
photo-gettyimages
photo-AP
အန္ဖီးလ္က သူ႔ရဲ႕ကိုင္တြယ္မႈကာလသာ ကုန္ဆုံးသြားခဲ့ရင္ စတီဗင္ဂ်ရတ္ကို ဆက္ခံေစလိုေၾကာင္း လီဗာပူးနည္းျပဂ်ာဂင္ကေလာ့ပ္က ထုတ္ေဖာ္ေျပာၾကားလုိက္ပါတယ္။ လက္ရွိမွာ လီဗာပူးရဲ႕ဂႏၳ၀င္ကစားသမားေဟာင္းျဖစ္တဲ့ဂ်ရတ္ဟာ စေကာ့တလန္ကလပ္ရိန္းဂ်ားကို ကိုင္တြယ္ေနၿပီး တစ္ခ်ိန္ခ်ိန္မွာ လီဗာပူးကိုကုိယ္တြယ္ခ်င္တယ္လို႔လည္း ဖြင့္ဟေျပာထားဖူးပါတယ္။ ၿပီးခဲ့တဲ့ရာသီက လီဗာပူးကို ခ်န္ပီယံလိဂ္ေအာင္ျမင္မႈရယူေပးႏုိင္ခဲ့တဲ့ကေလာ့ပ္က အခ်ိန္က်လာခဲဲ့ရင္ ဂ်ရတ္ကို အတတ္ႏိုင္ဆုံးကူညီေပးသြားမွာ ျဖစ္ေၾကာင္းလညး္ ထပ္မံေျပာၾကားခဲ့ပါတယ္။
photo-gettyimages
”တကယ္လုိ႔ လီဗာပူးသာ မနက္ျဖန္မွာ ကၽြန္ေတာ့္ကို ထုတ္ပယ္မယ္ဆိုရင္ အဲဒီက်ရင္ ကၽြန္ေတာ့္ေနရာအစား၀င္ဖို႔ ဒဲလ္ဂလစ္ရွ္(လီဗာပူးဂႏၳ၀င္ေဟာင္း)က ပထမဦးစားေပးျဖစ္ဖြယ္ရွိပါတယ္။ ဒါေပမဲ့ သူတို႔ဟာ ဂ်ရတ္ကိုလည္း ျပန္ေခၚႏိုင္ေျခရွိပါတယ္။ ကၽြန္ေတာ့္ေနရာ ဘယ္သူဆက္ခံသင့္လဲလုိ႔ ေမးလာမယ္ဆိုရင္ေတာ့ ကၽြန္ေတာ္က ဂ်ရတ္လို႔ပဲ ေျပာမွာပါ။ ဘယ္အခ်ိန္မွာပဲျဖစ္ျဖစ္ ကၽြန္ေတာ္တက္ႏိုင္သေလာက္ သူ႔ကိုကူညီေပးသြားမွာပါ”လို႔ ကေလာ့ပ္က အင္တာဗ်ဴးတစ္ခုမွာ ေျပာၾကားခဲ့တာပါ။
photo-reuters
ဂ်ရတ္ဟာ ကေလာ့ပ္ရဲ႕လက္ေအာက္မွာ အလုပ္လုပ္ခဲ့ဖူးၿပီး ရိန္းဂ်ားကိုမေျပာင္းခင္ လီဗာပူးယူ-၁၈ အသင္းကို ကိုင္တြယ္ခဲ့တာပါ။ ၃၉ ႏွစ္အရြယ္ အဲဒီလီဗာပူးအသင္းေခါင္းေဆာင္ေဟာင္းဟာ ကေလာ့ပ္နဲ႔ခိုင္မာတဲ့ဆက္ဆံေရးတစ္ခုရွိထားၿပီး လက္ရွိမွာလည္း ရိန္းဂ်ားအသင္းကို တိုးတက္ေစႏိုင္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရာသီက စေကာ့တလန္လိဂ္မွာ ရိန္းဂ်ားဟာ ခ်န္ပီယံျဖစ္သြားတဲ့ဆဲလ္တစ္ရဲ႕ေနာက္ ဒုတိယေနရာက ရပ္တည္ႏိုင္ခဲ့ပါတယ္။ ဒီရာသီမွာလည္း ဂ်ရတ္ရဲ႕ရိန္းဂ်ားနဲ႔ဆဲလ္တစ္တို႔ၾကား ၃ မွတ္သာကြာတာပါ။ ကေလာ့ပ္ရဲ႕လီဗာပူးစာခ်ဳပ္က ၂၀၂၂ တိုင္ရွိေနေသးေပမယ့္ သူသာ အသင္းက ထြက္ခြာျဖစ္ခဲ့ရင္ ဂ်ရတ္ဟာ ေရပန္းအစားဆုံးျဖစ္လာႏိုင္ပါတယ္။
