
photo-gettyimages
photo-gettyimages
မန်စီးတီးဟာ ဒီရာသီပရီးမီးယားလိဂ်မှာ တစ်ပွဲကို ၃ ဂိုးနှုန်းသွင်းထားတာပါ။ ဒါပေမဲ့လည်း လီဗာပူးနဲ့တွေ့တဲ့အခါ လုံးဝကိုမတူညီတော့တဲ့ခံစစ်အနေအထားနဲ့ ရင်ဆိုင်ရမယ်ဆိုတာ သူ့အသင်းက ကောင်းကောင်းသဘောပေါက်ထားတယ်လို့ မန်စီးတီးရဲ့အဓိကကစားသမားတစ်ယောက်ဖြစ်တဲ့ ကွင်းလယ်လူဒီဘရူနီက ပြောကြားလိုက်ပါတယ်။ လက်ရှိချန်ပီယံမန်စီးတီးဟာ ဒီရာသီမှာ ဝက်ဖို့ဒ်ကို ၈ ဂိုး၊ ဝက်စ်ဟမ်းကို ၅ ဂိုးသွင်းထားပေမယ့် သူတို့ကိုယ်တိုင်ကတော့ ပွဲစဉ် ၁၁ အပြီးမှာ ဦးဆောင်သူလီဗာပူးနဲ့ ၆ မှတ်ကွာနေဆဲပါပဲ။
photo-gettyimages
မာကျောပါတယ်ဆိုတဲ့လီဗာပူးခံစစ်က ပြီးခဲ့တဲ့ရာသီကထက်စာရင် အနည်းမလုံခြုံတော့ပေမယ့် အခုချိန်ထိတော့ ပရီးမီးယားလိဂ်မှာ ၉ ဂိုးသာပေးထားရပါသေးတယ်။ လီဗာပူးခံစစ်ကိုဦးဆောင်နေတာကလည်း လက်ရှိကမ္ဘာ့အကောင်းဆုံးနောက်ခံလူလို့ဆိုနိုင်တဲ့ဗန်ဒစ်ဂျ်ဖြစ်နေတာကြောင့် မန်စီးတီးအနေနဲ့ ခြေစွမ်းအရ အကောင်းဆုံးအနေအထားရှိနေမှသာ အန်ဖီးလ်မှာ အမှတ်ပြည့်ယူဖို့ အခွင့်အရေးရှိမှာပါ။ လောလောဆယ်တော့ မန်စီးတီးဟာ ၂၀၀၃ ကတည်းက လီဗာပူးအိမ်ကွင်းအန်ဖီးလ်မှာ အနိုင်မရခဲ့တဲ့ မှတ်တမ်းဆိုးရှိထားပါတယ်။
photo-gettyimages
”ခံစစ်နဲ့ပတ်သက်လို့ လီဗာပူးကစားတဲ့ပုံစံမျိုး ကစားနိုင်တဲ့အသင်း များမာျးစားစားမရှိပါဘူး။ သူတို့က အမြဲတမ်းအဲဒီလိုလုပ်နိုင်တာပါ။ ဒါကြောင့် လာမယ့်တနင်္ဂနွေကျရင် ကျွန်တော်တို့အတွက် ကွဲပြားခြားနားတဲ့ပွဲတစ်ပွဲဖြစ်လာပါလိမ့်မယ်။ ဒါဟာ ပွဲကြီးပွဲကောင်းတစ်ပွဲဆိုတာ ကျွန်တော်တို့သိပါတယ်။ လီဗာပူးက ရှေ့ကဦးဆောင်နေတာဆိုတော့ ကျွန်တော်တို့ဘက်က အမှီလိုက်နိုင်သလောက် လိုက်ရမှာပါ”လို့ ဒီဘရူနီက ပြောကြားခဲ့ပါတယ်။
