လီဗာပူးတိုက္စစ္မွာ ဆာလာဟာ တစ္ကိုယ္ေကာင္းဆန္သူလို႔ မိုက္ကယ္အုိ၀င္တံဆိပ္ကပ္

photo-express

photo-gettyimages

ၿပီးခဲ့တဲ့အပတ္ ဘန္ေလနဲ႔ပြဲက မာနီနဲ႔အျဖစ္အပ်က္ေၾကာင့္ ဆာလာဟာ တစ္ကိုယ္ေကာင္းဆန္တဲ့တိုက္စစ္မႈးတစ္ေယာက္ျဖစ္ေၾကာင္း လီဗာပူးတုိက္စစ္မႈးေဟာင္းမိုက္ကယ္အို၀င္က သုံးသပ္ေျပာၾကားလိုက္ပါတယ္။ ဒါေပမဲ့ အဲဒီျဖစ္ရပ္က သူတုိ႔ၾကားက တဲြဖက္ညီမႈကို ပ်က္ျပားေစလိမ့္မွာမဟုတ္ေၾကာင္း အုိ၀င္က ဆက္လက္ေျပာၾကားခဲ့ပါတယ္။ အဲဒီတုန္းက သူအပိုင္ကန္ခြင့္ရတာကို ဆာလာမေပးရေကာင္းလားဆုိၿပီး မာနီဟာ လူစားလဲခံရၿပီးခ်ိန္မွာ အႀကီးအက်ယ္ေဒါသထြက္ခဲ့ကာ အသင္းေဖာ္ေတြကေတာင္ ဖ်န္ေျဖေပးခဲ့ရပါတယ္။

photo-gettyimages

နည္းျပဂ်ာဂင္ကေလာ့ပ္ကေတာ့ ပြဲအၿပီးမွာ အဲဒီအျဖစ္အပ်က္နဲ႔ပတ္သက္ၿပီး အေရးမႀကီးသလိုပုံစံမ်ိဳးေျပာခဲ့ပါတယ္။ ဒါေပမဲ့ အန္ဖီးလ္မွာ ၇ ႏွစ္ၾကာကစားၿပီး ၂၉၇ ပြဲကစားကာ ၁၅၈ ဂိုးသြင္းခ့ဲတဲ့ အုိ၀င္က ဆာလာနဲ႔မာနီတုိ႔ၾကားထဲမွာ ဘာကြဲလြဲမႈမွ မျဖစ္ေအာင္ ကေလာ့ပ္ဘက္က ေသခ်ာေပါက္လုပ္ေပးရမယ္လို႔ ဆုိခဲ့ပါတယ္။ ”လီဗာပူးရဲ႕ ၃ ေယာက္တြဲတိုက္စစ္ကို ၾကည့္လုိက္တဲ့အခါ ဖာမီႏိုက တစ္ကိုယ္ေကာင္းမဆန္ဆုံးျဖစ္ဖြယ္ရွိပါတယ္။ ဆာလာက်ေတာ့ ဂိုးသြင္းဖို႔ပဲ အာရုံစိုက္ထားၿပီး ဂိုးသြင္းသူသက္သက္ျဖစ္ခ်င္တာပါ။ မာနီက်ေတာ့ ၾကားထဲမွာပါ။ သူက ဂိုးသြင္းတာႀကိဳက္သလို လုိအပ္ရင္ တစ္ကိုယ္ေကာင္းဆန္ပါတယ္။ ဒါေပမဲ့ သူဟာ ေပးပို႔မႈမွာ အေတာ္ေလးရက္ရက္ေရာေရာရွိပါတယ္။ ၃ ေယာက္ၾကားမတူညီတဲ့ပုံစံေၾကာင့္ အဲဒီမွာ ဟန္ခ်က္ညီတယ္လို႔ ထင္ပါတယ္။ ဒါေပမဲ့ အဆင္မေျပတဲ့ေန႔လည္း ရွိပါတယ္။ ဘန္ေလနဲ႔ပြဲမွာဆုိရင္ ဆာလာအေနနဲ႔ ေပးသင့္တ့ဲ ၂ ႀကိမ္ရွိခဲ့တာပါ။ ဒါမ်ိဳးျပသနာေတြက အၿမဲတမ္းရွိေနမွာပါ။ ကေလာ့ပ္ရဲ႕အလုပ္က သူတုိ႔ၾကားအဆင္ေျပေအာင္လုပ္ေပးဖို႔ပါပဲ။ ကၽြန္ေတာ့္တုန္းကလည္း ဟက္စကီနဲ႔အေတာ္အတြဲညီခဲ့ပါတယ္။ ဟက္စကီးက တကယ္ကိုတစ္ကိုယ္ေကာင္းမဆန္ဘဲ ကၽြန္ေတာ္က တစ္ကယ္ကိုတစ္ကိုယ္ေကာင္းဆန္တာပါ။ ဒီလုိႏွစ္ေယာက္တြဲမွလည္း ဂိုးေတြရမွာေလ”လုိ႔ အုိ၀င္က သုံးသပ္ေျပာၾကားခဲ့တာပါ။

photo-gettyimages

ဆာလာနဲ႔မာနီတို႔ႏွစ္ေယာက္စလုံးဟာ ၿပီးခဲ့တဲ့ရာသီတုန္းက ၂၂ ဂိုးစီနဲ႔ ပရီးမီးယားလိဂ္ေရႊဖိနပ္ဆုကို ပူးတြဲရရွိခဲ့တာပါ။ ဒီရာသီမွာေတာ့ ဆာလာက မာနီထက္စာရင္ ၁ ဂိုးပိုသြင္းထားၿပီး ၃ ဂိုးရရွိထားကာ မာနီက ၂ ဂိုးသြင္းထားပါတယ္။ ဒီရာသီမွာလညး္ သူတုိ႔ႏွစ္ေယာက္စလုံးဟာ ေရႊဖိနပ္ဆုအတြက္ စိန္ေခၚႏိုင္စြမ္းရွိေနပါတယ္။

