လီဗာပူးထက် ရီးရဲလ်နဲ့သာ ဆီမီးဖိုင်နယ်ကစားလိုတယ်လို့ ချဲလ်ဆီးနည်းပြ တူချယ် လေလုံးထွား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပေါ်တိုအသင်းကို အိမ်ကွင်းမှာ အရေးနိမ့်ခဲ့ပေမယ့် အဝေးကွင်းမှာ ၂ဂိုးပြတ်သွင်းထားခဲ့တာကြောင့် အဝေးဂိုးနဲ့ ဆီမီးဖိုင်နယ်တက်သွားနိုင်ခဲ့ပြီဖြစ်တဲ့ ချဲလ်ဆီးအသင်းဟာ လီဗာပူးနဲ့ ရီးရဲလ်မက်စရစ်ပွဲက ကျော်ဖြတ်လာမယ့် အသင်းနဲ့ တွေ့ရဖို့ရှိပါတယ်။ ချဲလ်ဆီးနည်းပြ တူချယ်ကတော့ ဆီမီးဖိုင်နယ်မှာ လီဗာပူးထက်စာရင် ရီးရဲလ်နဲ့ပိုပြီး ရင်ဆိုင်ကစားချင်တယ်လို့ ပြောကြားလိုက်ပါတယ်။

တူချယ်က ” ဒီအဆင့်ကို ရောက်လာမှတော့ ရီးရဲလ်မက်စရစ်လို အသင်းမျိုးနဲ့ပဲ ကစားချင်ပါတယ်။ ကျွန်တော့်တစ်ဦးတည်းအမြင်အရဆိုရင် ချန်ပီယံလိဂ်လို ဥရောအဆင့်ပြိုင်ပွဲမှာ တနိုင်ငံတည်းက ပြိုင်ဖက်အသင်းနဲ့ မကစားချင်ပါဘူး။ တခြားလိဂ်က ပြိုင်ဘက်ဆိုရင် ချန်ပီယံလိဂ်အရသာ ပိုရှိတယ်လို့ ခံစားရပါတယ်။ လီဗာပူးက အိမ်ကွင်းမှာ တောင့်တင်းတဲ့ အသင်းတစ်သင်းဆိုတော့ အခုကစားမယ့် ဒုတိယအကျော့က ဘာမဆို ဖြစ်သွားနိုင်ပါတယ်” လို့ ပြောကြားသွားပါတယ်။

ဒါ့အပြင် တူချယ်က ချဲလ်ဆီးအသင်းရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သတ်ပြီး ” ချန်ပီယံလိဂ်လိုပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်လို အဆင့်ကို ရောက်လာတာ တကယ့်ကို ကျေနပ်စရာပါပဲ။ အမြဲတမ်းအနေနဲ့ ရောက်နိုင်ဖို့ မသေချာပေမယ့် ရောက်ပီဆိုရင်တော့ ဖိုင်နယ်အထိတက်လှမ်းနိုင်ဖို့ လုပ်ရတော့မှာပါ။

ပေါ်တိုနဲပပွဲမှာ ကစားသွားတဲ့ ချဲလ်ဆီးအသင်းရဲ့ အနေအထားကို အားရပါတယ်။ ကျွန်တော်တို့အမြဲပြောနေခဲ့သလိုပဲ ချွေးထွက်များအောင် ပြင်းပြင်းထန်ထန် ကြိုးစားပြီး အောင်မြင်မှုရရှိအောင် ကစားရမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

ချဲလ်ဆီးဟာ ချန်ပီယံလိဂ်ဆုဖလားကို ၂၀၁၂ တုန်းကရရှိခဲ့ဖူးပြီး ၉နှစ် အကြာမှာ ဆီမီးဖိုင်နယ်ကို ပထမဆုံးအကြိမ်အဖြစ် ပြန်လည်တက်ရောက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ပရိသတ်အများစုက ချဲလ်ဆီးအနေနဲ့ လီဗာပူးနဲ့ဆုံရင် ပွဲပိုချောင်နိုင်တယ်လို့ ယူဆနေကြပေမယ့် တူချယ်က အခုလို လေလုံးထွားပြခဲ့တာကြောင့် တကယ်သာ ရီးရဲလ်လို ချန်ပီယံလိဂ် အအောင်မြင်ဆုံးအသင်းနဲ့ တွေ့ခဲ့ရင် လေကြီးခဲ့တဲ့အတိုင်း လုပ်ပြနိုင်မလားဆိုတာ စောင့်ကြည့်ရတော့မှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လီဗာပူးထက္ ရီးရဲလ္နဲ႔သာ ဆီမီးဖိုင္နယ္ကစားလိုတယ္လို႔ ခ်ဲလ္ဆီးနည္းျပ တူခ်ယ္ ေလလုံးထြား

