လီဗာပူးနိုင်ပွဲမှာ မှတ်တမ်းကောင်းရတဲ့ ဆာလာ အသင်းပြောင်းမှာလား?

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အခု ယှဉ်ပြိုင်ကစားခဲ့တဲ့ ဝက်ဖို့ဒ် ၀ – ၅ လီဗာပူးပွဲမှာ ဂိုးသွင်းခဲ့သူများကတော့ မာနေး (၉မိနစ်)၊ ဖာမီနို (၃၇၊ ၅၂၊ ၉၁ မိနစ်)၊ ဆာလာ (၅၄မိနစ်)တို့ ဖြစ်ပါတယ်။

ဆာလာဟာ ၂၀၁၄ခုနှစ်က စတာရစ်ချ်နောက်ပိုင်း လီဗာပူးအတွက် ပြိုင်ပွဲစုံပွဲဆက် အရှည်ကြာဆုံး ဂိုးသွင်းနိုင်တဲ့ ကစားသမား ဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင်ဆာလာဟာ ပရီးမီးယားလိဂ် သမိုင်းမှာ သွင်းဂိုးအများဆုံး အာဖရိကန် ကစားသမား အဖြစ် ဒရော့ဘာနဲ့ အတူ ရပ်တည်နိုင်ခဲ့ကြောင်း သိရပါတယ်။

ဆာလာရဲ့ ပရီးမီးယားလိဂ်သွင်းဂိုးဟာ ၁၀၄ဂိုး အထိ ရှိပြီး ဆာလာဟာ ချယ်လ်ဆီးအသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူး ဒရော့ဘာ(၁၀၄ဂိုး)ကို လိုက်မှီနိုင်ခဲ့ကာ နောက်ထပ် သွင်းဂိုး တစ်ဂိုး ထပ်မံ သွင်းယူနိုင်ပါက ဒရော့ဘာရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်တော့မှာပါ။

ဂယ်ရီ နဗီးလ် ကတော့ ဆာလာ ရဲ့ အနာဂတ်ဟာ အန်ဖီးလ်မှာ ရေရှည် ဆက်ရှိနိုင်ဖို့ မသေချာဘူးလို့ သုံးသပ်ရင်း သိပ်မကြာခင် အနာဂတ် တစ်ခုမှာ ရီးရဲလ် မက်ဒရစ် ၊ ဘာစီလိုနာ ၊ PSG အသင်းတို့ အနက် တစ်သင်းသင်းဆီ ပြောင်းနိုင်ဖွယ်ရှိကြောင်း ပွဲမတိုင်ခင် ပြောထားပါတယ်။

”ဆာလာကသူ့လက်ကျန် ကစားသမား ဘဝ တစ်ခုလုံး လီဗာပူး အသင်းမှာပဲ ကုန်ဆုံးသွားစေလိမ့်မယ်လို့ ကျွန်တော်တော့ မထင်ပါဘူး။

ဒါဟာ ကျွန်တော့် တစ်ဦးတည်းရဲ့ အမြင်ပါ ။ ကျွန်တော် ဒီလိုပဲ တွေးတောနေခဲ့ပေမဲ့ လက်တွေ့မှာ ဒါဟာ မှားလည်း မှားသွားနိုင်ပါတယ် ”

” လက်ရှိ အချိန်မှာ ရီးရဲလ်မက်ဒရစ် ၊ ဘာစီလိုနာ အသင်းတို့ အကောင်းဆုံး ပုံစံ မပိုင်ဆိုင်ကြသေးဘူး ဆိုတာ ကျွန်တော်လည်း သိပါတယ်။

ကျွန်တော် ပြောချင်တာက ဆာလာ ဆိုတာ ကစားသမား ဘဝ တစ်ကွေ့မှာ အဲဒီလို အသင်းမျိုးဆီ သွားကစားနိုင်စွမ်း ရှိသူပဲ ဆိုတာမျိုးပါ။

သူဟာ လီဗာပူး အသင်းမှာ မယုံကြည်နိုင်ဖွယ် အရာတွေကို လုပ်ပြနိုင်ခဲ့ပါတယ်။

ဒါကြောင့် သူဟာ PSG ၊ ရီးရဲလ် မက်ဒရစ် ၊ ဘာစီလိုနာ တို့လို အသင်းတွေဆီ သွားကစားလိမ့်မယ်ဆိုတဲ့ အတွေးမျိုး ကျွန်တော့်ဆီမှာ အမြဲတမ်း ရှိခဲ့ဖူးပါတယ် ”လို့ ဂယ်ရီ နဗီးလ် က ပြောကြားခဲ့ပါတယ် ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လီဗာပူးႏိုင္ပြဲမွာ မွတ္တမ္းေကာင္းရတဲ့ ဆာလာ အသင္းေျပာင္းမွာလား?

