လီဗာပူးကုိ အမုန္းက်ိန္စာမျပယ္ေသးတဲ့ဒီေအာ့ဖ္…ဒီႏွစ္လည္း ခ်န္ပီယံျဖစ္မွာမဟုတ္ဘူးလုိ႔ လီဗာပူးကို ဒီေအာ့ဖ္တုိက္ခုိက္

Photo Credit

Photo Credit

ၿပီးခဲ့တဲ့ရာသီက လီဗာပူးအသင္းဟာ ပရီးမီးယားလိဂ္ဖလားကိုလႊတ္ပစ္ခဲ့ၿပီး ဒုတိယနဲ႔သာေက်နပ္ခဲ့ရသလို ဒီႏွစ္မွာလည္း ဖိအားေတြကိုခံႏိုင္ရည္ရွိမွာမဟုတ္ဘူးလို႔ လီဗာပူးတိုက္စစ္မွဴးေဟာင္း ဒီေအာ့ဖ္ကေျပာၾကားလိုက္ပါတယ္။

Photo Credit ; Getty Images

ၿပီးခဲ့တဲ့ရာသီက လီဗာပူးအသင္းနဲ႔ မန္စီးတီးအသင္းတို႔ဟာ တစ္ရာသီလံုးအမွတ္ေပးဖလားရရွိဖို႔ ယွဥ္ၿပိဳင္ခဲ့ၾကပါတယ္၊ ဒါေပမဲ့ အဆံုးမွာေတာ့ ပက္ဂြါဒီယိုလာရဲ႕အသင္းကသာ လီဗာပူးအသင္းကို ၁ မွတ္အသာနဲ႔ ခ်န္ပီယံဆုဖလားကိုသိမ္းပိုက္သြားခဲ့ပါတယ္။

Photo Credit ; AP

၂၀၀၂-၂၀၀၅ ရာသီအတြင္းပြဲစဥ္ ၈၀ ပြဲထြက္ကစားခြင့္ရခဲ့ၿပီး သြင္းဂိုး၆ ဂိုးသြင္းယူေပးခဲ့တဲ့ ဒီေအာ့ဖ္က ”ၿပီးခဲ့တဲ့ရာသီက သူတို႔လြဲေခ်ာ္ခဲ့သလိုပဲ ဒီရာသီမွာလည္းေကာင္းေကာင္းလုပ္ႏိုင္မယ္လို႔ ကၽြန္ေတာ္မျမင္မိဘူး“လို႔ ေျပာပါတယ္။

Photo Credit

ဒီေအာ့ဖ္က “ၿပီးခဲ့တဲ့ရာသီကအမွတ္ေပးဖလားရရွိဖို႔ လီဗာပူးအသင္းကအခြင့္အေရးရွိခဲ့ပါတယ္၊ သူတို႔လက္ထဲမွာပဲရွိခဲ့တာပါ၊ ခရစၥမတ္ကာလတုန္းက လီဗာပူးကစီးတီးကို ၇ မွတ္ျဖတ္ထားႏိုင္ခဲ့တာပါ”

Photo Credit

”ဒါေပမဲ့ သူတို႔ ဆုဖလားမရခဲ့ပါဘူး၊ ကၽြန္ေတာ္ထင္ထားခဲ့သလိုပဲ ရာသီကုန္ဆံုးခ်ိန္မွာ စီးတီးကအႏိုင္ယူသြားခဲ့ပါတယ္၊ အဂၤလန္မွာသူတို႔ေျပာခဲ့သလိုပဲ သူတို႔ ဆုဖလားကိုလႊတ္ပစ္ခဲ့တယ္လို႔ ကၽြန္ေတာ္္ ထင္ပါတယ္“လို႔ ဆက္ေျပာပါတယ္။

Photo Credit

ဆက္လက္ၿပီး ဒီေအာ့ဖ္က “ခင္ဗ်ားတစ္ရာသီလံုးမွာ တစ္ပြဲပဲရံႈးနိမ့္ခဲ့မယ္ဆိုရင္ ခင္ဗ်ားရာသီကုန္မွာဖလားမရႏိုင္ဘူးလား? ဒီရာသီမွာလည္းတူညီတဲ့ျဖစ္ရပ္မ်ိဳး ျဖစ္လာမလားဆိုတာ ကၽြန္ေတာ္ ေတြးရမွာေတာင္ ခက္ခဲပါတယ္”

