
photo-tribuna
၀က်ဖို့ဒ်အသင်းခေါင်းဆောင်ဒီနေးက လီဗာပူးရဲ့ရှုံးပွဲမရှိမှုကို အဆုံးသတ်ရာမှာ ပြိုင်ဘက်နောက်ခံလူလိုဗရန်ကို သူ့ရဲ့တမင်ရည်ရွယ်ပစ်မှတ်ထားခဲ့မှုက အဓိကကျခဲ့ကြောင်း ဖွင့်ဟပြောကြားလိုက်ပါတယ်။ တိုက်စစ်မှုးဒီနေးဟာ အဲဒီပွဲမှာ ၁ ဂိုးသွင်းယူနိုင်ခဲ့ပြီး နိုင်ပွဲကြောင့်လည်း ဝက်ဖို့ဒ်ဟာ တန်းဆင်းဇုန်ထဲကနေ ရုန်းထွက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဝက်ဖို့ဒ်ဟာ ဒီရာသီပရီးမီးယားလိဂ်မှာ လီဗာပူးဂိုးမသွင်းနိုင်အောင် တားဆီးနိုင်ခဲ့တဲ့ပထမဆုံးအသင်းဖြစ်လာပေမယ့် လီဗာပူးကတော့ မမျှော်လင့်ထားတဲ့ ဂိုးပြတ်ရှုံးပွဲကြောင့် သူတို့ရဲ့ပရီးမီးယားလိဂ် ၄၄ ပွဲဆက်ရှုံးပွဲမရှိမှုစံချိန်မှတ်တမ်း ကျိုးပျက်သွားခဲ့ရပါတာယ်။
photo-gettyimages
အဲဒီပွဲအပြီးအင်တာဗျူးမှာ နည်းဗျူဟာအကြောင်းပြောတော့ ဒီနေးက”ဗန်ဒစ်ဂျ်ဟာ အဆင့်အတန်းမြင့်တဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး ကမ္ဘာပေါ်က အကောင်းဆုံးနောက်ခံလူ ၅ ဦးစာရင်းထဲမှာလည်း ပါဝင်ပါတယ်။ သူ့ဆီကနေ တစ်ခုခုယူနိုင်ဖို့ဆိုတာ ခက်ခဲပါတယ်။ သူက ၆ ပေ ၆ လက်မမြင့်ပြီး မြန်လည်းမြန်၊ သန်လည်း သန်မာတာပါ။ ဒီတော့ နှစ်ယောက်ထဲက ပိုအားနည်းတဲ့တစ်ယောက်ကို ရွေးချယ်ရတာပါ။ လိုဗရန်ကို မလေးစားတာ မဟုတ်ပါဘူး။ လက်ပစ်ဘောကနေ သူ ကျွန်တေ်ာ့ကို တိုက်ခိုက်ဖို့ ကြိုးစားခဲ့ပါတယ်။ ဘောလုံးတောင် မကြည့်ဘဲနဲ့ ကျွန်တော့်ကို တိုက်ခိုက်ဖို့လုပ်ခဲ့တာပါ။ အဲဒီကနေ ကျွန်တော်တို့ဂိုးသွင်းနိုင်ခဲ့တာကြောင့် အဲဒါက ပြီးပြည့်စုံစွာနဲ့ပဲ အလုပ်ဖြစ်သွားခဲ့တာပါ”လို့ ပြောသွားခဲ့တာပါ။
photo-gettyimages
ဒါ့အပြင် ဒီနေးက ဂိုးမရှိသရေဖြစ်နေခဲ့တဲ့ ပထမပိုင်းအပြီးမှာကတည်းက လီဗာပူးရဲ့ရှုံးပွဲမရှိမှုကို သူတို့အဆုံးသတ်နိုင်တယ်ဆိုတာ ယုံကြည်မှုရှိနေတာလို့လည်း ပြောကြားခဲ့ပါတယ်။ အဲဒီပွဲမှာ လီဗာပူးဟာ ဖိကစားနိုင်တာကလွဲပြီး ပင်နယ်တီဧရိယာအတွင်း ဂိုးကန်သွင်းမှု ၂ ကြိမ်သာရှိခဲ့တာပါ။