အခု ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ဝက္ဖို႔ဒ္ ၀ – ၅ လီဗာပူးပြဲမွာ ဂိုးသြင္းခဲ့သူမ်ားကေတာ့ မာေနး (၉မိနစ္)၊ ဖာမီႏို (၃၇၊ ၅၂၊ ၉၁ မိနစ္)၊ ဆာလာ (၅၄မိနစ္)တို႔ ျဖစ္ပါတယ္။

ဆာလာဟာ ၂၀၁၄ခုႏွစ္က စတာရစ္ခ်္ေနာက္ပိုင္း လီဗာပူးအတြက္ ၿပိဳင္ပြဲစုံပြဲဆက္ အရွည္ၾကာဆုံး ဂိုးသြင္းႏိုင္တဲ့ ကစားသမား ျဖစ္လာခဲ့ပါတယ္။

ဒါ့အျပင္ဆာလာဟာ ပရီးမီးယားလိဂ္ သမိုင္းမွာ သြင္းဂိုးအမ်ားဆုံး အာဖရိကန္ ကစားသမား အျဖစ္ ဒေရာ့ဘာနဲ႔ အတူ ရပ္တည္ႏိုင္ခဲ့ေၾကာင္း သိရပါတယ္။

ဆာလာရဲ႕ ပရီးမီးယားလိဂ္သြင္းဂိုးဟာ ၁၀၄ဂိုး အထိ ရွိၿပီး ဆာလာဟာ ခ်ယ္လ္ဆီးအသင္းရဲ႕ ဂႏၲဝင္ တိုက္စစ္မႉး ဒေရာ့ဘာ(၁၀၄ဂိုး)ကို လိုက္မွီႏိုင္ခဲ့ကာ ေနာက္ထပ္ သြင္းဂိုး တစ္ဂိုး ထပ္မံ သြင္းယူႏိုင္ပါက ဒေရာ့ဘာရဲ႕ စံခ်ိန္ကို ေက်ာ္ျဖတ္ႏိုင္ေတာ့မွာပါ။

ဂယ္ရီ နဗီးလ္ ကေတာ့ ဆာလာ ရဲ႕ အနာဂတ္ဟာ အန္ဖီးလ္မွာ ေရရွည္ ဆက္ရွိႏိုင္ဖို႔ မေသခ်ာဘူးလို႔ သုံးသပ္ရင္း သိပ္မၾကာခင္ အနာဂတ္ တစ္ခုမွာ ရီးရဲလ္ မက္ဒရစ္ ၊ ဘာစီလိုနာ ၊ PSG အသင္းတို႔ အနက္ တစ္သင္းသင္းဆီ ေျပာင္းႏိုင္ဖြယ္ရွိေၾကာင္း ပြဲမတိုင္ခင္ ေျပာထားပါတယ္ ။

”ဆာလာကသူ႔လက္က်န္ ကစားသမား ဘဝ တစ္ခုလုံး လီဗာပူး အသင္းမွာပဲ ကုန္ဆုံးသြားေစလိမ့္မယ္လို႔ ကြၽန္ေတာ္ေတာ့ မထင္ပါဘူး ။ ဒါဟာ ကြၽန္ေတာ့္ တစ္ဦးတည္းရဲ႕ အျမင္ပါ ။ ကြၽန္ေတာ္ ဒီလိုပဲ ေတြးေတာေနခဲ့ေပမဲ့ လက္ေတြ႕မွာ ဒါဟာ မွားလည္း မွားသြားႏိုင္ပါတယ္ ”

” လက္ရွိ အခ်ိန္မွာ ရီးရဲလ္မက္ဒရစ္ ၊ ဘာစီလိုနာ အသင္းတို႔ အေကာင္းဆုံး ပုံစံ မပိုင္ဆိုင္ၾကေသးဘူး ဆိုတာ ကြၽန္ေတာ္လည္း သိပါတယ္ ။ ကြၽန္ေတာ္ ေျပာခ်င္တာက ဆာလာ ဆိုတာ ကစားသမား ဘဝ တစ္ေကြ႕မွာ အဲဒီလို အသင္းမ်ိဳးဆီ သြားကစားႏိုင္စြမ္း ရွိသူပဲ ဆိုတာမ်ိဳးပါ။

သူဟာ လီဗာပူး အသင္းမွာ မယုံၾကည္ႏိုင္ဖြယ္ အရာေတြကို လုပ္ျပႏိုင္ခဲ့ပါတယ္ ။ ဒါေၾကာင့္ သူဟာ PSG ၊ ရီးရဲလ္ မက္ဒရစ္ ၊ ဘာစီလိုနာ တို႔လို အသင္းေတြဆီ သြားကစားလိမ့္မယ္ဆိုတဲ့ အေတြးမ်ိဳး ကြၽန္ေတာ့္ဆီမွာ အၿမဲတမ္း ရွိခဲ့ဖူးပါတယ္ ”လို႔ ဂယ္ရီ နဗီးလ္ က ေျပာၾကားခဲ့ပါတယ္ ။