[Zawgyi]
လီဗာပူးခံစစ္က မန္စီးတီးအတြက္ ျပသနာဧရိယာလို႔ ဆုိလိုက္တဲ့ ဒီဘရူနီ
မန္စီးတီးဟာ ဒီရာသီပရီးမီးယားလိဂ္မွာ တစ္ပြဲကို ၃ ဂိုးႏႈန္းသြင္းထားတာပါ။ ဒါေပမဲ့လည္း လီဗာပူးနဲ႔ေတြ႕တဲ့အခါ လုံး၀ကိုမတူညီေတာ့တဲ့ခံစစ္အေနအထားနဲ႔ ရင္ဆိုင္ရမယ္ဆိုတာ သူ႔အသင္းက ေကာင္းေကာင္းသေဘာေပါက္ထားတယ္လုိ႔ မန္စီးတီးရဲ႕အဓိကကစားသမားတစ္ေယာက္ျဖစ္တဲ့ ကြင္းလယ္လူဒီဘရူနီက ေျပာၾကားလုိက္ပါတယ္။ လက္ရွိခ်န္ပီယံမန္စီးတီးဟာ ဒီရာသီမွာ ၀က္ဖို႔ဒ္ကို ၈ ဂိုး၊ ၀က္စ္ဟမ္းကို ၅ ဂိုးသြင္းထားေပမယ့္ သူတို႔ကိုယ္တိုင္ကေတာ့ ပြဲစဥ္ ၁၁ အၿပီးမွာ ဦးေဆာင္သူလီဗာပူးနဲ႔ ၆ မွတ္ကြာေနဆဲပါပဲ။
မာေက်ာပါတယ္ဆုိတဲ့လီဗာပူးခံစစ္က ၿပီးခဲ့တဲ့ရာသီကထက္စာရင္ အနည္းမလုံၿခဳံေတာ့ေပမယ့္ အခုခ်ိန္ထိေတာ့ ပရီးမီးယားလိဂ္မွာ ၉ ဂိုးသာေပးထားရပါေသးတယ္။ လီဗာပူးခံစစ္ကိုဦးေဆာင္ေနတာကလည္း လက္ရွိကမာၻ႔အေကာင္းဆုံးေနာက္ခံလူလို႔ဆုိႏိုင္တဲ့ဗန္ဒစ္ဂ်္ျဖစ္ေနတာေၾကာင့္ မန္စီးတီးအေနနဲ႔ ေျခစြမ္းအရ အေကာင္းဆုံးအေနအထားရွိေနမွသာ အန္ဖီးလ္မွာ အမွတ္ျပည့္ယူဖို႔ အခြင့္အေရးရွိမွာပါ။ ေလာေလာဆယ္ေတာ့ မန္စီးတီးဟာ ၂၀၀၃ ကတည္းက လီဗာပူးအိမ္ကြင္းအန္ဖီးလ္မွာ အႏိုင္မရခဲ့တဲ့ မွတ္တမ္းဆိုးရွိထားပါတယ္။
”ခံစစ္နဲ႔ပတ္သက္လို႔ လီဗာပူးကစားတဲ့ပုံစံမ်ိဳး ကစားႏိုင္တဲ့အသင္း မ်ားမာ်းစားစားမရွိပါဘူး။ သူတုိ႔က အၿမဲတမ္းအဲဒီလိုလုပ္ႏိုင္တာပါ။ ဒါေၾကာင့္ လာမယ့္တနဂၤေႏြက်ရင္ ကၽြန္ေတာ္တို႔အတြက္ ကြဲျပားျခားနားတဲ့ပြဲတစ္ပြဲျဖစ္လာပါလိမ့္မယ္။ ဒါဟာ ပြဲႀကီးပြဲေကာင္းတစ္ပြဲဆုိတာ ကၽြန္ေတာ္တို႔သိပါတယ္။ လီဗာပူးက ေရွ႕ကဦးေဆာင္ေနတာဆိုေတာ့ ကၽြန္ေတာ္တုိ႔ဘက္က အမွီလိုက္ႏိုင္သေလာက္ လုိက္ရမွာပါ”လုိ႔ ဒီဘရူနီက ေျပာၾကားခဲ့ပါတယ္။