လီဗာပူးကို အမီလိုက်ရင်း ခြေချော်သွားပြန်တဲ့ စီးတီး (စီးတီး ၂-၂ ပဲလေ့စ် ပွဲပြီးသုံးသပ်ချက်)

Photo Credit

Photo Credit

ပြီးခဲ့တဲ့ရာသီက အီတီဟတ်မှာ အိမ်ရှင်စီးတီးကို အနိုင်ရခဲ့တဲ့ ပဲလေ့စ်ဟာ ဒီပွဲမှာလည်း နောက်ကျဂိုးနဲ့ ၂-၂ ဂိုးသရေကစားကာ နဂိုကတည်းက အားနည်းနေတဲ့စီးတီးရဲ့ချန်ပီယံသရဖူကာကွယ်ရေး မျှော်လင့်ချက်ကို ငွေ့ငွေ့လေးပဲ ကျန်တော့တဲ့အထိ လုပ်ဆောင်ပြလိုက်ပြီး စီးတီးတိုက်စစ်မှူး အဂွဲရိုးကလည်း နောက်ထပ်ဂိုးသွင်းမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

Photo Credit

ဒီပွဲက ပွဲပြီးခါနီးမှ အလှည့်အပြောင်းတွေနဲ့အတူ ပရိသတ်တွေကို ရင်ခုန်မှုအပြည့်ပေးနိုင်ခဲ့ပြီး စီးတီးက ပွဲချိန် ၈၂မိနစ်နဲ့ ၈၇ မိနစ်တွေမှာ ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေ သွင်းယူကာ အမှတ်ပြည့်ရတော့မယ်ထင်နေတုန်းက နာကျင်အချိန်ပိုမှာ နောက်ခံလူ ဖာနန်ဒင်ဟိုက ကိုယ့်ဂိုးကိုယ်သွင်းမိသွားလို့ ၂-၂ ဂိုးသရေကျသွားတာဖြစ်ပြီး အခုဆိုရင် အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးနဲ့ ၂ပွဲပို ၁၃ မှတ်ကွာဟသွားကာ လီဗာပူးအနေနဲ့ ယူနိုက်တက်နဲ့ ဝက်စ်ဟမ်းတို့ကိုသာ အနိုင်ရခဲ့ရင် ပွဲတူအနေအထားမှာ ၁၉ မှတ်အထိ ပြတ်သွားမှာဖြစ်ပါတယ်။

Photo Credit

အသင်းအတွက် ၂ဂိုးစလုံးသွင်းယူနိုင်ခဲ့တဲ့ အဂွဲရိုးဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားစာရင်းမှာ သွင်းဂိုး ၁၇၉ ဂိုးနဲ့ စတုတ္ထနေရာမှာ လွတ်လွတ်ကျွတ်ကျွတ်ရပ်တည်နိုင်ခဲ့ပြီး တတိယနေရာက အန်ဒီကိုးလ်ကို ကျော်ဖြတ်ဖို့ကလည်း ၉ဂိုးပဲ လိုအပ်တော့လု့ိ ဒီရာသီမကုန်ခင်မှာတောင် ဖြစ်သွားနိုင်ပါတယ်။
ပွဲအစပိုင်းမှာ စီးတီးက ပိုမိုဖိအားပေးနိုင်ခဲ့ပြီး ပွဲချိန် ၁၄ မိနစ်မှာ ဒီဘရိုင်းရဲ့ ဖရီးကစ်ကန်သွင်းချက် ဘားထိထွက်သွားခဲ့လို့ နစ်နာခဲ့ရပါတယ်။

Photo Credit

ပဲလေ့စ်ကလည်း အပြန်အလှန်တုံ့ပြန်ကစားနိုင်ခဲ့ပြီး ပွဲချိန် ၁၇ မိနစ်မှာ ပင်နယ်တီဧရိယာအတွင်း စတုန်းရဲ့ဖိအားပေးမှုကြောင့် ဇာဟာ လဲကျသွားပေမယ့် ပင်နယ်တီမရခဲ့ပါဘူး။ ဒါပေမဲ့ ပွဲချိန် ၃၉ မိနစ်မှာတော့ အဲဗာတန်ကနေ အငှားနဲ့လာကစားနေတဲ့ တိုက်စစ်မှူး တိုဆန်က လွတ်လွတ်ကျွတ်ကျွတ်ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။

Photo Credit

အဲဒီနောက်မှာလည်း နှစ်သင်းစလုံး အခွင့်အရေးတွေ အပြန်အလှန်ရခဲ့ပြီး ဘာနာဒိုဆေးလ်ဗားရဲ့ထိုးဖောက်ကန်သွင်းမှုတွေကို ပဲလေ့စ်ဂိုးသမား ဂူအီတာ ကာကွယ်ခဲ့ရသလို စီးတီးဂိုးသမား အီဒါဆန်ကလည်း တိုဆန်ရဲ့ထိုးဖောက်မှုကို ကာကွယ်ခဲ့ရပါတယ်။

