လီဗာပူးကို အမီလိုက်ရင်း ပိုဝေးသွားရပြီလားစီးတီး…ဝုဗ်ကို အိမ်ကွင်းမှာ ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့စီးတီး လီဗာပူးနဲ့ ၈မှတ်အထိကွာသွား

Photo Credit

Photo Credit

ဝုဗ်တောင်ပံကစားသမား အဒါမာထရာအိုရေးရဲ့ကစားသမားဘဝတစ်လျှောက် ဒုတိယမြောက်နဲ့ တတိယမြောက်ပရီးမီးယားလိဂ်သွင်းဂိုးက ၂နှစ်ဆက်ပရီးမီးယားလိဂ်ချန်ပီယံစီးတီးအတွက် အတော်လေးထိခိုက်ခဲ့ရပြီး ပွဲစဉ် ၈အပြီးမှာပဲ အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးနဲ့ ၈မှတ်အထိ ကွာဟသွားခဲ့ပါတယ်။

Photo Credit

ထရာအိုရေးဟာ ယခင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၇၂ပွဲမှာ ၁ဂိုးပဲသွင်းယူနိုင်ခဲ့ပေမယ့် ဒီပွဲမှာတော့ အဲဒီ ၇၂ပွဲကစားပြီးမှသွင်းယူခဲ့တဲ့ဂိုးအရေအတွက်ထက် ပိုများခဲ့တာဖြစ်ပြီး စီးတီးဟာ ဘုန်းမောက်ကို ၁-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ အာဆင်နယ်နဲ့ ၁မှတ်ပဲ ကွာပါတော့တယ်။

Photo Credit

စီးတီးဟာ ဒီပွဲမှာ အဓိကကစားသမားအစုံအလင်ထုတ်သုံးခဲ့ပြီး ကြာသပတေးညမှာ ပေါ်တူဂီနိုင်ငံအထိသွားကာ ယူရိုပါလိဂ်ကစားခဲ့ရတဲ့ ဝုဗ်ကလည်း စီးတီးကစားရခက်တဲ့နည်းဗျူဟာဖြစ်တဲ့ ၃-၅-၂ ပုံစံနဲ့ အိမ်ရှင်အသင်းကို တုံ့ပြန်လာပါတယ်။

Photo Credit

ဒီပွဲရဲ့ပထမဆုံးဂိုးသွင်းခွင့်ရရှိခဲ့တာကလည်း ဝုဗ်အသင်းဖြစ်ပြီး ပွဲချိန် ၅မိနစ်မှာပဲ ကွင်းလယ်လူ မော်တင်ညိုရဲ့လှပတဲ့ဖန်တီးမှုကနေ တိုက်စစ်မှူး ကူထရိုနီ ဂိုးသမားနဲ့တစ်ယောက်ချင်းကန်သွင်းခွင့်ရခဲ့ပေမယ့် ဂိုးပေါက်နဲ့လွဲချော်သွားခဲ့လို့ ဧည့်သည်အသင်းနစ်နာခဲ့ရပါတယ်။

Photo Credit

နောက်ပိုင်းမှာလည်း ဝုဗ်ကပဲ ဂိုးသွင်းခွင့်တွေဆက်လက်ရရှိခဲ့ပြီး ဂျီမီနက်ဇ်ရဲ့ကန်သွင်းချက် ဂိုးသမား အီဒါဆန် ကာကွယ်လို့ ပြန်ထွက်လာတာကို ကူထရိုနီ ပိတ်သွင်းဖို့ အခွင့်အရေးရခဲ့ပေမယ့် စီးတီးနောက်ခံလူ ဖာနန်ဒင်ညို တားဆီးနိုင်ခဲ့ပါတယ်။ စီးတီးဟာ ပွဲချိန်မိနစ် ၃၀ နီးပါးအထိ ဘောလုံးပိုင်ဆိုင်မှု ၇၂ ရာခိုင်နှုန်းရှိခဲ့ဲတဲ့အထိ လွှမ်းမိုးကစားနိုင်ခဲ့ပေမယ့် ဝုဗ်က ဂိုးပေါက်သွင်းမှု ၄ကြိမ်ရှိချိန်မှာ စီးတီးကတော့ ၂ကြိမ်ပဲ ဂိုးပေါက်ကန်သွင်းနိုင်ခဲ့ပါတယ်။