[Unicode]
အန်ဖီးလ်က သူ့ရဲ့ကိုင်တွယ်မှုကာလသာ ကုန်ဆုံးသွားခဲ့ရင် စတီဗင်ဂျရတ်ကို ဆက်ခံစေလိုကြောင်း လီဗာပူးနည်းပြဂျာဂင်ကလော့ပ်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ လက်ရှိမှာ လီဗာပူးရဲ့ဂန္ထဝင်ကစားသမားဟောင်းဖြစ်တဲ့ဂျရတ်ဟာ စကော့တလန်ကလပ်ရိန်းဂျားကို ကိုင်တွယ်နေပြီး တစ်ချိန်ချိန်မှာ လီဗာပူးကိုကိုယ်တွယ်ချင်တယ်လို့လည်း ဖွင့်ဟပြောထားဖူးပါတယ်။ ပြီးခဲ့တဲ့ရာသီက လီဗာပူးကို ချန်ပီယံလိဂ်အောင်မြင်မှုရယူပေးနိုင်ခဲ့တဲ့ကလော့ပ်က အချိန်ကျလာခဲ့ရင် ဂျရတ်ကို အတတ်နိုင်ဆုံးကူညီပေးသွားမှာ ဖြစ်ကြောင်းလည်း ထပ်မံပြောကြားခဲ့ပါတယ်။
”တကယ်လို့ လီဗာပူးသာ မနက်ဖြန်မှာ ကျွန်တော့်ကို ထုတ်ပယ်မယ်ဆိုရင် အဲဒီကျရင် ကျွန်တော့်နေရာအစားဝင်ဖို့ ဒဲလ်ဂလစ်ရှ်(လီဗာပူးဂန္ထဝင်ဟောင်း)က ပထမဦးစားပေးဖြစ်ဖွယ်ရှိပါတယ်။ ဒါပေမဲ့ သူတို့ဟာ ဂျရတ်ကိုလည်း ပြန်ခေါ်နိုင်ခြေရှိပါတယ်။ ကျွန်တော့်နေရာ ဘယ်သူဆက်ခံသင့်လဲလို့ မေးလာမယ်ဆိုရင်တော့ ကျွန်တော်က ဂျရတ်လို့ပဲ ပြောမှာပါ။ ဘယ်အချိန်မှာပဲဖြစ်ဖြစ် ကျွန်တော်တက်နိုင်သလောက် သူ့ကိုကူညီပေးသွားမှာပါ”လို့ ကလော့ပ်က အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့တာပါ။
ဂျရတ်ဟာ ကလော့ပ်ရဲ့လက်အောက်မှာ အလုပ်လုပ်ခဲ့ဖူးပြီး ရိန်းဂျားကိုမပြောင်းခင် လီဗာပူးယူ-၁၈ အသင်းကို ကိုင်တွယ်ခဲ့တာပါ။ ၃၉ နှစ်အရွယ် အဲဒီလီဗာပူးအသင်းခေါင်းဆောင်ဟောင်းဟာ ကလော့ပ်နဲ့ခိုင်မာတဲ့ဆက်ဆံရေးတစ်ခုရှိထားပြီး လက်ရှိမှာလည်း ရိန်းဂျားအသင်းကို တိုးတက်စေနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက စကော့တလန်လိဂ်မှာ ရိန်းဂျားဟာ ချန်ပီယံဖြစ်သွားတဲ့ဆဲလ်တစ်ရဲ့နောက် ဒုတိယနေရာက ရပ်တည်နိုင်ခဲ့ပါတယ်။ ဒီရာသီမှာလည်း ဂျရတ်ရဲ့ရိန်းဂျားနဲ့ဆဲလ်တစ်တို့ကြား ၃ မှတ်သာကွာတာပါ။ ကလော့ပ်ရဲ့လီဗာပူးစာချုပ်က ၂၀၂၂ တိုင်ရှိနေသေးပေမယ့် သူသာ အသင်းက ထွက်ခွာဖြစ်ခဲ့ရင် ဂျရတ်ဟာ ရေပန်းအစားဆုံးဖြစ်လာနိုင်ပါတယ်။