လီဗာပူးကွင်းလယ်လူဟောင်း ရှယ်လ်ဗေးရဲ့ဂိုးကြောင့် နိုင်ပွဲပျောက်သွားတဲ့ စီးတီး (နယူးကာဆယ် ၂-၂ စီးတီး ပွဲပြီးမြင်ကွင်းကျယ်)

Photo Credit

 

Photo Credit

အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးနဲ့အမှတ်ကွာဟနေမှုကို ကျဉ်းမြောင်းစေဖို့ ကြိုးစားနေတဲ့ စီးတီးဟာ ဒီပွဲမှာတော့ နယူးကာဆယ်အသင်းရဲ့တုံ့ပြန်အားကြောင့် အမှတ်လျော့ကျသွားပြီး ချန်ပီယံသရဖူကာကွယ်နိုင်ရေး မျှော်လင့်ချက်လည်း ပိုမိုနည်းပါးသွားပါတယ်။

Photo Credit

နယူးကာဆယ်အသင်းက ၅-၄-၁ ပုံစံနဲ့ ခံစစ်ပိတ်ကစားသွားပေမယ့် စီးတီးအသင်း အပိုင်အခွင့်အရေးတွေအများအပြားရခဲ့ပြီး အထူးသဖြင့် ဒုတိယပိုင်းမှာ အပိုင်အခွင့်အရေး ၂ကြိမ်လွဲချော်ခဲ့ရတာက စီးတီးကို ဒီလိုနိုင်ပွဲပျောက်စေခဲ့တာဖြစ်ပါတယ်။

Photo Credit

အထူးသဖြင့် နာကျင်အချိန်ပိုမှာ တောင်ပံတိုက်စစ်မှူး စတာလင်း အပိုင်အခွင့်အရေးရခဲ့ပြီး ဂိုးသမားနဲ့ အနီးကပ်အနေအထားကနေ ကန်သွင်းခဲ့ပေမယ့် အဆုံးသတ်ပိုင်းအားနည်းသွားလု့ိ အိမ်ရှင်ဂိုးသမား ကာကွယ်နိုင်ခဲ့ပါတယ်။ ဒီဂိုးသွင်းခွင့်အတွက် ပင်နယ်တီဧရိယာဘယ်ဘက်ကနေ အသာမတင် လှလှပပဖန်တီးပေးခဲ့တဲ့ ဒီဘရိုင်းကိုတောင်မှအားမနာ တကယ့်ကိုအပိုင်အခွင့်အရေးပါ။

Photo Credit

နောက်ပြီး ၁-၁ ဂိုးဖြစ်နေချိန် ပင်နယ်တီအမှတ်အသားလောက်ကနေ တစ်ယောက်တည်းကန်သွင်းခွင့်ရခဲ့တဲ့ ဘာနာဒိုဆေးလ်ဗားရဲ့ကန်ချက်ကလည်း ဂိုးပေါက်တောင်မတည့်ဘဲ ဂိုးလွန်ဘောသာဖြစ်သွားပါတယ်။

Photo Credit

နယူးကာဆယ်ကတော့ မက်ဆီမင်နဲ့ ဝီလျံတို့ရဲ့ဘယ်တောင်ပံကနေ တန်ပြန်တိုက်စစ်ဆင်ကစားခဲ့ပြီး ဦးဆောင်ဂိုးပေးလိုက်ရလို့ ၃ မိနစ်အကြာ ပွဲချိန် ၂၅ မိနစ်မှာ ဝီလျံက ပင်နယ်တီဧရိယာထဲကနေ အပြင်းကန်သွင်းယူနိုင်ခဲ့လို့ ချေပဂိုးရရှိခဲ့ပါတယ်။

