လီဗာပူးနဲ့စီးတီး ထိပ်တိုက်တွေ့ဆုံနေတာကို အပြည့်အဝအခွင့်ကောင်းယူနိုင်ခဲ့တဲ့ လက်စတာ

Photo Credit

Photo Credit

ဒီရာသီပရီးမီးယားလိဂ်မှာ ကြီး ၆ကြီးကို စိန်ခေါ်နိုင်မယ့်အသင်းအဖြစ် သတ်မှတ်ခံထားရတဲ့ လက်စတာဟာ ကြီး ၆ကြီးစာရင်းဝင် အာဆင်နယ်ကို တစ်ပွဲလုံးနီးပါးအသာစီးကကစားကာ ဒုတိယပိုင်းသွင်းဂိုးတွေနဲ့အတူ ဂိုးပြတ်အနိုင်ယူပြီး ထပ်ဆင့်ချန်ပီယံစီးတီးကို တစ်ပွဲပိုနဲ့ကျော်ဖြတ်ကာ အဆင့် ၂နေရာအထိ တက်လှမ်းနိုင်ခဲ့ပါတယ်။

Photo Credit

လက်စတာအသင်းဟာ အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးနဲ့ စီးတီးတို့ ထိပ်တိုက်တွေ့ဆုံနေတာကို အကောင်းဆုံးအခွင့်ကောင်းယူနိုင်ခဲ့တာဖြစ်ပြီး လီဗာပူးနဲ့ ၅ မှတ်အကွာအနေအထားကို တက်ရောက်နိုင်ခဲ့ပါတယ်။ အာဆင်နယ်ကတော့ ဒီပွဲမှာရှုံးနိမ့်ခဲ့လို့ တန်းတက်ရှက်ဖီးလ်ယူနိုက်တက်ကို အဆင့် ၅နေရာဖယ်ပေးခဲ့ရသလို တနင်္ဂနွေနေ့မှာ ယူနိုက်တက်ကိုသာ ဘရိုက်တန်အသင်းအနိုင်ရခဲ့ရင် နောက်တစ်ဆင့် ထပ်ဆင်းပေးရဦးမှာဖြစ်ပါတယ်။

Photo Credit

ဒီပွဲမှာ အာဆင်နယ်ရဲ့ကစားပုံက လိုအပ်ချက်တွေရှိခဲ့ပြီး လက်စတာအသင်းရဲ့ဖိအားပေးမှုတွေနဲ့ပဲ ရင်ဆိုင်ခဲ့ရပြီး အပိုင်အခွင့်အရေးတွေလည်း သိပ်မရခဲ့ပါဘူး။

Photo Credit

ဒုတိယပိုင်းပြန်အစလောက်မှာပဲ လက်စတာအသင်းကို အပြန်အလှန်ကစားနိုင်ခဲ့ပြီး လူးဝစ်ဇ်ရဲ့တိကျတဲ့ပေးပို့မှုကနေ အသင်းခေါင်းဆောင် အူဘာမီယန်းတစ်ချက်ထိန်းကာ ကန်သွင်းမလို့လုပ်ခဲ့ပေမယ့် လက်စတာညာနောက်ခံလူ ပါရဲရား အလျင်အမြန်ဖျက်ထုတ်သွားတာလောက်ပဲ ဂိုးရဖို့ နီးစပ်ခဲ့တာပါ။

Photo Credit

လက်စတာအသင်းကတော့ ပထမပိုင်းမှာကတည်းက အာဆင်နယ်ကို ဖိအားပေးကစားနိုင်ခဲ့ပြီး ဒီပွဲရဲ့နောက်ဆုံးဂိုးပေါက်ကန်သွင်းမှု ၈ကြိမ်ကို အိမ်ရှင်အသင်းကပဲ ကန်သွင်းခဲ့တာကို ကြည့်ရင် အာဆင်နယ်အသင်းရဲ့အခြေအနေကို မှန်းဆလို့ရပါတယ်။

