လီဗာပူးနည်းပြအတွက် ဘာနဲ့မှ အစားမထိုးနိုင်တဲ့ ဆုံးရှူံးမှု

လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ကလော့ပ်ရဲ့ မိခင်ဖြစ်သူ အသက် ၈၁နှစ် အရွယ် အဲလိဇဘက် ကလော့ပ်ဟာ ယမန်နေ့ညမှာ ကွယ်လွန်သွားကြောင်း သိရပါတယ်။ ဒါပေမယ့် ကလော့ပ်ဟာ ဂျာမဏီနိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး စည်းမျဉ်းတွေကြောင့် မိခင်ဖြစ်သူရဲ့ ဈာပနအခမ်းအနားကိုတော့ တက်ရောက်နိုင်မှာ မဟုတ်ကြောင်း သိရပါတယ်။

ဂျာမနီနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် မျိုးရိုးဗီဇသစ်တွေကြောင့် ဗြိတိန်အပါအဝင် နိုင်ငံအများအပြားရဲ့ခရီးသွားလာခွင့်ကို ပိတ်ပင်ထားတာဖြစ်ပါတယ်။လီဗာပူးအသင်းကသူတို့နည်းပြကို အားပေးတဲ့ အနေနဲ့ “You’ll never walk alone, Jurgen” ဆိုပြီး သူတို့ရဲ့တွစ်တာမှာ ရေးသားထားပါတယ်။

ကလော့ပ်ဟာ မိခင်ဖြစ်သူရဲ့ အသက်(၈၀)နှစ်ပြည့်မွေးနေ့ပွဲကို နောက်ဆုံး ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ အသက်(၅၃)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကလော့ပ်မှာမွေးချင်း(၃)ဦးရှိပြီး ၎မှာ အငယ်ဆုံးသားတစ်ဦး ဖြစ်ကြောင်း သိရပါတယ်။

ကလော့ပ်က မိခင်ဖြစ်သူနဲ့ ပတ်သက်ပြီး “သူမက ကျွန်တော့်အတွက်တော့ အရာအားလုံးပါပဲ။ ဈာပနအခမ်းအနားကိုတော့ ကိုရိုနာဖြစ်နေတဲ့ကပ်ကာလကြောင့် မသွားရောက်နိုင်ပါဘူး။ ဒါပေမယ့် သွားလာခွင့်ပြန်လည်ရပြီဆိုရင် ကျွန်တော့်အနေနဲ့ အမေ့အတွက်သင့်လျော်တဲ့ အထိမ်းအမှတ်ပွဲကို ကျင်းပသွားပါမယ်”လို့ပြော ဆိုခဲ့ပါတယ်။

ယူနိုက်တက်၊ အာဆင်နယ်၊ စပါး၊ အက်သလက်တီကို၊ ဘာစီလိုနာအပါအဝင် ပရီးမီးယားလိဂ် နဲ့ အခြားအသင်းအများအပြားကလည်း နည်းပြကလောပ့်ကို အားပေးတဲ့ မက်ဆေ့တွေပေးပို့ခဲ့ကြပါတယ်။ လီဗာပူးအသင်းကတော့ ဒီတစ်ပတ်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လက်စတာ အသင်းနဲ့ ကစားရမှာဖြစ်ပြီး ကြားရက်မှာတော့ ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ပထမအကျော့ ပွဲစဉ်အဖြစ် လိုက်ပ်ဇစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Zawgyi

လီဗာပူးနည္းျပအတြက္ ဘာနဲ႔မွ အစားမထိုးႏိုင္တဲ့ ဆုံးရႉံးမႈ

လီဗာပူးအသင္းရဲ႕ နည္းျပျဖစ္သူ ကေလာ့ပ္ရဲ႕ မိခင္ျဖစ္သူ အသက္ ၈၁ႏွစ္ အ႐ြယ္ အဲလိဇဘက္ ကေလာ့ပ္ဟာ ယမန္ေန႔ညမွာ ကြယ္လြန္သြားေၾကာင္း သိရပါတယ္။ ဒါေပမယ့္ ကေလာ့ပ္ဟာ ဂ်ာမဏီႏိုင္ငံရဲ႕ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေရး စည္းမ်ဥ္းေတြေၾကာင့္ မိခင္ျဖစ္သူရဲ႕ ဈာပနအခမ္းအနားကိုေတာ့ တက္ေရာက္ႏိုင္မွာ မဟုတ္ေၾကာင္း သိရပါတယ္။

ဂ်ာမနီႏိုင္ငံဟာ ကို႐ိုနာဗိုင္းရပ္စ္ မ်ိဳး႐ိုးဗီဇသစ္ေတြေၾကာင့္ ၿဗိတိန္အပါအဝင္ ႏိုင္ငံအမ်ားအျပားရဲ႕ခရီးသြားလာခြင့္ကို ပိတ္ပင္ထားတာျဖစ္ပါတယ္။လီဗာပူးအသင္းကသူတို႔နည္းျပကို အားေပးတဲ့ အေနနဲ႔ “You’ll never walk alone, Jurgen” ဆိုၿပီး သူတို႔ရဲ႕တြစ္တာမွာ ေရးသားထားပါတယ္။

ကေလာ့ပ္ဟာ မိခင္ျဖစ္သူရဲ႕ အသက္(၈၀)ႏွစ္ျပည့္ေမြးေန႔ပြဲကို ေနာက္ဆုံး ေရာက္ရွိခဲ့တာ ျဖစ္ပါတယ္။ အသက္(၅၃)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ကေလာ့ပ္မွာေမြးခ်င္း(၃)ဦးရွိၿပီး ၎မွာ အငယ္ဆုံးသားတစ္ဦး ျဖစ္ေၾကာင္း သိရပါတယ္။

ကေလာ့ပ္က မိခင္ျဖစ္သူနဲ႔ ပတ္သက္ၿပီး “သူမက ကြၽန္ေတာ့္အတြက္ေတာ့ အရာအားလုံးပါပဲ။ဈာပနအခမ္းအနားကိုေတာ့ ကို႐ိုနာျဖစ္ေနတဲ့ကပ္ကာလေၾကာင့္ မသြားေရာက္ႏိုင္ပါဘူး။ဒါေပမယ့္ သြားလာခြင့္ျပန္လည္ရၿပီဆိုရင္ ကြၽန္ေတာ့္အေနနဲ႔ အေမ့အတြက္သင့္ေလ်ာ္တဲ့ အထိမ္းအမွတ္ပြဲကို က်င္းပသြားပါမယ္”လို႔ေျပာ ဆိုခဲ့ပါတယ္။

ယူႏိုက္တက္၊အာဆင္နယ္၊စပါး၊အက္သလက္တီကို၊ ဘာစီလိုနာအပါအဝင္ ပရီးမီးယားလိဂ္ နဲ႔ အျခားအသင္းအမ်ားအျပားကလည္း နည္းျပကေလာပ့္ကို အားေပးတဲ့ မက္ေဆ့ေတြေပးပို႔ခဲ့ၾကပါတယ္။ လီဗာပူးအသင္းကေတာ့ ဒီတစ္ပတ္မွာ ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ လက္စတာ အသင္းနဲ႔ ကစားရမွာျဖစ္ၿပီး ၾကားရက္မွာေတာ့ ခ်န္ပီယံလိဂ္ (၁၆)သင္းအဆင့္ ပထမအေက်ာ့ ပြဲစဥ္အျဖစ္ လိုက္ပ္ဇစ္ အသင္းနဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။