လီဗာပူးညာနောက်ခံလူ အာနိုးလ်ထက် ယူနိုက်တက်ရဲ့ဝမ်ဘစ်ဆာကာက ပိုကောင်းတယ်လု့ိ ဗန်အန်ဟော့ သုံးသပ်

Photo Credit

ပဲလေ့စ်အသင်းဘယ်နောက်ခံလူ ပက်ထရစ်ဗန်အန်ဟော့က ယူနိုက်တက်ညာနောက်ခံလူ ဝမ်ဘစ်ဆာကာက လီဗာပူးညာနောက်ခံလူ အာနိုးလ်ထက်ပိုကောင်းတယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။ အင်္ဂလန်အသင်းအနေနဲ့ ကွဲပြားခြားနားတဲ့လူငယ်ညာနောက်ခံလူ ၂ဦးကို ပိုင်ဆိုင်ထားပြီး အသက်ကလည်း ငယ်သေးတာမို့ အနည်းဆုံးဆယ်စုနှစ်တစ်ခုကြာ ညာနောက်ခံလူနေရာအတွက် စိတ်ပူစရာမလိုပါဘူး။

Photo Credit

ယခုရာသီ ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှု ၁၄ ကြိမ်ပြုလုပ်ပေးထားတဲ့ အာနိုးလ်ဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း တိုက်စစ်အားသန်အကောင်းဆုံး ညာနောက်ခံလူတစ်ဦးအဖြစ် ချီးကျူးခံနေရပြီး ဝမ်ဘစ်ဆာကာကလည်း တစ်ဦးချင်းခံစစ်ကစားရာမှာ ထူးချွန်သူအဖြစ် သတ်မှတ်ခံထားရပါတယ်။ သူတို့နှစ်ယောက်က ကစားပုံကွဲပြားခြားနားပေမယ့် ဘယ်သူပိုကောင်းလဲဆိုပြီးတော့ အမြဲတမ်းလိုလို နှိုင်းယှဉ်ခံနေရပါတယ်။

Photo Credit

ပဲလေ့စ်မှာ ဝမ်ဘစ်ဆာကာနဲ့အတူ တွဲကစားခဲ့ဖူးတဲ့ ဗန်အန်ဟော့က အာနိုးလ်ထက် ဝမ်ဘစ်ဆာကာက ပိုကောင်းကြောင်း၊ ပြိုင်ဘက်တောင်ပံကစားသမားတွေအတွက် အာနိုးလ်ထက် ဝမ်ဘစ်ဆာကာက ကစားရပိုခက်ကြောင်း ဆိုပါတယ်။ ”အာနိုးလ်ထက် ဝမ်ဘစ်ဆာကာပိုကောင်းလားပေါ့ ဟုတ်လား။ တစ်ချက်လေးတောင် သံသယဝင်စရာမလိုတဲ့ရွေးချယ်မှုပါ။ သူတို့နှစ်ယောက်က ကွဲပြားခြားနားတဲ့ကစားသမားတွေဖြစ်ပြီး ခံစစ်ပိုင်းမှာ ဝမ်ဘစ်ဆာကာက ပိုကောင်းပါတယ်”

Photo Credit

”အာနိုးလ်က တိုက်စစ်ပိုင်းအတွက် ပိုအားကိုးရတာမှန်ပါတယ်။ ဒါပေမဲ့ အာနိုးလ်နဲ့ ဝမ်ဘစ်ဆာကာတို့ထဲက ဘယ်သူနဲ့ ပြိုင်ဘက်အဖြစ် ပိုရင်ဆိုင်ချင်လဲလို့ ဇာဟာကို မေးကြည့်ပါ။ သူက အာနိုးလ်နဲ့ပဲ ပိုရင်ဆိုင်ချင်တယ်လု့ိ ဖြေပါလိမ့်မယ်။ အာနိုးလ်ကို အများကြီးလေးစားပါတယ်။ ဒါပေမဲ့ ခံစစ်ပိုင်းနဲ့ပတ်သက်လို့ကတော့ ဝမ်ဘစ်ဆာကာ ဘယ်လောက်ကောင်းလဲဆိုတာ စတာလင်းကိုပဲ မေးကြည့်လိုက်။ စတာလင်းလည်း ပြဿနာတက်ခဲ့ပြီး တောင်ပံတောင် Change ကစားခဲ့ရပါတယ်”

Photo Credit

”ဝမ်ဘစ်ဆာကာက အကောင်းဆုံးညာနောက်ခံလူတစ်ဦးဖြစ်ပြီး တိုက်စစ်ပိုင်းလည်း ကောင်းလာပေမယ့် ဒီထက် ဂိုးတွေပိုသွင်း၊ ဂိုးသွင်းခွင့်တွေ ပိုဖန်တီးနိုင်ဖို့ လိုအပ်နေပါတယ်။ ခံစစ်ပိုင်းကတော့ ဦးစားပေးပေါ့ဗျာ။ ဒါပေမဲ့ ယနေ့ဘောလုံးလောကမှာ တိုက်စစ်ကိုလည်း လိုက်ပါကူညီနိုင်ဖို့ လိုအပ်ပါတယ်”လို့ ဗန်အန်ဟော့က ပြောပါတယ်။

Photo Credit

Zawgyi

လီဗာပူးညာေနာက္္ခံလူ အာႏုိးလ္ထက္ ယူႏုိက္တက္ရဲ႕၀မ္ဘစ္ဆာကာက ပိုေကာင္းတယ္လု႔ိ ဗန္အန္ေဟာ့ သုံးသပ္

