြေလည်း ရှိနေပါတယ်။
အက်ဖ်အေရဲ့ စည်းမျဉ်းအရ ပွဲစဉ်တစ်ပွဲရွှေ့ဆိုင်းဖို့အတွက် အသင်းတစ်သင်းသင်းက ရွှေ့ဆိုင်းလို့မရတဲ့ အခြားပြိုင်ပွဲတစ်ခုကစားဖို့ ရှိနေတာမျိုး၊ လုံခြုံရေး အခြေအနေ တစ်ခုခုကြောင့် ရဲတပ်ဖွဲ့က ရွှေ့ဆိုင်းခိုင်းခဲ့တာမျိုး၊
တခြား အာဏာပိုင်အဖွ့အစည်းတွေက အကြောင်းကြောင်းကြောင့် ရွှေ့ဆိုင်းခိုင်းတာမျိုး၊ သဘာဝဘေးအန္တရာယ်ကြောင့် ရွှေ့ဆိုင်းရတာမျိုးနဲ့ နှစ်သင်းစလုံးက ပွဲမကစားခင် ကြိုတင်သဘောတူညီမှုနဲ့ ရွှေ့ဆိုင်းတာမျိုးတွေကို ခွင့်ပြုထားပါတယ်။
ဒါပေမယ့် အခုလိုမျိုး လုံခြုံရေး အခြေအနေအရ နှစ်ဖက်အသင်းရဲ့ သဘောတူညီမှုနဲ့ ပွဲရွှေ့ဆိုင်းခဲ့ရင်လည်း သက်ဆိုင်ရာ အသင်းအနေနဲ့ အရေးယူခံရမယ့် အခြေအနေရှိနေပါသေးတယ်။
မန်ယူပရိသတ်တွေဟာ အသင်းပိုင်ရှင် ဂလေဇာမိသားစုကို ဆန့်ကျင်တဲ့ ကြွေးကြော်သံတွေ အော်ဟစ်ခဲ့ကြပြီး အသင်းကို ပြန်လည်ရောင်းချဖို့နဲ့ ထွက်သွားဖို့ တောင်းဆိုခဲ့ကြတာပါ။
ကွင်းထဲကို လူ၂၀၀ နီးပါးသာ ဝင်ရောက်သွားခဲ့ကြပေမယ့် အိုးလ်ထရက်ဖို့ဒ်ကွင်းအရှေ့မှာ ထောင်နဲ့ချီနဲ့ လူအုပ်ကြီးရှိနေပြီး ကစားသမားတွေရဲ့ လုံခြုံရေး အခြေအနေအရ ပွဲကိုမကစားတော့ဘဲ ဖျက်သိမ်းလိုက်ဖို့ စီစဉ်လို့ရတာလည်း ဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
လီဗာပူးနဲ႔ပြဲကျဖစ္ရပ္ေၾကာင့္ မန္ယူအသင္းအေနနဲ႔ အမွတ္ေလ်ာ့ျပစ္ဒဏ္အျပင္ ေနာက္ဆက္တြဲ အေရးယူခံရႏိုင္
လီဗာပူးနဲ႔ပြဲမတိုင္ခင္ အိုးလ္ထရက္ဖို႔ဒ္ကြင္းမွာ ျဖစ္ပြားခဲ့တဲ့ ပရိသတ္ေတြရဲ႕ ျဖစ္ရပ္ေၾကာင့္ မန္ယူအသင္းအေနနဲ႔ အက္ေအနဲ႔ ပရိးမီးယားလိဂ္အဖြဲ႕အစည္းေတြဆီကေန စုံစမ္းစစ္ေဆးမႈေတြ ခံ၇ႏိုင္ၿပီး အျပစ္ရွိခဲ့မယ္ဆိုရင္ အက္ဖ္ေအရဲ႕ စည္းမ်ဥ္း ၈.၃.၄အရ လီဗာပူးကို အႏိုင္ေပးၿပီး ၃မွတ္ ရရွိသြားေစဖို႔ ရွိေနပါတယ္။ မေန႔ညက မန္ယူပရိသတ္ ရာနဲ႔ခ်ီၿပီး အိုးလ္ထရက္ဖို႔ဒ္ကြင္းထဲကို ဝင္ေရာက္ခဲ့ၾကသလို ကစာသမားအဝတ္လဲခန္းေတြအထိ ဝင္ေရာက္ခဲ့ၾကတာေၾကာင့္ စိုးရိမ္စရာေတြ ျဖစ္ခဲ့တာပါ။