Photo Credit

ကန်ချက်က အတော်လေးကောင်းပြီး ဂိုးသမား အီဒါဆန် ဘယ်လိုမှမကာကွယ်နိုင်ခဲ့ပါဘူး။ ဒီပွဲမှာ သွင်းယူခဲ့တဲ့ဂိုးအများစုက အတော်လေးအဆင့်မြင့်ခဲ့ပြီး ဒီဘရိုင်းသွင်းယူသွားတဲ့ဂိုးဆို တစ်နှစ်တာအကောင်းဆုံးသွင်းဂိုးအတွက် ပဏာမစာရင်းတောင် ဝင်လောက်ပါတယ်။

Photo Credit

နယူးကာဆယ်ခံစစ် ခေါင်းတိုက်ရှင်းထုတ်လို့ ပင်နယ်တီဧရိယာထိပ် ကျလာတာကို ဒီဘရိုင်းက ရင်ဘတ်နဲ့ တစ်ချက်ထိန်းကာ အပြင်းကန်သွင်းခဲ့တာဖြစ်ပြီး ဘောလုံးကလည်း ဘားအောက်ထိကာ ဂိုးထဲဝင်သွားတာပါ။

Photo Credit

လီဗာပူးကွင်းလယ်လူဟောင်း ရှယ်လ်ဗေးရဲ့ဂိုးကလည်း လှပပြီး ညာတောင်ပံမှာရရှိတဲ့ပြစ်ဒဏ်ဘောကို အက်ဆုက ဂိုးရှေ့ကန်မတင်ဘဲ ပင်နယ်တီဧရိယာထိပ်မှာ တစ်ယောက်တည်းရှိနေတဲ့ ရှယ်လ်ဗေးဆီ အသာမျှောပေးလိုက်ပါတယ်။

Photo Credit

ဒါကို ရှယ်လ်ဗေးကလည်း ထိန်းမနေတော့ဘဲ တစ်ခါတည်း ဂိုးသမားရဲ့ညာဘက်ထောင့်ထဲ ခါးဖြတ်ဘောကန်လိုက်တာ ဂိုးဝင်သွားပါတယ်။

Photo Credit

Zawgyi

လီဗာပူးကြင္းလယ္လူေဟာင္း ရွယ္လ္ေဗးရဲ႕ဂိုးေၾကာင့္ ႏိုင္ပြဲေပ်ာက္သြားတဲ့ စီးတီး (နယူးကာဆယ္ ၂-၂ စီးတီး ပြဲၿပီးျမင္ကြင္းက်ယ္)

အမွတ္ေပးဇယားထိပ္ဆုံးက လီဗာပူးနဲ႔အမွတ္ကြာဟေနမႈကို က်ဥ္းေျမာင္းေစဖုိ႔ ႀကိဳးစားေနတဲ့ စီးတီးဟာ ဒီပြဲမွာေတာ့ နယူးကာဆယ္အသင္းရဲ႕တုံ႔ျပန္အားေၾကာင့္ အမွတ္ေလ်ာ့က်သြားၿပီး ခ်န္ပီယံသရဖူကာကြယ္ႏိုင္ေရး ေမွ်ာ္လင့္ခ်က္လည္း ပိုမိုနည္းပါးသြားပါတယ္။ နယူးကာဆယ္အသင္းက ၅-၄-၁ ပုံစံနဲ႔ ခံစစ္ပိတ္ကစားသြားေပမယ့္ စီးတီးအသင္း အပိုင္အခြင့္ အေရးေတြ အမ်ားအျပားရခဲ့ၿပီး အထူးသျဖင့္ ဒုတိယပိုင္းမွာ အပိုင္အခြင့္အေရး ၂ႀကိမ္လြဲေခ်ာ္ခဲ့ရတာက စီးတီးကို ဒီလုိႏိုင္ ပြဲ ေပ်ာက္ေစခဲ့တာျဖစ္ပါတယ္။ အထူးသျဖင့္ နာက်င္အခ်ိန္ပုိမွာ ေတာင္ပံတုိက္စစ္မွဴး စတာလင္း အပိုင္အခြင့္အေရးရ ခဲ့ၿပီး ဂိုးသမားနဲ႔ အနီးကပ္အေနအထားကေန ကန္သြင္းခ့ဲေပမယ့္ အဆုံးသတ္ပိုင္းအားနည္းသြားလု႔ိ အိမ္ရွင္ဂိုးသမား ကာကြယ္ႏိုင္ခဲ့ပါတယ္။ ဒီဂိုးသြင္းခြင့္အတြက္ ပင္နယ္တီဧရိယာဘယ္ဘက္ကေန အသာမတင္ လွလွပပဖန္တီးေပးခဲ့တဲ့ ဒီဘ႐ိုင္းကိုေတာင္မွအားမနာ တကယ့္ကိုအပုိင္အခြင့္အေရးပါ။