ပဲေလ့စ္အသင္းဘယ္ေနာက္ခံလူ ပက္ထရစ္ဗန္အန္ေဟာ့က ယူႏုိက္တက္ညာေနာက္ခံလူ ၀မ္ဘစ္ဆာကာက လီဗာပူးညာေနာက္ခံလူ အာႏိုးလ္ထက္ပိုေကာင္းတယ္လုိ႔ အခုိင္အမာေျပာၾကားလုိက္ပါတယ္။ အဂၤလန္အသင္းအေနနဲ႔ ကြဲျပားျခားနားတဲ့လူငယ္ညာေနာက္ခံလူ ၂ဦးကို ပိုင္ဆုိင္ထားၿပီး အသက္ကလည္း ငယ္ေသးတာမို႔ အနည္းဆုံးဆယ္စုႏွစ္တစ္ခုၾကာ ညာေနာက္ခံလူေနရာအတြက္ စိတ္ပူစရာမလုိပါဘူး။
ယခုရာသီ ပရီးမီးယားလိဂ္မွာ ဂိုးဖန္တီးမႈ ၁၄ ႀကိမ္ျပဳလုပ္ေပးထားတဲ့ အာႏိုးလ္ဟာ ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္အတြင္း တုိက္စစ္အားသန္အေကာင္းဆုံး ညာေနာက္ခံလူတစ္ဦးအျဖစ္ ခ်ီးက်ဴးခံေနရၿပီး ၀မ္ဘစ္ဆာကာကလည္း တစ္ဦးခ်င္းခံစစ္ကစားရာမွာ ထူးခၽြန္သူအျဖစ္ သတ္မွတ္ခံထားရပါတယ္။ သူတို႔ႏွစ္ေယာက္က ကစားပုံကြဲျပားျခားနားေပမယ့္ ဘယ္သူပိုေကာင္းလဲဆုိၿပီးေတာ့ အၿမဲတမ္းလုိလုိ ႏိႈင္းယွဥ္ခံေနရပါတယ္။
ပဲေလ့စ္မွာ ၀မ္ဘစ္ဆာကာနဲ႔အတူ တြဲကစားခဲ့ဖူးတဲ့ ဗန္အန္ေဟာ့က အာႏိုးလ္ထက္ ၀မ္ဘစ္ဆာကာက ပိုေကာင္းေၾကာင္း၊ ၿပိဳင္ဘက္ေတာင္ပံကစားသမားေတြအတြက္ အာႏိုးလ္ထက္ ၀မ္ဘစ္ဆာကာက ကစားရပိုခက္ေၾကာင္း ဆုိပါတယ္။ ”အာႏိုးလ္ထက္ ၀မ္ဘစ္ဆာကာပိုေကာင္းလားေပါ့ ဟုတ္လား။ တစ္ခ်က္ေလးေတာင္ သံသယ၀င္စရာမလုိတဲ့ေရြးခ်ယ္မႈပါ။ သူတို႔ႏွစ္ေယာက္က ကဲြျပားျခားနားတဲ့ကစားသမားေတြျဖစ္ၿပီး ခံစစ္ပုိင္းမွာ ၀မ္ဘစ္ဆာကာက ပိုေကာင္းပါတယ္”
”အာႏိုးလ္က တုိက္စစ္ပိုင္းအတြက္ ပုိအားကိုးရတာမွန္ပါတယ္။ ဒါေပမဲ့ အာႏုိးလ္နဲ႔ ၀မ္ဘစ္ဆာကာတုိ႔ထဲက ဘယ္သူနဲ႔ ၿပိဳင္ဘက္အျဖစ္ ပိုရင္ဆုိင္ခ်င္လဲလုိ႔ ဇာဟာကို ေမးၾကည့္ပါ။ သူက အာႏိုးလ္နဲ႔ပဲ ပိုရင္ဆုိင္ခ်င္တယ္လု႔ိ ေျဖပါလိမ့္မယ္။ အာႏိုးလ္ကို အမ်ားႀကီးေလးစားပါတယ္။ ဒါေပမဲ့ ခံစစ္ပိုင္းနဲ႔ပတ္သက္လုိ႔ကေတာ့ ၀မ္ဘစ္ဆာကာ ဘယ္ေလာက္ေကာင္းလဲဆုိတာ စတာလင္းကုိပဲ ေမးၾကည့္လုိက္။ စတာလင္းလည္း ျပႆနာတက္ခဲ့ၿပီး ေတာင္ပံေတာင္ Change ကစားခဲ့ရပါတယ္”
”၀မ္ဘစ္ဆာကာက အေကာင္းဆုံးညာေနာက္ခံလူတစ္ဦးျဖစ္ၿပီး တုိက္စစ္ပိုင္းလည္း ေကာင္းလာေပမယ့္ ဒီထက္ ဂိုးေတြပိုသြင္း၊ ဂိုးသြင္းခြင့္ေတြ ပိုဖန္တီးႏုိင္ဖုိ႔ လိုအပ္ေနပါတယ္။ ခံစစ္ပိုင္းကေတာ့ ဦးစားေပးေပါ့ဗ်ာ။ ဒါေပမဲ့ ယေန႔ေဘာလုံးေလာကမွာ တုိက္စစ္ကိုလည္း လုိက္ပါကူညီႏိုင္ဖို႔ လိုအပ္ပါတယ္”လုိ႔ ဗန္အန္ေဟာ့က ေျပာပါတယ္။