
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
မန်စီးတီးနည်းပြ ဂွါဒီယိုလာက လီဗာပူးအသင်းဟာ မိမိကို ပိုကောင်းတဲ့နည်းပြ ဖြစ်လာစေကြောင်း ပြောကြားခဲ့ပါတယ်။
ဒီတစ်ပတ် တနင်္ဂနွေနေ့မှာတော့ လီဗာပူး နဲ့ မန်စီးတီး တို့ဟာ အန်ဖီးလ် ကွင်းကြီးထဲမှာ ယှဉ်ပြိုင် ကစားကြတော့မှာဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ချန်ပီယံဆု ကို မှန်းနေတဲ့ အသင်းတွေ ထိပ်တိုက် တွေ့ဆုံနေကြတာ ဖြစ်လို့ ၊ နိုင်ငံတကာ ပွဲစဉ်တွေ မတိုင်ခင် ပွဲကောင်း တစ်ပွဲကို ကြည့်ခွင့် ရရှိသွားမှာ ဖြစ်ပါတယ်။
မန်စီးတီးနှင့် လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်နောက်ဆုံး (၄)ရာသီတွင် ချန်ပီယံဆုများကို သိမ်းပိုက်နိုင်ခဲ့ပြီး မန်စီးတီးအသင်းက ချန်ပီယံဆုကို (၃)ကြိမ်နှင့် လီဗာပူးအသင်းက ချန်ပီယံဆုကို (၁)ကြိမ် ရယူထားနိုင်ခဲ့ပါတယ်။
လီဗာပူးအသင်းနှင့် ကစားမယ့်ပွဲအတွက် ပွဲကြိုမီဒီယာတွေ့ဆုံမှုတွင် ဂွါဒီယိုလာက “ယာဂန်ကလော့ပ်ရဲ့ လီဗာပူးအသင်းက ကျွန်တော့်ကို ပိုကောင်းတဲ့ နည်းပြဖြစ်အောင် ကူညီပေးပါတယ်။
ကလော့ပ်က ကျွန်တော့်ကို နောက်တစ်ဆင့်ရောက်အောင်၊ ပိုကောင်းတဲ့နည်းပြဖြစ်အောင်၊ ကိုယ့်ကိုယ်ကို သက်သေပြနိုင်အောင် ကူညီပေးပါတယ်။
ဒါကြောင့် ဒီလောကမှာ ကျွန်တော် ဆက်ရှိနေတာပါ။
ကျွန်တော် မန်စီးတီးအသင်းကို ရောက်ကတည်းကလီဗာပူးအသင်းက ကျွန်တော်တို့နဲ့အတူ ထိပ်ဆုံးမှာ အမြဲရှိနေတာပါ။ ပြီးခဲ့တဲ့(၄)နှစ်အတွင်း အချိန်တိုင်းလိုလို ကျွန်တော်တို့ ထိပ်ဆုံးနေရာကို လုခဲ့ကြတာပါ။
ဒါက နှစ်သင်းစလုံးအတွက် ဂုဏ်ယူစရာလည်း ဖြစ်ပါတယ်။
ဒါပေမယ့်ပရီးမီးယားလိဂ်မှာ ချန်ပီယံဆုကို စိန်ခေါ်နိုင်တာ တစ်သင်း၊ နှစ်သင်းတည်း မဟုတ်ဘဲ အသင်းပေါင်းများစွာ ရှိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဘောလုံးရာသီ ကတော့ မန်စီးတီး ဟာ 18 နှစ် အတွင်း ပထမဆုံး အကြိမ် အန်ဖီးလ် ကွင်းထဲမှာ လီဗာပူး ကို အနိုင်ယူပြခဲ့ပါတယ်။
သို့သော်လည်း Lockdown ကာလမျိုး ဖြစ်တာကြောင့် နာမည်ကျော် လီဗာပူး ပရိသတ်တွေ ကွင်းထဲမှာ ရှိမနေခဲ့ပါဘူး။
ဂွာဒီယိုလာ ကတော့ ပရိသတ် အပြည့်နဲ့ အန်ဖီးလ်မှာတောင် အလားတူ ရလဒ်မျိုး ရရှိအောင် စွမ်းဆောင်ပြချင်တဲ့ အကြောင်းကိုလည်း အခုလို ဆက်ပြီး ပြောပြသွားခဲ့ ပါတယ်။
“ အန်ဖီးလ်မှာ ပရိသတ်အပြည့်နဲ့ ဆိုရင်တောင် ကျွန်တော်တို့က သူတင်ကိုယ်တင် ယှဉ်ကစားပြနိုင်ပါတယ်။
ပရိသတ်တွေကွင်းထဲ ဝင်ခွင့်ရတဲ့ အချက်က ကောင်းသလို ၊ ကျွန်တော်တို့လည်း သူတို့ရှေ့မှာ ပျော်ရွှင်မှု အပြည့်နဲ့ ကစားမှာပါ။
သူတို့ ပေးလာမယ့် ဖိအားတွေကိုလည်း အကောင်းဆုံး ကိုင်တွယ်နိုင်ဖို့ မျှော်လင့်ထားပါတယ်။”လို့ ပြောပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