[Unicode]

ပြီးခဲ့တဲ့အပတ် ဘန်လေနဲ့ပွဲက မာနီနဲ့အဖြစ်အပျက်ကြောင့် ဆာလာဟာ တစ်ကိုယ်ကောင်းဆန်တဲ့တိုက်စစ်မှုးတစ်ယောက်ဖြစ်ကြောင်း လီဗာပူးတိုက်စစ်မှုးဟောင်းမိုက်ကယ်အိုဝင်က သုံးသပ်ပြောကြားလိုက်ပါတယ်။ ဒါပေမဲ့ အဲဒီဖြစ်ရပ်က သူတို့ကြားက တွဲဖက်ညီမှုကို ပျက်ပြားစေလိမ့်မှာမဟုတ်ကြောင်း အိုဝင်က ဆက်လက်ပြောကြားခဲ့ပါတယ်။ အဲဒီတုန်းက သူအပိုင်ကန်ခွင့်ရတာကို ဆာလာမပေးရကောင်းလားဆိုပြီး မာနီဟာ လူစားလဲခံရပြီးချိန်မှာ အကြီးအကျယ်ဒေါသထွက်ခဲ့ကာ အသင်းဖော်တွေကတောင် ဖျန်ဖြေပေးခဲ့ရပါတယ်။

နည်းပြဂျာဂင်ကလော့ပ်ကတော့ ပွဲအပြီးမှာ အဲဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး အရေးမကြီးသလိုပုံစံမျိုးပြောခဲ့ပါတယ်။ ဒါပေမဲ့ အန်ဖီးလ်မှာ ၇ နှစ်ကြာကစားပြီး ၂၉၇ ပွဲကစားကာ ၁၅၈ ဂိုးသွင်းခဲ့တဲ့ အိုဝင်က ဆာလာနဲ့မာနီတို့ကြားထဲမှာ ဘာကွဲလွဲမှုမှ မဖြစ်အောင် ကလော့ပ်ဘက်က သေချာပေါက်လုပ်ပေးရမယ်လို့ ဆိုခဲ့ပါတယ်။ ”လီဗာပူးရဲ့ ၃ ယောက်တွဲတိုက်စစ်ကို ကြည့်လိုက်တဲ့အခါ ဖာမီနိုက တစ်ကိုယ်ကောင်းမဆန်ဆုံးဖြစ်ဖွယ်ရှိပါတယ်။ ဆာလာကျတော့ ဂိုးသွင်းဖို့ပဲ အာရုံစိုက်ထားပြီး ဂိုးသွင်းသူသက်သက်ဖြစ်ချင်တာပါ။ မာနီကျတော့ ကြားထဲမှာပါ။ သူက ဂိုးသွင်းတာကြိုက်သလို လိုအပ်ရင် တစ်ကိုယ်ကောင်းဆန်ပါတယ်။ ဒါပေမဲ့ သူဟာ ပေးပို့မှုမှာ အတော်လေးရက်ရက်ရောရောရှိပါတယ်။ ၃ ယောက်ကြားမတူညီတဲ့ပုံစံကြောင့် အဲဒီမှာ ဟန်ချက်ညီတယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ အဆင်မပြေတဲ့နေ့လည်း ရှိပါတယ်။ ဘန်လေနဲ့ပွဲမှာဆိုရင် ဆာလာအနေနဲ့ ပေးသင့်တဲ့ ၂ ကြိမ်ရှိခဲ့တာပါ။ ဒါမျိုးပြသနာတွေက အမြဲတမ်းရှိနေမှာပါ။ ကလော့ပ်ရဲ့အလုပ်က သူတို့ကြားအဆင်ပြေအောင်လုပ်ပေးဖို့ပါပဲ။ ကျွန်တော့်တုန်းကလည်း ဟက်စကီနဲ့အတော်အတွဲညီခဲ့ပါတယ်။ ဟက်စကီးက တကယ်ကိုတစ်ကိုယ်ကောင်းမဆန်ဘဲ ကျွန်တော်က တစ်ကယ်ကိုတစ်ကိုယ်ကောင်းဆန်တာပါ။ ဒီလိုနှစ်ယောက်တွဲမှလည်း ဂိုးတွေရမှာလေ”လို့ အိုဝင်က သုံးသပ်ပြောကြားခဲ့တာပါ။

ဆာလာနဲ့မာနီတို့နှစ်ယောက်စလုံးဟာ ပြီးခဲ့တဲ့ရာသီတုန်းက ၂၂ ဂိုးစီနဲ့ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို ပူးတွဲရရှိခဲ့တာပါ။ ဒီရာသီမှာတော့ ဆာလာက မာနီထက်စာရင် ၁ ဂိုးပိုသွင်းထားပြီး ၃ ဂိုးရရှိထားကာ မာနီက ၂ ဂိုးသွင်းထားပါတယ်။ ဒီရာသီမှာလည်း သူတို့နှစ်ယောက်စလုံးဟာ ရွှေဖိနပ်ဆုအတွက် စိန်ခေါ်နိုင်စွမ်းရှိနေပါတယ်။