Photo Credit

ပွဲချိန် ၃၂မိနစ်မှာ စတာလင်းက ဦးဆောင်ဂိုးရဖို့ ကြိုးစားတဲ့အနေနဲ့ ကန်သွင်းခဲ့ပေမယ့် ဝုဗ်ဂိုးသမားကာကွယ်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၆၆မိနစ်မှာ ဒေးဗစ်ဆေးလ်ဗားရဲ့ပြစ်ဒဏ်ဘောကန်သွင်းချက် ဘားထိထွက်သွားလို့လည်း စီးတီး နစ်နာခဲ့ရပါတယ်။

Photo Credit

ပွဲချိန်မိနစ် ၈၀ မှာတော့ ဝုဗ်အသင်း ဦးဆောင်ဂိုးရရှိသွားခဲ့ပြီး တန်ပြန်တိုက်စစ်ကနေ အော်တာမန်ဒီကို လှလှပပကျော်ဖြတ်ကာ ဂျီမီနက်ဇ် ပေးပို့ပေးတာကို ထရာအိုရေးက အသာကန်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ နာကျင်အချိန်ပိုမှာလည်း ပထမဂိုးအတိုင်းပဲ ဂျီမီနက်ဇ်က ဂိုးဖန်တီးသူ၊ ထရာအိုရေးက ဂိုးသွင်းသူအဖြစ် ထပ်မံရပ်တည်ကာ စီးတီးကို ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။

Photo Credit

ဝုဗ်ဟာ ၂၀၁၉ ခုနှစ်အတွင်း ပရီးမီးယားလိဂ်မှာ စီးတီးကို ပေးဂိုးမရှိကစားနိုင်တဲ့ပထမဆုံးအသင်းဖြစ်လာပါတယ်။ စီးတီးကလည်း ၂၀၁၆ မတ်လက နည်းပြဟောင်း ပယ်လီဂရီနီလက်ထက် ယူနိုက်တက်ကို ၁-၀ ဂိုးနဲ့အရေးနိမ့်ခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် အိမ်ကွင်းအီတီဟတ်မှာ ဂိုးမသွင်းနိုင်ဘဲအရေးနိမ့်ခဲ့ရတာဖြစ်ပါတယ်။

Photo Credit

Zawgyi

လီဗာပူးကို အမီလုိက္ရင္း ပိုေ၀းသြားရၿပီလားစီးတီး…၀ုဗ္ကို အိမ္ကြင္းမွာ ဂိုးျပတ္အေရးနိမ့္ခဲ့တဲ့စီးတီး လီဗာပူးနဲ႔ ၈မွတ္အထိကြာသြား