လီဗာပူးေၾကာင့္ ပိုေကာင္းတဲ့ နည္းျပတစ္ေယာက္ ျဖစ္လာတာပါဆိုတဲ့ ဂြာဒီယိုလာ
မန္စီးတီးနည္းျပ ဂြါဒီယိုလာက လီဗာပူးအသင္းဟာ မိမိကို ပိုေကာင္းတဲ့နည္းျပ ျဖစ္လာေစေၾကာင္း ေျပာၾကားခဲ့ပါတယ္။ ဒီတစ္ပတ္ တနဂၤေႏြေန႔မွာေတာ့ လီဗာပူး နဲ႔ မန္စီးတီး တို႔ဟာ အန္ဖီးလ္ ကြင္းႀကီးထဲမွာ ယွဥ္ၿပိဳင္ ကစားၾကေတာ့မွာျဖစ္ပါတယ္။ ပရီးမီးယားလိဂ္ ခ်န္ပီယံဆု ကို မွန္းေနတဲ့ အသင္းေတြ ထိပ္တိုက္ ေတြ႕ဆုံေနၾကတာ ျဖစ္လို႔ ၊ ႏိုင္ငံတကာ ပြဲစဥ္ေတြ မတိုင္ခင္ ပြဲေကာင္း တစ္ပြဲကို ၾကည့္ခြင့္ ရရွိသြားမွာ ျဖစ္ပါတယ္။
မန္စီးတီးႏွင့္ လီဗာပူးအသင္းဟာ ပရီးမီးယားလိဂ္ေနာက္ဆုံး (၄)ရာသီတြင္ ခ်န္ပီယံဆုမ်ားကို သိမ္းပိုက္ႏိုင္ခဲ့ၿပီး မန္စီးတီးအသင္းက ခ်န္ပီယံဆုကို (၃)ႀကိမ္ႏွင့္ လီဗာပူးအသင္းက ခ်န္ပီယံဆုကို (၁)ႀကိမ္ ရယူထားႏိုင္ခဲ့ပါတယ္။
လီဗာပူးအသင္းႏွင့္ ကစားမယ့္ပြဲအတြက္ ပြဲႀကိဳမီဒီယာေတြ႕ဆုံမႈတြင္ ဂြါဒီယိုလာက “ယာဂန္ကေလာ့ပ္ရဲ႕ လီဗာပူးအသင္းက ကြၽန္ေတာ့္ကို ပိုေကာင္းတဲ့ နည္းျပျဖစ္ေအာင္ ကူညီေပးပါတယ္။ ကေလာ့ပ္က ကြၽန္ေတာ့္ကို ေနာက္တစ္ဆင့္ေရာက္ေအာင္၊ ပိုေကာင္းတဲ့နည္းျပျဖစ္ေအာင္၊ ကိုယ့္ကိုယ္ကို သက္ေသျပႏိုင္ေအာင္ ကူညီေပးပါတယ္။ ဒါေၾကာင့္ ဒီေလာကမွာ ကြၽန္ေတာ္ ဆက္ရွိေနတာပါ။ ကြၽန္ေတာ္ မန္စီးတီးအသင္းကို ေရာက္ကတည္းကလီဗာပူးအသင္းက ကြၽန္ေတာ္တို႔နဲ႔အတူ ထိပ္ဆုံးမွာ အၿမဲရွိေနတာပါ။ ၿပီးခဲ့တဲ့(၄)ႏွစ္အတြင္း အခ်ိန္တိုင္းလိုလို ကြၽန္ေတာ္တို႔ ထိပ္ဆုံးေနရာကို လုခဲ့ၾကတာပါ။ ဒါက ႏွစ္သင္းစလုံးအတြက္ ဂုဏ္ယူစရာလည္း ျဖစ္ပါတယ္။ ဒါေပမယ့္ပရီးမီးယားလိဂ္မွာ ခ်န္ပီယံဆုကို စိန္ေခၚႏိုင္တာ တစ္သင္း၊ ႏွစ္သင္းတည္း မဟုတ္ဘဲ အသင္းေပါင္းမ်ားစြာ ရွိပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။
ၿပီးခဲ့တဲ့ ေဘာလုံးရာသီ ကေတာ့ မန္စီးတီး ဟာ 18 ႏွစ္ အတြင္း ပထမဆုံး အႀကိမ္ အန္ဖီးလ္ ကြင္းထဲမွာ လီဗာပူး ကို အႏိုင္ယူျပခဲ့ပါတယ္။ သို႔ေသာ္လည္း Lockdown ကာလမ်ိဳး ျဖစ္တာေၾကာင့္ နာမည္ေက်ာ္ လီဗာပူး ပရိသတ္ေတြ ကြင္းထဲမွာ ရွိမေနခဲ့ပါဘူး။
ဂြာဒီယိုလာ ကေတာ့ ပရိသတ္ အျပည့္နဲ႔ အန္ဖီးလ္မွာေတာင္ အလားတူ ရလဒ္မ်ိဳး ရရွိေအာင္ စြမ္းေဆာင္ျပခ်င္တဲ့ အေၾကာင္းကိုလည္း အခုလို ဆက္ၿပီး ေျပာျပသြားခဲ့ ပါတယ္။
“ အန္ဖီးလ္မွာ ပရိသတ္အျပည့္နဲ႔ ဆိုရင္ေတာင္ ကြၽန္ေတာ္တို႔က သူတင္ကိုယ္တင္ ယွဥ္ကစားျပႏိုင္ပါတယ္။ ပရိသတ္ေတြကြင္းထဲ ဝင္ခြင့္ရတဲ့ အခ်က္က ေကာင္းသလို ၊ ကြၽန္ေတာ္တို႔လည္း သူတို႔ေရွ႕မွာ ေပ်ာ္႐ႊင္မႈ အျပည့္နဲ႔ ကစားမွာပါ။ သူတို႔ ေပးလာမယ့္ ဖိအားေတြကိုလည္း အေကာင္းဆုံး ကိုင္တြယ္ႏိုင္ဖို႔ ေမွ်ာ္လင့္ထားပါတယ္။”လို႔ ေျပာပါတယ္။