Photo Credit

ပွဲချိန်မိနစ် ၇၀ မှာ စီးတီးအသင်း ပင်နယ်တီကန်သွင်းခွင့်ရခဲ့ပေမယ့် VAR ပြန်ကြည့်ရာမှာတော့ ကွင်းလယ်ဒိုင် ဂရေဟမ်စကော့က ရိဒ်ဝဲလ်ရဲ့လက်ထိဘောကို ပင်နယ်တီအဖြစ် သတ်မှတ်ထားတာ ပြန်ဖျက်လိုက်ပါတယ်။

Photo Credit

ပွဲချိန် ၈၂ မိနစ်မှာတော့ လူစားဝင်တိုက်စစ်မှူး ဂျီးဆပ်စ် ဘယ်ဘက်ကနေ အသာလေးခုတ်တင်ပေးလိုက်တာကို အဂွဲရိုးက ပြေးဝင်ပိတ်သွင်းယူနိုင်ခဲ့လို့ စီးတီးအသင်း ချေပဂိုးရရှိခဲ့ပြီး ၅ မိနစ်အကြာမှာလည်း အဂွဲရိုးကပဲ မန်ဒီရဲ့ထောင့်ဖြတ်ဘောကနေ ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။

Photo Credit

ဒါပေမဲ့ စီးတီးရဲ့အပျော်က မိနစ်ပိုင်းပဲ ခံခဲ့ပြီး ပွဲချိန်မိနစ် ၉၀ မှာ ပဲလေ့စ်တိုက်စစ်မှူး ဝှစ်ဟမ်းရဲ့ဖိအားပေးမှုအောက်ကနေ ဖျက်ထုတ်ဖို့ ကြိုးစားရင်း စီးတီးနောက်ခံလူ ဖာနန်ဒင်ဟို ကိုယ့်ဂိုးကိုယ်သွင်းမိသွားလို့ စီးတီးအသင်း သရေတစ်မှတ်နဲ့ပဲ ကျေနပ်လိုက်ရပါတယ်။

Photo Credit

(Zawgyi)

လီဗာပူးကို အမီလုိက္ရင္း ေျခေခ်ာ္သြားျပန္တဲ့ စီးတီး (စီးတီး ၂-၂ ပဲေလ့စ္ ပြဲၿပီးသုံးသပ္ခ်က္)

