Photo Credit
Photo Credit
လီဗာပူး အမျိုးသမီး ဘောလုံးကွင်းဟာ ရွှံ့တွေနဲ့ ပြည့်နှက်နေပြီး ကြောက်ခမန်းလိလိပါပဲလို့ ချဲလ်ဆီးအမျိုးသမီးနည်းပြ အန်မာဟေးရက်စ်က ပြောပါတယ်။ ကြိုးကြာနီအသင်းရဲ့ကွင်း မြက်ခင်းပြင်ဟာ ဆိုးရွားတဲ့ ရွှံ့တွေကြောင့် တိုက်စစ်ဖွင့်ကစားဖို့ ဘယ်လိုမှ အဆင်မပြေဘူးလို့ ဆိုပါတယ်။
Photo Credit
ဟေးရက်စ်က “ဒီကွင်းက လိဂ်ပြိုင်ပွဲရဲ့ကွင်းကို မဖြစ်သင့်ပါဘူး။ ဒီထက်ကောင်းတဲ့ကွင်းနဲ့ ကျွန်မတို့က ထိုက်တန်ပါတယ်။ ကျွန်မထင်တာတော့ လီဗာပူးအသင်း၊ ဥရောပရဲ့ ချန်ပီယံဆုကို သိမ်းပိုက်ထားတဲ့အသင်းဟာ သူတိ့ုရဲ့ အမျိုးသမီးအသင်းကိုလည်း သူတိ့ုလုပ်နိုင်တာထက် ပိုကောင်းအောင် ထောက်ပံ့ပေးသင့်ပါတယ်”လို့ ဝေဖန်ခဲ့ပါတယ်။
Photo Credit
ဆက်လက်ပြီး ဟေးရက်စ်က “ကွင်းရဲ့ အရည်အသွေးက လိဂ်မှာ အဆိုးဆုံးကွင်းလို့ ထင်ပါတယ်။ သူတိ့ုကွင်းက ရွှံ့တွေချည်းပါပဲ”လို့ ပြောပါတယ်။ ဟေးရက်စ်ဟာ တနင်္ဂနွေနေ့က လီဗာပူးအမျိုးသမီးအသင်းနဲ့ ၁-၁ စီသရေကျခဲ့တဲ့ပွဲစဉ်အပြီးမှာ ယခုလို ဝေဖန်ပြောဆိုခဲ့တာဖြစ်ပါတယ်။
Photo Credit
အဆိုပါကွင်းဟာ စိုစွတ်နေပြီး ၂ သင်းစလုံး ကစားရတာ အဆင်မပြေဖြစ်ခဲ့တဲ့အပြင် ပြိုင်ပွဲပြီးဆုံးချိန်မှာ ကစားသမားတွေရဲ့ ကိုယ်ခန္ဓာမှာ ရွံှ့တွေ ပေကျံနေခဲ့ပါတယ်။ လီဗာပူးအမျိုးသမီးအသင်းကတော့ ဒီရာသီမှာ အမျိုးသားအသင်းနဲ့ ဆန်ကျင်ဘက်ဖြစ်ပြီး ရမှတ်တွေရရှိဖိ့ု ရုန်းကန်နေရတာ ဖြစ်ပါတယ်။
Photo Credit
အဆိုပါပွဲစဉ်မှာ နန့်ချာလတ်စ်က ၃ မှတ်ရရှိစေမယ့် အဖွင့်ဂိုးကို သွင်းယူပေးထားနိုင်ခဲ့ပေမယ့် ချဲလ်ဆီးအသင်းသား ဘတ်က ချေပဂိုး ပြန်လည်သွင်းယူသွားခဲ့တာကြောင့် သရေတစ်မှတ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ လီဗာပူးအသင်းဟာ ဂိုးကွာခြားချက်နဲ့ အမျိုးသမီးစူပါလိဂ်အမှတ်ပေးပြိုင်ပွဲရဲ့အောက်ဆုံးကနေရုန်းထွက်နိုင်ခဲ့ပါတယ်။ အမျိုးသမီးပြိုင်ပွဲ အမှတ်ပေးဇယားမှာတော့ ချဲလ်ဆီးအသင်းက တတိယနေရာမှာ ရပ်တည်နေပြီး မန်စီးတီးက ဒုတိယနဲ့ အာဆင်နယ်က ပထမနေရာမှာ အသီးသီး ရပ်တည်နေပါတယ်။
Photo Credit
Zawgyi
လီဗာပူးကွင်း ပရန်တန်ပါ့ခ်ကို ဝေဖန်ပြောဆိုလိုက်တဲ့ ချဲလ်ဆီးအမျိုးသမီး နည်းပြ အန်မာဟေးရက်စ်
အဆိုပါကွင်းဟာ စိုစွတ်နေပြီး ၂ သင်းစလုံး ကစားရတာ အဆင်မပြေဖြစ်ခဲ့တဲ့အပြင် ပြိုင်ပွဲပြီးဆုံးချိန်မှာ ကစားသမားတွေရဲ့ ကိုယ်ခန္ဓာမှာ ရွှံ့တွေ ပေကျံနေခဲ့ပါတယ်။ လီဗာပူးအမျိုးသမီးအသင်းကတော့ ဒီရာသီမှာ အမျိုးသားအသင်းနဲ့ ဆန်ကျင်ဘက်ဖြစ်ပြီး ရမှတ်တွေရရှိဖို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။