ေနာက္ၿပီး ၁-၁ ဂိုးျဖစ္ေနခ်ိန္ ပင္နယ္တီအမွတ္အသားေလာက္ကေန တစ္ေယာက္တည္းကန္သြင္းခြင့္ရခဲ့တဲ့ ဘာနာဒို ေဆးလ္ဗားရဲ႕ကန္ခ်က္ကလည္း ဂိုးေပါက္ေတာင္မတည့္ဘဲ ဂိုးလြန္ေဘာသာျဖစ္သြားပါတယ္။ နယူးကာဆယ္ကေတာ့ မက္ဆီမင္နဲ႔ ၀ီလ်ံတုိ႔ရဲ႕ဘယ္ေတာင္ပံကေန တန္ျပန္တိုက္စစ္ဆင္ကစားခဲ့ၿပီး ဦးေဆာင္ဂိုးေပးလုိက္ရလုိ႔ ၃ မိနစ္အၾကာ ပြဲခ်ိန္ ၂၅ မိနစ္မွာ ၀ီလ်ံက ပင္နယ္တီဧရိယာထဲကေန အျပင္းကန္သြင္းယူႏုိင္ခဲ့လုိ႔ ေခ်ပဂိုးရရွိခဲ့ပါတယ္။ ကန္ခ်က္က အေတာ္ေလးေကာင္းၿပီး ဂိုးသမား အီဒါဆန္ ဘယ္လုိမွမကာကြယ္ႏိုင္ခဲ့ပါဘူး။ ဒီပြဲမွာ သြင္းယူခဲ့တဲ့ဂိုးအမ်ားစုက အေတာ္ ေလးအဆင့္ျမင့္ခဲ့ၿပီး ဒီဘ႐ိုင္းသြင္းယူသြားတဲ့ဂိုးဆို တစ္ႏွစ္တာအေကာင္းဆုံးသြင္းဂိုးအတြက္ ပဏာမစာရင္းေတာင္ ၀င္ေလာက္ပါတယ္။

နယူးကာဆယ္ခံစစ္ ေခါင္းတုိက္ရွင္းထုတ္လုိ႔ ပင္နယ္တီဧရိယာထိပ္ က်လာတာကို ဒီဘ႐ိုင္းက ရင္ဘတ္နဲ႔ တစ္ခ်က္ ထိန္းကာ အျပင္းကန္သြင္းခဲ့တာျဖစ္ၿပီး ေဘာလုံးကလည္း ဘားေအာက္ထိကာ ဂိုးထဲ၀င္သြားတာပါ။ လီဗာပူး ကြင္းလယ္ လူေဟာင္း ရွယ္လ္ေဗးရဲ႕ဂိုးကလည္း လွပၿပီး ညာေတာင္ပံမွာရရွိတဲ့ျပစ္ဒဏ္ေဘာကို အက္ဆုက ဂိုးေရွ႕ကန္မတင္ဘဲ ပင္နယ္တီဧရိယာထိပ္မွာ တစ္ေယာက္တည္းရွိေနတဲ့ ရွယ္လ္ေဗးဆီ အသာေမွ်ာေပးလုိက္ပါတယ္။ ဒါကို ရွယ္လ္ေဗး က လည္း ထိန္းမေနေတာ့ဘဲ တစ္ခါတည္း ဂိုးသမားရဲ႕ညာဘက္ေထာင့္ထဲ ခါးျဖတ္ေဘာကန္လုိက္တာ ဂိုး၀င္သြားပါတယ္။