၀ုဗ္ေတာင္ပံကစားသမား အဒါမာထရာအုိေရးရဲ႕ကစားသမားဘ၀တစ္ေလွ်ာက္ ဒုတိယေျမာက္နဲ႔ တတိယေျမာက္ပရီးမီးယားလိဂ္သြင္းဂိုးက ၂ႏွစ္ဆက္ပရီးမီးယားလိဂ္ခ်န္ပီယံစီးတီးအတြက္ အေတာ္ေလးထိခုိက္ခဲ့ရၿပီး ပြဲစဥ္ ၈အၿပီးမွာပဲ အမွတ္ေပးဇယားထိပ္ဆုံးက လီဗာပူးနဲ႔ ၈မွတ္အထိ ကြာဟသြားခဲ့ပါတယ္။
ထရာအိုေရးဟာ ယခင္ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ၇၂ပြဲမွာ ၁ဂိုးပဲသြင္းယူႏိုင္ခဲ့ေပမယ့္ ဒီပြဲမွာေတာ့ အဲဒီ ၇၂ပဲြကစားၿပီးမွသြင္းယူခဲ့တဲ့ဂိုးအေရအတြက္ထက္ ပိုမ်ားခဲ့တာျဖစ္ၿပီး စီးတီးဟာ ဘုန္းေမာက္ကို ၁-၀ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ အာဆင္နယ္နဲ႔ ၁မွတ္ပဲ ကြာပါေတာ့တယ္။
စီးတီးဟာ ဒီပြဲမွာ အဓိကကစားသမားအစုံအလင္ထုတ္သုံးခဲ့ၿပီး ၾကာသပေတးညမွာ ေပၚတူဂီႏိုင္ငံအထိသြားကာ ယူ႐ိုပါလိဂ္ကစားခဲ့ရတဲ့ ၀ုဗ္ကလည္း စီးတီးကစားရခက္တဲ့နည္းဗ်ဴဟာျဖစ္တဲ့ ၃-၅-၂ ပုံစံနဲ႔ အိမ္ရွင္အသင္းကို တုံ႔ျပန္လာပါတယ္။
ဒီပြဲရဲ႕ပထမဆုံးဂိုးသြင္းခြင့္ရရွိခဲ့တာကလည္း ၀ုဗ္အသင္းျဖစ္ၿပီး ပြဲခ်ိန္ ၅မိနစ္မွာပဲ ကြင္းလယ္လူ ေမာ္တင္ညိဳရဲ႕လွပတဲ့ဖန္တီးမႈကေန တုိက္စစ္မွဴး ကူထ႐ုိနီ ဂိုးသမားနဲ႔တစ္ေယာက္ခ်င္းကန္သြင္းခြင့္ရခဲ့ေပမယ့္ ဂိုးေပါက္နဲ႔လဲြေခ်ာ္သြားခဲ့လုိ႔ ဧည့္သည္အသင္းနစ္နာခဲ့ရပါတယ္။
ေနာက္ပုိင္းမွာလည္း ၀ုဗ္ကပဲ ဂိုးသြင္းခြင့္ေတြဆက္လက္ရရွိခဲ့ၿပီး ဂ်ီမီနက္ဇ္ရဲ႕ကန္သြင္းခ်က္ ဂုိးသမား အီဒါဆန္ ကာကြယ္လုိ႔ ျပန္ထြက္လာတာကို ကူထ႐ိုနီ ပိတ္သြင္းဖို႔ အခြင့္အေရးရခဲ့ေပမယ့္ စီးတီးေနာက္ခံလူ ဖာနန္ဒင္ညိဳ တားဆီးႏိုင္ခဲ့ပါတယ္။ စီးတီးဟာ ပြဲခ်ိန္မိနစ္ ၃၀ နီးပါးအထိ ေဘာလုံးပိုင္ဆုိင္မႈ ၇၂ ရာခုိင္ႏႈန္းရွိခဲ့ဲတဲ့အထိ လႊမ္းမုိးကစားႏိုင္ခဲ့ေပမယ့္ ၀ုဗ္က ဂိုးေပါက္သြင္းမႈ ၄ႀကိမ္ရွိခ်ိန္မွာ စီးတီးကေတာ့ ၂ႀကိမ္ပဲ ဂိုးေပါက္ကန္သြင္းႏုိင္ခဲ့ပါတယ္။
ပြဲခ်ိန္ ၃၂မိနစ္မွာ စတာလင္းက ဦးေဆာင္ဂိုးရဖို႔ ႀကိဳးစားတဲ့အေနနဲ႔ ကန္သြင္းခဲ့ေပမယ့္ ၀ုဗ္ဂိုးသမားကာကြယ္ႏိုင္ခဲ့ပါတယ္။ ပြဲခ်ိန္ ၆၆မိနစ္မွာ ေဒးဗစ္ေဆးလ္ဗားရဲ႕ျပစ္ဒဏ္ေဘာကန္သြင္းခ်က္ ဘားထိထြက္သြားလုိ႔လည္း စီးတီး နစ္နာခဲ့ရပါတယ္။
ပဲြခ်ိန္မိနစ္ ၈၀ မွာေတာ့ ၀ုဗ္အသင္း ဦးေဆာင္ဂိုးရရွိသြားခဲ့ၿပီး တန္ျပန္တုိက္စစ္ကေန ေအာ္တာမန္ဒီကို လွလွပပေက်ာ္ျဖတ္ကာ ဂ်ီမီနက္ဇ္ ေပးပို႔ေပးတာကို ထရာအုိေရးက အသာကန္သြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။ နာက်င္အခ်ိန္ပိုမွာလည္း ပထမဂိုးအတုိင္းပဲ ဂ်ီမီနက္ဇ္က ဂိုးဖန္တီးသူ၊ ထရာအိုေရးက ဂိုးသြင္းသူအျဖစ္ ထပ္မံရပ္တည္ကာ စီးတီးကို ဂိုးျပတ္အႏုိင္ရရွိခဲ့ပါတယ္။
၀ုဗ္ဟာ ၂၀၁၉ ခုႏွစ္အတြင္း ပရီးမီးယားလိဂ္မွာ စီးတီးကို ေပးဂိုးမရွိကစားႏိုင္တဲ့ပထမဆုံးအသင္းျဖစ္လာပါတယ္။ စီးတီးကလည္း ၂၀၁၆ မတ္လက နည္းျပေဟာင္း ပယ္လီဂရီနီလက္ထက္ ယူႏုိက္တက္ကို ၁-၀ ဂိုးနဲ႔အေရးနိမ့္ခဲ့ၿပီးေနာက္ ပထမဆုံးအႀကိမ္အျဖစ္ အိမ္ကြင္းအီတီဟတ္မွာ ဂိုးမသြင္းႏိုင္ဘဲအေရးနိမ့္ခဲ့ရတာျဖစ္ပါတယ္။