ေပၚတိုအသင္းကို အိမ္ကြင္းမွာ အေရးနိမ့္ခဲ့ေပမယ့္ အေဝးကြင္းမွာ ၂ဂိုးျပတ္သြင္းထားခဲ့တာေၾကာင့္ အေဝးဂိုးနဲ႔ ဆီမီးဖိုင္နယ္တက္သြားႏိုင္ခဲ့ၿပီျဖစ္တဲ့ ခ်ဲလ္ဆီးအသင္းဟာ လီဗာပူးနဲ႔ ရီးရဲလ္မက္စရစ္ပြဲက ေက်ာ္ျဖတ္လာမယ့္ အသင္းနဲ႔ ေတြ႕ရဖို႔ရွိပါတယ္။ ခ်ဲလ္ဆီးနည္းျပ တူခ်ယ္ကေတာ့ ဆီမီးဖိုင္နယ္မွာ လီဗာပူးထက္စာရင္ ရီးရဲလ္နဲ႔ပိုၿပီး ရင္ဆိုင္ကစားခ်င္တယ္လို႔ ေျပာၾကားလိုက္ပါတယ္။

တူခ်ယ္က ” ဒီအဆင့္ကို ေရာက္လာမွေတာ့ ရီးရဲလ္မက္စရစ္လို အသင္းမ်ိဳးနဲ႔ပဲ ကစားခ်င္ပါတယ္။ ကြၽန္ေတာ့္တစ္ဦးတည္းအျမင္အရဆိုရင္ ခ်န္ပီယံလိဂ္လို ဥေရာအဆင့္ၿပိဳင္ပြဲမွာ တႏိုင္ငံတည္းက ၿပိဳင္ဖက္အသင္းနဲ႔ မကစားခ်င္ပါဘူး။ တျခားလိဂ္က ၿပိဳင္ဘက္ဆိုရင္ ခ်န္ပီယံလိဂ္အရသာ ပိုရွိတယ္လို႔ ခံစားရပါတယ္။ လီဗာပူးက အိမ္ကြင္းမွာ ေတာင့္တင္းတဲ့ အသင္းတစ္သင္းဆိုေတာ့ အခုကစားမယ့္ ဒုတိယအေက်ာ့က ဘာမဆို ျဖစ္သြားႏိုင္ပါတယ္” လို႔ ေျပာၾကားသြားပါတယ္။

ဒါ့အျပင္ တူခ်ယ္က ခ်ဲလ္ဆီးအသင္းရဲ႕ စြမ္းေဆာင္ရည္နဲ႔ ပတ္သတ္ၿပီး ” ခ်န္ပီယံလိဂ္လိုၿပိဳင္ပြဲမွာ ဆီမီးဖိုင္နယ္လို အဆင့္ကို ေရာက္လာတာ တကယ့္ကို ေက်နပ္စရာပါပဲ။ အၿမဲတမ္းအေနနဲ႔ ေရာက္ႏိုင္ဖို႔ မေသခ်ာေပမယ့္ ေရာက္ပီဆိုရင္ေတာ့ ဖိုင္နယ္အထိတက္လွမ္းႏိုင္ဖို႔ လုပ္ရေတာ့မွာပါ။ ေပၚတိုနဲပပြဲမွာ ကစားသြားတဲ့ ခ်ဲလ္ဆီးအသင္းရဲ႕ အေနအထားကို အားရပါတယ္။ ကြၽန္ေတာ္တို႔ အၿမဲေျပာေနခဲ့သလိုပဲ ေခြၽးထြက္မ်ားေအာင္ ျပင္းျပင္းထန္ထန္ ႀကိဳးစားၿပီး ေအာင္ျမင္မႈရရွိေအာင္ ကစားရမွာပါ” လို႔ ေျပာၾကားသြားခဲ့ပါတယ္။

ခ်ဲလ္ဆီးဟာ ခ်န္ပီယံလိဂ္ဆုဖလားကို ၂၀၁၂ တုန္းကရရွိခဲ့ဖူးၿပီး ၉ႏွစ္ အၾကာမွာ ဆီမီးဖိုင္နယ္ကို ပထမဆုံးအႀကိမ္အျဖစ္ ျပန္လည္တက္ေရာက္ႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။ ပရိသတ္အမ်ားစုက ခ်ဲလ္ဆီးအေနနဲ႔ လီဗာပူးနဲ႔ဆုံရင္ ပြဲပိုေခ်ာင္ႏိုင္တယ္လို႔ ယူဆေနၾကေပမယ့္ တူခ်ယ္က အခုလို ေလလုံးထြားျပခဲ့တာေၾကာင့္ တကယ္သာ ရီးရဲလ္လို ခ်န္ပီယံလိဂ္ အေအာင္ျမင္ဆုံးအသင္းနဲ႔ ေတြ႕ခဲ့ရင္ ေလႀကီးခဲ့တဲ့အတိုင္း လုပ္ျပႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရေတာ့မွာပါ။