လီဗာပူးဆီကနေ တစ်ပတ်လုပ်ခ ပေါင် ၅ သိန်း လိုချင်နေတဲ့ ဆာလာ

Viber No => 09 969 710 910

#SHWECASINO #ONLINEGAMES #SHAN_KOE_MEE #POKER #LIVE_GAMES #SLOTS_GAMES #ROULETTE_GAMES #PremierLeague #Laliga #SerieA #Bundesliga #LigueOne

မိုဟာမက် ဆာလာဟာ လီဗာပူးနဲ့ ကာလရှည်စာချုပ်သက်တမ်းတိုးရာမှာ တစ်ပတ်လုပ်ခ ပေါင် ၅၀၀၀၀၀အထိ တောင်းဆိုထားကြောင်း သိရပါတယ်။

နည်းပြ ကလော့ပ်ကသက်တမ်း ၂နှစ်အောက်ပဲ ကျန်တော့တဲ့ ဆာလာရဲ့ စာချုပ်ကို သက်တမ်းတိုးမယ်လို့ အတည်ပြုခဲ့ပြီးနောက် ယခုလို သတင်းထွက်ပေါ်လာခဲ့တာပါ။

အသက် ၂၉ နှစ်အရွယ် တိုက်စစ်ကစားသမားဟာ လီဗာပူးအသင်းရဲ့ လုပ်ခမြင့် ကစားသမားတစ်ဦးအဖြစ် တစ်ပတ်ကို ပေါင် ၂ သိန်းဝန်းကျင် ရရှိနေတာပါ။

သူနဲ့ လီဗာပူးကြား စာချုပ်ဟာ ၂၀၂၃ ခုနှစ်ထိပဲ ကျန်ရှိတာဖြစ်ပြီး သက်တမ်းတိုးကိစ္စ မအောင်မြင်ရင်တော့ လာမယ့် နွေမှာ ရောင်းထုတ်ရဖွယ် ရှိနေပါတယ်။

လီဗာပူးအသင်းဟာ ဗန်ဒိုက်၊ ဟန်ဒါဆန် အပါအဝင် အဓိက ကစားသမားတွေကို ဆက်တိုက် သက်တမ်းတိုးနေပြီး ကလပ်ရဲ့ အမာခံ လူစာရင်းကို ပြန်လည် စုဖွဲ့နေပါတယ်။

လက်ရှိ အချိန်ထိ ကလပ်ရဲ့ လုပ်ခ အမြင့်ဆုံး စာချုပ်ချုပ်မှုအဖြစ် ဗန်ဒိုက်ဟာ တစ်ပတ်လုပ်ခ ပေါင် ၂၂၀၀၀၀ ဝန်းကျင် ရရှိနေတယ်လို့ သိထားရသလို စာချုပ်သစ်မှာတော့ အယ်လီဆန်နဲ့ ထရန့်ကလည်း မြင့်မားတဲ့ လုပ်ခတွေ ရနေပါတယ်။

နည်းပြကလော့ပ်က “ဆာလာက ဘောလုံးရေးအရရော စိတ်ပိုင်းဆိုင်ရာအရရော ကောင်းမွန်တဲ့ အခိုက်အတန့်တွေ ရှိသူပါ။

သူ ဒီကို စရောက်တဲ့ နေ့ကစပြီး ကြုံတွေ့ရတာတွေက တကယ်မိုက်ပါတယ်။

ကျွန်တော်တို့အားလုံးက ရင့်ကျက်သူတွေဖြစ်သလို ပရိုတွေလည်း ဖြစ်ပါတယ်။

ဆွေးနွေးတာတွေအားလုံး ပြီးတော့ အပြီးသတ် ဆုံးဖြတ်ပြီးရင် ခင်ဗျားတို့ကို ပြောပါမယ်။

အဲဒီမတိုင်ခင်တော့ ၂ဖက် အဖွဲ့အစည်းတွေအတွက် ဒါကလုံး၀ အရေးကြီးပါတယ်”လို့ ပြောခဲ့ပါတယ်။

စာချုပ်သစ်မှာ ဆာလာ တောင်းဆိုတဲ့ လုပ်ခဟာ လီဗာပူးသမိုင်းမှာ အမြင့်ဆုံး ပေးချေရမယ့် ပမာဏကို ရောက်ရှိမှာဖြစ်ပါတယ်။

လီဗာပူးဘက်ကတော့ အသင်းရဲ့ တည်ဆောက်ပုံအရ ဆာလာကို သက်တမ်းတိုးမယ်ဆိုရင်တောင် တစ်ပတ်ကို ပေါင် ၃ သိန်းထက် ပိုပေးဖို့ အစီအစဉ် မရှိဘူးလို့ သိထားရပါတယ်။

Viber No => 09 969 710 910

#SHWECASINO #ONLINEGAMES #SHAN_KOE_MEE #POKER #LIVE_GAMES #SLOTS_GAMES #ROULETTE_GAMES #PremierLeague #Laliga #SerieA #Bundesliga #LigueOne

zawgyi