Photo Credit

အာဆင်နယ်အသင်းက ပွဲချိန် ၅၃ မိနစ်မှာ ဒီပွဲရဲ့နောက်ဆုံးဂိုးပေါက်ကန်ချက် ရခဲ့တာဖြစ်ပြီး ဘုတ်အဖွဲ့ဝင်တွေ လာကြည့်ခဲ့သလို နည်းပြအမ်မရီထုတ်ပယ်ခံရဖို့လည်း ပိုမိုနီးစပ်လာပါတယ်။

Photo Credit

ပွဲချိန် ၆၈ မိနစ်မှာ တိုင်လီမန်းရဲ့ပေးပို့မှုကနေ ဂိုးဧရိယာဘယ်ဘက်နားမှာ တစ်ယောက်တည်းလွတ်နေတဲ့ ဗာဒီက မနားတမ်းကန်သွင်းယူနိုင်ခဲ့လို့ လက်စတာအသင်း ဦးဆောင်ဂိုးရရှိခဲ့သလို ပွဲချိန် ၇၅ မိနစ်မှာ ဗာဒီ ပြန်ထိုးပေးတာကို မက်ဒီဆင်က ဂိုးဧရိယာထိပ်ကနေ အနိမ့်ဘောကန်သွင်းယူနိုင်ခဲ့လို့ လက်စတာအသင်း အဆုံးသတ်ဂိုးရရှိခဲ့ပါတယ်။

Photo Credit

၂၀၁၂ ခုနှစ်က non-league မှာ ကစားခဲ့တဲ့ ဗာဒီဟာ အခုဆိုရင် ဆွာရက်ဇ်၊ ကန်တိုနာ၊ ရော်နယ်ဒိုနဲ့ တောရက်စ်တို့ထက် ပရီးမီးယားလိဂ်သွင်းဂိုးပိုများနေပြီဖြစ်သလို အာဆင်နယ်ဘက်ကို ၉ဂိုးအထိသွင်းယူထားနိုင်ပြီဖြစ်ပါတယ်။

Photo Credit

နောက်ပြီး အဆုံးသတ်ဂိုးသွင်းယူခဲ့တဲ့ ကွင်းလယ်လူ မက်ဒီဆင်ကလည်း ဒီရာသီပရီးမီးယားလိဂ်မှာ ပင်နယ်တီဧရိယာအပြင်ဘက်ကနေ ဂိုးသွင်းယူမှုအများဆုံးကစားသမားအဖြစ် ၃ဂိုးနဲ့ ရပ်တည်နိုင်ခဲ့ပါတယ်။ မက်ဒီဆင်အတွက် ဂိုးဖန်တီးပေးခဲ့တဲ့ဗာဒီကလည်း ဒီရာသီပရီးမီးယားလိဂ်မှာ သွင်းဂိုးပါဝင်ပတ်သက်မှုအများဆုံးကစားသမားအဖြစ် ၁၃ဂိုးနဲ့ ရပ်တည်နေပြီး ဂိုးသွင်းဘုရင်အဖြစ်လည်း ၁၁ဂိုးနဲ့ရပ်တည်နေပါတယ်။

Photo Credit

အာဆင်နယ်အသင်းဟာ နည်းပြအမ်မရီလက်ထက် ပရီးမီးယားလိဂ်ပွဲ ၅၀ မှာ ၂၅ပွဲနိုင်၊ ၁၂ပွဲသရေ၊ ၁၃ပွဲရှုံးနဲ့ ၈၇ မှတ်သာရရှိခဲ့ရာ နည်းပြဟောင်း အာစင်ဝင်းဂါးလက်ထက် နောက်ဆုံးလိဂ်ပွဲ ၅၀(၂၇ပွဲနိုင်၊ ၇ပွဲသရေ၊ ၁၆ပွဲရှုံး)က ရရှိခဲ့တဲ့အမှတ်အရေအတွက်ထက် ၁မှတ်ပိုနည်းနေပါတယ်။

Photo Credit

Zawgyi

လီဗာပူးနဲ႔စီးတီး ထိပ္တုိက္ေတြ႕ဆုံေနတာကို အျပည့္အ၀အခြင့္ေကာင္းယူႏိုင္ခဲ့တ့ဲ လက္စတာ