ၿပီးခဲ့တဲ့ရာသီက အီတီဟတ္မွာ အိမ္ရွင္စီးတီးကို အႏိုင္ရခဲ့တဲ့ ပဲေလ့စ္ဟာ ဒီပြဲမွာလည္း ေနာက္က်ဂိုးနဲ႔ ၂-၂ ဂိုးသေရကစားကာ နဂိုကတည္းက အားနည္းေနတဲ့စီးတီးရဲ႕ခ်န္ပီယံသရဖူကာကြယ္ေရး ေမွ်ာ္လင့္ခ်က္ကို ေငြ႕ေငြ႕ေလးပဲ က်န္ေတာ့တဲ့အထိ လုပ္ေဆာင္ျပလုိက္ၿပီး စီးတီးတုိက္စစ္မွဴး အဂြဲ႐ိုးကလည္း ေနာက္ထပ္ဂိုးသြင္းမွတ္တမ္းတင္ႏိုင္ခဲ့ပါတယ္။
ဒီပြဲက ပြဲၿပီးခါနီးမွ အလွည့္အေျပာင္းေတြနဲ႔အတူ ပရိသတ္ေတြကို ရင္ခုန္မႈအျပည့္ေပးႏိုင္ခဲ့ၿပီး စီးတီးက ပြဲခ်ိန္ ၈၂မိနစ္နဲ႔ ၈၇ မိနစ္ေတြမွာ ေခ်ပဂိုးနဲ႔ ဦးေဆာင္ဂိုးေတြ သြင္းယူကာ အမွတ္ျပည့္ရေတာ့မယ္ထင္ေနတုန္းက နာက်င္အခ်ိန္ပိုမွာ ေနာက္ခံလူ ဖာနန္ဒင္ဟိုက ကိုယ့္ဂိုးကုိယ္သြင္းမိသြားလုိ႔ ၂-၂ ဂိုးသေရက်သြားတာျဖစ္ၿပီး အခုဆုိရင္ အမွတ္ေပးဇယားထိပ္ဆုံးက လီဗာပူးနဲ႔ ၂ပဲြပို ၁၃ မွတ္ကြာဟသြားကာ လီဗာပူးအေနနဲ႔ ယူႏုိက္တက္နဲ႔ ၀က္စ္ဟမ္းတုိ႔ကိုသာ အႏိုင္ရခဲ့ရင္ ပြဲတူအေနအထားမွာ ၁၉ မွတ္အထိ ျပတ္သြားမွာျဖစ္ပါတယ္။
အသင္းအတြက္ ၂ဂိုးစလုံးသြင္းယူႏိုင္ခဲ့တဲ့ အဂြဲ႐ိုးဟာ ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္ ဂိုးသြင္းအမ်ားဆုံးကစားသမားစာရင္းမွာ သြင္းဂိုး ၁၇၉ ဂိုးနဲ႔ စတုတၳေနရာမွာ လြတ္လြတ္ကၽြတ္ကၽြတ္ရပ္တည္ႏိုင္ခဲ့ၿပီး တတိယေနရာက အန္ဒီကုိးလ္ကို ေက်ာ္ျဖတ္ဖို႔ကလည္း ၉ဂိုးပဲ လိုအပ္ေတာ့လု႔ိ ဒီရာသီမကုန္ခင္မွာေတာင္ ျဖစ္သြားႏိုင္ပါတယ္။
ပဲြအစပိုင္းမွာ စီးတီးက ပိုမိုဖိအားေပးႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၁၄ မိနစ္မွာ ဒီဘ႐ိုင္းရဲ႕ ဖရီးကစ္ကန္သြင္းခ်က္ ဘားထိထြက္သြားခဲ့လုိ႔ နစ္နာခဲ့ရပါတယ္။
ပဲေလ့စ္ကလည္း အျပန္အလွန္တုံ႔ျပန္ကစားႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၁၇ မိနစ္မွာ ပင္နယ္တီဧရိယာအတြင္း စတုန္းရဲ႕ဖိအားေပးမႈေၾကာင့္ ဇာဟာ လဲက်သြားေပမယ့္ ပင္နယ္တီမရခဲ့ပါဘူး။ ဒါေပမဲ့ ပဲြခ်ိန္ ၃၉ မိနစ္မွာေတာ့ အဲဗာတန္ကေန အငွားနဲ႔လာကစားေနတဲ့ တုိက္စစ္မွဴး တုိဆန္က လြတ္လြတ္ကၽြတ္ကၽြတ္ေခါင္းတိုက္သြင္းယူႏုိင္ခဲ့လုိ႔ ဦးေဆာင္ဂိုးရရွိခဲ့ပါတယ္။
အဲဒီေနာက္မွာလည္း ႏွစ္သင္းစလုံး အခြင့္အေရးေတြ အျပန္အလွန္ရခဲ့ၿပီး ဘာနာဒိုေဆးလ္ဗားရဲ႕ထိုးေဖာက္ကန္သြင္းမႈေတြကို ပဲေလ့စ္ဂိုးသမား ဂူအီတာ ကာကြယ္ခဲ့ရသလုိ စီးတီးဂိုးသမား အီဒါဆန္ကလည္း တိုဆန္ရဲ႕ထိုးေဖာက္မႈကို ကာကြယ္ခဲ့ရပါတယ္။
ပဲြခ်ိန္မိနစ္ ၇၀ မွာ စီးတီးအသင္း ပင္နယ္တီကန္သြင္းခြင့္ရခဲ့ေပမယ့္ VAR ျပန္ၾကည့္ရာမွာေတာ့ ကြင္းလယ္ဒိုင္ ဂေရဟမ္စေကာ့က ရိဒ္၀ဲလ္ရဲ႕လက္ထိေဘာကို ပင္နယ္တီအျဖစ္ သတ္မွတ္ထားတာ ျပန္ဖ်က္လုိက္ပါတယ္။
ပြဲခ်ိန္ ၈၂ မိနစ္မွာေတာ့ လူစား၀င္တုိက္စစ္မွဴး ဂ်ီးဆပ္စ္ ဘယ္ဘက္ကေန အသာေလးခုတ္တင္ေပးလုိက္တာကို အဂြဲ႐ိုးက ေျပး၀င္ပိတ္သြင္းယူႏုိင္ခဲ့လုိ႔ စီးတီးအသင္း ေခ်ပဂိုးရရွိခဲ့ၿပီး ၅ မိနစ္အၾကာမွာလည္း အဂြဲ႐ိုးကပဲ မန္ဒီရဲ႕ေထာင့္ျဖတ္ေဘာကေန ေခါင္းတုိက္သြင္းယူႏုိင္ခဲ့လုိ႔ ဦးေဆာင္ဂိုးရရွိခဲ့ပါတယ္။
ဒါေပမဲ့ စီးတီးရဲ႕အေပ်ာ္က မိနစ္ပိုင္းပဲ ခံခဲ့ၿပီး ပြဲခ်ိန္မိနစ္ ၉၀ မွာ ပဲေလ့စ္တုိက္စစ္မွဴး ၀ွစ္ဟမ္းရဲ႕ဖိအားေပးမႈေအာက္ကေန ဖ်က္ထုတ္ဖို႔ ႀကိဳးစားရင္း စီးတီးေနာက္ခံလူ ဖာနန္ဒင္ဟုိ ကုိယ့္ဂိုးကုိယ္သြင္းမိသြားလုိ႔ စီးတီးအသင္း သေရတစ္မွတ္နဲ႔ပဲ ေက်နပ္လုိက္ရပါတယ္။