ဒီပြဲကို အခ်ိန္ေနာက္ဆုတ္ၿပီးမွ ကစားဖို႔ ျပင္ဆင္ခဲ့ေပမယ့္ အိုလ္ထရက္ဖို႔ဒ္ကြင္းအေရွ႕မွာ ပရိသတ္ေတြနဲ႔ မန္ခ်က္စတာအေျခစိုက္ ရဲတပ္ဖြဲ႕ဝင္ေတြအၾကား ထိပ္တိုက္ေတြ႕တာေတြ ျဖစ္ခဲ့သလို ရဲတပ္ဖြဲ႕ဝင္ ၂ေယာက္ရဲ႕ မ်က္ႏွာမွာ ထိခိုက္ဒဏ္ရာေတြ ရခဲ့တဲ့ ျဖစ္ရပ္ေပၚေပါက္ခဲ့သလို မန္ယူကစားသမားေတြရွိတဲ့ Lowry ဟိုတယ္ေရွ႕မွာလည္း ပိတ္ဆို႔မႈေတြ လုပ္ထားတာေၾကာင့္ လုံၿခဳံေရးအေျခအေနအရ ပြဲကိုမကစားေတာ့ဖို႔ ဆုံးျဖတ္လိုက္တာပါ။
ဒါ့အျပင္ အစိုးရကထုတ္ျပန္ထားတဲ့ ကိုဗစ္စည္းမ်ဥ္းစည္းကမ္းေတြကို ခ်ိဳးေဖာက္ခဲ့တဲ့အတြက္လည္း မန္ယူအသင္းအေနနဲ႔ ျပစ္ဒဏ္က်ခံရႏိုင္ေျခလည္း ရွိေနပါတယ္။
အက္ဖ္ေအရဲ႕ စည္းမ်ဥ္းအရ ပြဲစဥ္တစ္ပြဲေ႐ႊ႕ဆိုင္းဖို႔အတြက္ အသင္းတစ္သင္းသင္းက ေ႐ႊ႕ဆိုင္းလို႔မရတဲ့ အျခားၿပိဳင္ပြဲတစ္ခုကစားဖို႔ ရွိေနတာမ်ိဳး၊ လုံၿခဳံေရး အေျခအေန တစ္ခုခုေၾကာင့္ ရဲတပ္ဖြဲ႕က ေ႐ႊ႕ဆိုင္းခိုင္းခဲ့တာမ်ိဳး၊ တျခား အာဏာပိုင္အဖြ႕အစည္းေတြက အေၾကာင္းေၾကာင္းေၾကာင့္ ေ႐ႊ႕ဆိုင္းခိုင္းတာမ်ိဳး၊ သဘာဝေဘးအႏၲရာယ္ေၾကာင့္ ေ႐ႊ႕ဆိုင္းရတာမ်ိဳးနဲ႔ ႏွစ္သင္းစလုံးက ပြဲမကစားခင္ ႀကိဳတင္သေဘာတူညီမႈနဲ႔ ေ႐ႊ႕ဆိုင္းတာမ်ိဳးေတြကို ခြင့္ျပဳထားပါတယ္။ ဒါေပမယ့္ အခုလိုမ်ိဳး လုံၿခဳံေရး အေျခအေနအရ ႏွစ္ဖက္အသင္းရဲ႕ သေဘာတူညီမႈနဲ႔ ပြဲေ႐ႊ႕ဆိုင္းခဲ့ရင္လည္း သက္ဆဆိုင္ရာ အသင္းအေနနဲ႔ အေရးယူခံရမယ့္ အေျခအေနရွိေနပါေသးတယ္။
မန္ယူပရိသတ္ေတြဟာ အသင္းပိုင္ရွင္ ဂေလဇာမိသားစုကို ဆန႔္က်င္တဲ့ ေႂကြးေၾကာ္သံေတြ ေအာ္ဟစ္ခဲ့ၾကၿပီး အသင္းကို ျပန္လည္ေရာင္းခ်ဖို႔နဲ႔ ထြက္သြားဖို႔ ေတာင္းဆိုခဲ့ၾကတာပါ။ ကြင္းထဲကို လူ၂၀၀နီးပါးသာ ဝင္ေရာက္သြားခဲ့ၾကေပမယ့္ အိုးလ္ထရက္ဖို႔ဒ္ကြင္းအေရွ႕မွာ ေထာင္နဲ႔ခ်ီနဲ႔ လူအုပ္ႀကီးရွိေနၿပီး ကစားသမားေတြရဲ႕ လုံၿခဳံေရး အေျခအေနအရ ပြဲကိုမကစားေတာ့ဘဲ ဖ်က္သိမ္းလိုက္ဖို႔ စီစဥ္လို႔ရတာလည္း ျဖစ္ပါတယ္။