ဒီရာသီပရီးမီးယားလိဂ္မွာ ႀကီး ၆ႀကီးကို စိန္ေခၚႏုိင္မယ့္အသင္းအျဖစ္ သတ္မွတ္ခံထားရတဲ့ လက္စတာဟာ ႀကီး ၆ႀကီးစာရင္း၀င္ အာဆင္နယ္ကို တစ္ပဲြလုံးနီးပါးအသာစီးကကစားကာ ဒုတိယပိုင္းသြင္းဂိုးေတြနဲ႔အတူ ဂိုးျပတ္အႏုိင္ယူၿပီး ထပ္ဆင့္ခ်န္ပီယံစီးတီးကို တစ္ပြဲပိုနဲ႔ေက်ာ္ျဖတ္ကာ အဆင့္ ၂ေနရာအထိ တက္လွမ္းႏိုင္ခဲ့ပါတယ္။
လက္စတာအသင္းဟာ အမွတ္ေပးဇယားထိပ္ဆုံးက လီဗာပူးနဲ႔ စီးတီးတုိ႔ ထိပ္တုိက္ေတြ႕ဆုံေနတာကို အေကာင္းဆုံးအခြင့္ေကာင္းယူႏိုင္ခဲ့တာျဖစ္ၿပီး လီဗာပူးနဲ႔ ၅ မွတ္အကြာအေနအထားကို တက္ေရာက္ႏိုင္ခဲ့ပါတယ္။ အာဆင္နယ္ကေတာ့ ဒီပဲြမွာ႐ံႈးနိမ့္ခဲ့လုိ႔ တန္းတက္ရွက္ဖီးလ္ယူႏိုက္တက္ကို အဆင့္ ၅ေနရာဖယ္ေပးခဲ့ရသလို တနဂၤေႏြေန႔မွာ ယူႏုိက္တက္ကိုသာ ဘ႐ိုက္တန္အသင္းအႏုိင္ရခဲ့ရင္ ေနာက္တစ္ဆင့္ ထပ္ဆင္းေပးရဦးမွာျဖစ္ပါတယ္။
ဒီပြဲမွာ အာဆင္နယ္ရဲ႕ကစားပုံက လုိအပ္ခ်က္ေတြရွိခဲ့ၿပီး လက္စတာအသင္းရဲ႕ဖိအားေပးမႈေတြနဲ႔ပဲ ရင္ဆုိင္ခဲ့ရၿပီး အပိုင္အခြင့္အေရးေတြလည္း သိပ္မရခဲ့ပါဘူး။
ဒုတိယပုိင္းျပန္အစေလာက္မွာပဲ လက္စတာအသင္းကို အျပန္အလွန္ကစားႏိုင္ခဲ့ၿပီး လူး၀စ္ဇ္ရဲ႕တိက်တဲ့ေပးပို႔မႈကေန အသင္းေခါင္းေဆာင္ အူဘာမီယန္းတစ္ခ်က္ထိန္းကာ ကန္သြင္းမလို႔လုပ္ခဲ့ေပမယ့္ လက္စတာညာေနာက္ခံလူ ပါရဲရား အလ်င္အျမန္ဖ်က္ထုတ္သြားတာေလာက္ပဲ ဂိုးရဖုိ႔ နီးစပ္ခဲ့တာပါ။
လက္စတာအသင္းကေတာ့ ပထမပိုင္းမွာကတည္းက အာဆင္နယ္ကို ဖိအားေပးကစားႏိုင္ခဲ့ၿပီး ဒီပြဲရဲ႕ေနာက္ဆုံးဂိုးေပါက္ကန္သြင္းမႈ ၈ႀကိမ္ကို အိမ္ရွင္အသင္းကပဲ ကန္သြင္းခဲ့တာကို ၾကည့္ရင္ အာဆင္နယ္အသင္းရဲ႕အေျခအေနကို မွန္းဆလုိ႔ရပါတယ္။