[Zawgyi]
လီဗာပူးေနာက္ခံလူလိုဗရန္ကို တမင္ရည္ရြယ္ပစ္မွတ္ထားခဲ့ေၾကာင္း ၀က္ဖုိ႔ဒ္တိုက္စစ္မႈးဒီေနးဖြင့္ဟ
၀က္ဖို႔ဒ္အသင္းေခါငး္ေဆာင္ဒီေနးက လီဗာပူးရဲ႕ရႈံးပြဲမရွိမႈကို အဆုံးသတ္ရာမွာ ၿပိဳင္ဘက္ေနာက္ခံလူလိုဗရန္ကို သူ႔ရဲ႕တမင္ရည္ရြယ္ပစ္မွတ္ထားခဲ့မႈက အဓိကက်ခဲ့ေၾကာင္း ဖြင့္ဟေျပာၾကားလုိက္ပါတယ္။ တုိက္စစ္မႈးဒီေနးဟာ အဲဒီပြဲမွာ ၁ ဂိုးသြင္းယူႏိုင္ခဲ့ၿပီး ႏိုင္ပြဲေၾကာင့္လည္း ၀က္ဖို႔ဒ္ဟာ တန္းဆင္းဇုန္ထဲကေန ရုန္းထြက္ႏိုင္ခဲ့ပါတယ္။ ဒါ့အျပင္ ၀က္ဖုိ႔ဒ္ဟာ ဒီရာသီပရီးမီးယားလိဂ္မွာ လီဗာပူးဂိုးမသြင္းႏိုင္ေအာင္ တားဆီးႏိုင္ခဲ့တဲ့ပထမဆုံးအသင္းျဖစ္လာေပမယ့္ လီဗာပူးကေတာ့ မေမွ်ာ္လင့္ထားတဲ့ ဂိုးျပတ္ရႈံးပြဲေၾကာင့္ သူတုိ႔ရဲ႕ပရီးမီးယားလိဂ္ ၄၄ ပြဲဆက္ရႈံးပြဲမရွိမႈစံခ်ိန္မွတ္တမ္း က်ိဳးပ်က္သြားခဲ့ရပါတာယ္။
အဲဒီပြဲအၿပီးအင္တာဗ်ဴးမွာ နည္းဗ်ဴဟာအေၾကာင္းေျပာေတာ့ ဒီေနးက”ဗန္ဒစ္ဂ်္ဟာ အဆင့္အတန္းျမင့္တဲ့ ကစားသမားတစ္ေယာက္ျဖစ္ၿပီး ကမာၻေပၚက အေကာင္းဆုံးေနာက္ခံလူ ၅ ဦးစာရင္းထဲမွာလည္း ပါ၀င္ပါတယ္။ သူ႔ဆီကေန တစ္ခုခုယူႏိုင္ဖုိ႔ဆိုတာ ခက္ခဲပါတယ္။ သူက ၆ ေပ ၆ လက္မျမင့္ၿပီး ျမန္လည္းျမန္၊ သန္လည္း သန္မာတာပါ။ ဒီေတာ့ ႏွစ္ေယာက္ထဲက ပိုအားနည္းတဲ့တစ္ေယာက္ကို ေရြးခ်ယ္ရတာပါ။ လိုဗရန္ကို မေလးစားတာ မဟုတ္ပါဘူး။ လက္ပစ္ေဘာကေန သူ ကၽြန္ေတ္ာ့ကို တိုက္ခိုက္ဖို႔ ႀကိဳးစားခဲ့ပါတယ္။ ေဘာလုံးေတာင္ မၾကည့္ဘဲနဲ႔ ကၽြန္္ေတာ့္ကို တိုက္ခိုက္ဖို႔လုပ္ခဲ့တာပါ။ အဲဒီကေန ကၽြန္ေတာ္တို႔ဂိုးသြင္းႏိုင္ခဲ့တာေၾကာင့္ အဲဒါက ၿပီးျပည့္စုံစြာနဲ႔ပဲ အလုပ္ျဖစ္သြားခဲ့တာပါ”လုိ႔ ေျပာသြားခဲ့တာပါ။
ဒါ့အျပင္ ဒီေနးက ဂိုးမရွိသေရျဖစ္ေနခဲ့တဲ့ ပထမပိုင္းအၿပီးမွာကတည္းက လီဗာပူးရဲ႕ရႈံးပြဲမရွိမႈကို သူတုိ႔အဆုံးသတ္ႏိုင္တယ္ဆိုတာ ယုံၾကည္မႈရွိေနတာလို႔လည္း ေျပာၾကားခဲ့ပါတယ္။ အဲဒီပြဲမွာ လီဗာပူးဟာ ဖိကစားႏိုင္တာကလြဲၿပီး ပင္နယ္တီဧရိယာအတြင္း ဂိုးကန္သြင္းမႈ ၂ ႀကိမ္သာရွိခဲ့တာပါ။