Photo Credit

”စီးတီးကပဲသူတို႔ကိုထပ္ၿပီးအႏိုင္ယူသြားပါလိမ့္မယ္“လို႔ ေျပာသြားခဲ့ပါတယ္။ ဒီရာသီမွာေတာ့ လီဗာပူးအသင္းဟာ ပရီးမီးယားလိဂ္ပြဲစဥ္ ၆ ပြဲစလံုးအႏိုင္ရရွိထားၿပီး ဒီေန႔ညေနမွာေတာ့ ရွက္ဖီးလ္ယူႏိုက္တက္အသင္းကို ဧည့္သည္အျဖစ္ သြားေရာက္ယွဥ္ၿပိဳင္ ကစားရမွာျဖစ္ပါတယ္။

Photo Credit

Unicode

လီဗာပူးကို အမုန်းကျိန်စာမပြယ်သေးတဲ့ဒီအော့ဖ်…ဒီနှစ်လည်း ချန်ပီယံဖြစ်မှာမဟုတ်ဘူးလို့ လီဗာပူးကို ဒီအော့ဖ်တိုက်ခိုက်

ပြီးခဲ့တဲ့ရာသီက လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ဖလားကိုလွှတ်ပစ်ခဲ့ပြီး ဒုတိယနဲ့သာကျေနပ်ခဲ့ရသလို ဒီနှစ်မှာလည်း ဖိအားတွေကိုခံနိုင်ရည်ရှိမှာမဟုတ်ဘူးလို့ လီဗာပူးတိုက်စစ်မှူးဟောင်း ဒီအော့ဖ်ကပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ရာသီက လီဗာပူးအသင်းနဲ့ မန်စီးတီးအသင်းတို့ဟာ တစ်ရာသီလုံးအမှတ်ပေးဖလားရရှိဖို့ ယှဉ်ပြိုင်ခဲ့ကြပါတယ်၊ ဒါပေမဲ့ အဆုံးမှာတော့ ပက်ဂွါဒီယိုလာရဲ့အသင်းကသာ လီဗာပူးအသင်းကို ၁ မှတ်အသာနဲ့ ချန်ပီယံဆုဖလားကိုသိမ်းပိုက်သွားခဲ့ပါတယ်။
၂၀၀၂-၂၀၀၅ ရာသီအတွင်းပွဲစဉ် ၈၀ ပွဲထွက်ကစားခွင့်ရခဲ့ပြီး သွင်းဂိုး၆ ဂိုးသွင်းယူပေးခဲ့တဲ့ ဒီအော့ဖ်က ”ပြီးခဲ့တဲ့ရာသီက သူတို့လွဲချော်ခဲ့သလိုပဲ ဒီရာသီမှာလည်းကောင်းကောင်းလုပ်နိုင်မယ်လို့ ကျွန်တော်မမြင်မိဘူး“လို့ ပြောပါတယ်။
ဒီအော့ဖ်က “ပြီးခဲ့တဲ့ရာသီကအမှတ်ပေးဖလားရရှိဖို့ လီဗာပူးအသင်းကအခွင့်အရေးရှိခဲ့ပါတယ်၊ သူတို့လက်ထဲမှာပဲရှိခဲ့တာပါ၊ ခရစ္စမတ်ကာလတုန်းက လီဗာပူးကစီးတီးကို ၇ မှတ်ဖြတ်ထားနိုင်ခဲ့တာပါ”
”ဒါပေမဲ့ သူတို့ ဆုဖလားမရခဲ့ပါဘူး၊ ကျွန်တော်ထင်ထားခဲ့သလိုပဲ ရာသီကုန်ဆုံးချိန်မှာ စီးတီးကအနိုင်ယူသွားခဲ့ပါတယ်၊ အင်္ဂလန်မှာသူတို့ပြောခဲ့သလိုပဲ သူတို့ ဆုဖလားကိုလွှတ်ပစ်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်“လို့ ဆက်ပြောပါတယ်။
ဆက်လက်ပြီး ဒီအော့ဖ်က “ခင်ဗျားတစ်ရာသီလုံးမှာ တစ်ပွဲပဲရှုံးနိမ့်ခဲ့မယ်ဆိုရင် ခင်ဗျားရာသီကုန်မှာဖလားမရနိုင်ဘူးလား? ဒီရာသီမှာလည်းတူညီတဲ့ဖြစ်ရပ်မျိုး ဖြစ်လာမလားဆိုတာ ကျွန်တော် တွေးရမှာတောင် ခက်ခဲပါတယ်”
”စီးတီးကပဲသူတို့ကိုထပ်ပြီးအနိုင်ယူသွားပါလိမ့်မယ်“လို့ ပြောသွားခဲ့ပါတယ်။ ဒီရာသီမှာတော့ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၆ ပွဲစလုံးအနိုင်ရရှိထားပြီး ဒီနေ့ညနေမှာတော့ ရှက်ဖီးလ်ယူနိုက်တက်အသင်းကို ဧည့်သည်အဖြစ် သွားရောက်ယှဉ်ပြိုင် ကစားရမှာဖြစ်ပါတယ်။