အာဆင္နယ္အသင္းက ပဲြခ်ိန္ ၅၃ မိနစ္မွာ ဒီပြဲရဲ႕ေနာက္ဆုံးဂိုးေပါက္ကန္ခ်က္ ရခ့ဲတာျဖစ္ၿပီး ဘုတ္အဖဲြ႕၀င္ေတြ လာၾကည့္ခ့ဲသလို နည္းျပအမ္မရီထုတ္ပယ္ခံရဖုိ႔လည္း ပိုမိုနီးစပ္လာပါတယ္။
ပြဲခ်ိန္ ၆၈ မိနစ္မွာ တုိင္လီမန္းရဲ႕ေပးပုိ႔မႈကေန ဂိုးဧရိယာဘယ္ဘက္နားမွာ တစ္ေယာက္တည္းလြတ္ေနတဲ့ ဗာဒီက မနားတမ္းကန္သြင္းယူႏုိင္ခဲ့လုိ႔ လက္စတာအသင္း ဦးေဆာင္ဂိုးရရွိခဲ့သလို ပြဲခ်ိန္ ၇၅ မိနစ္မွာ ဗာဒီ ျပန္ထိုးေပးတာကို မက္ဒီဆင္က ဂိုးဧရိယာထိပ္ကေန အနိမ့္ေဘာကန္သြင္းယူႏိုင္ခဲ့လုိ႔ လက္စတာအသင္း အဆုံးသတ္ဂိုးရရွိခဲ့ပါတယ္။
၂၀၁၂ ခုႏွစ္က non-league မွာ ကစားခဲ့တ့ဲ ဗာဒီဟာ အခုဆုိရင္ ဆြာရက္ဇ္၊ ကန္တုိနာ၊ ေရာ္နယ္ဒိုနဲ႔ ေတာရက္စ္တုိ႔ထက္ ပရီးမီးယားလိဂ္သြင္းဂိုးပိုမ်ားေနၿပီျဖစ္သလုိ အာဆင္နယ္ဘက္ကို ၉ဂိုးအထိသြင္းယူထားႏိုင္ၿပီျဖစ္ပါတယ္။
ေနာက္ၿပီး အဆုံးသတ္ဂိုးသြင္းယူခဲ့တ့ဲ ကြင္းလယ္လူ မက္ဒီဆင္ကလည္း ဒီရာသီပရီးမီးယားလိဂ္မွာ ပင္နယ္တီဧရိယာအျပင္ဘက္ကေန ဂိုးသြင္းယူမႈအမ်ားဆုံးကစားသမားအျဖစ္ ၃ဂုိးနဲ႔ ရပ္တည္ႏိုင္ခဲ့ပါတယ္။ မက္ဒီဆင္အတြက္ ဂိုးဖန္တီးေပးခဲ့တဲ့ဗာဒီကလည္း ဒီရာသီပရီးမီးယားလိဂ္မွာ သြင္းဂိုးပါ၀င္ပတ္သက္မႈအမ်ားဆုံးကစားသမားအျဖစ္ ၁၃ဂိုးနဲ႔ ရပ္တည္ေနၿပီး ဂိုးသြင္းဘုရင္အျဖစ္လည္း ၁၁ဂိုးနဲ႔ရပ္တည္ေနပါတယ္။
အာဆင္နယ္အသင္းဟာ နည္းျပအမ္မရီလက္ထက္ ပရီးမီးယားလိဂ္ပဲြ ၅၀ မွာ ၂၅ပြဲႏိုင္၊ ၁၂ပဲြသေရ၊ ၁၃ပြဲ႐ံႈးနဲ႔ ၈၇ မွတ္သာရရွိခဲ့ရာ နည္းျပေဟာင္း အာစင္၀င္းဂါးလက္ထက္ ေနာက္ဆုံးလိဂ္ပြဲ ၅၀(၂၇ပြဲႏိုင္၊ ၇ပဲြသေရ၊ ၁၆ပြဲ႐ႈံး)က ရရွိခဲ့တဲ့အမွတ္အေရအတြက္ထက္ ၁မွတ္ပိုနည္းေနပါတယ္။