လီဗာပူးကို ရှုံးပြီး နောက်ဆက်တွဲ စဉ်းစားစရာကိစ္စ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိက်တက်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်ကို လီဗာပူးအသင်းနဲ့ အိမ်ကွင်းမှာ လက်ခံကစားခဲ့ရာမှာ ၂ – ၄ ဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။

အဲဒီပွဲရဲ့ အနိုင်၊ အရှုံးရလဒ် အနေအထားကို ပွဲအပြီးမှာ ထုံးစံအတိုင်း ဘောလုံးဂုရုအဖြစ် သတ်မှတ်ခံထားရသူတွေက စကားကြွယ်ကြပါတယ်။

ယူနိက်တက်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ အီဗရာက “ကျွန်တော်တို့ ဒီပွဲရဲ့ အရှုံးကို လက်ခံပေးရလိမ့်မယ်။

ဘာကြောင့်လဲဆိုတော့ တိုက်စစ်ပိုင်းက လူတွေဟာ ပွဲပန်းနေပုံပေါ်ပေမယ့် တိုက်စစ်ပိုင်းကို တာဝန်ကျေအောင် ကစားသွားခဲ့ကြပါတယ်။

သွင်းဂိုးတွေလည်း ရှိခဲ့ပါတယ်”

“ရှုံးရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဝေဖန်ဆန်းစစ်ရမယ်ဆိုရင် အသင်းမှာ အဆင်မပြေတဲ့ အပိုင်းက ခံစစ်မှူးတွေပါ။

လင်ဒီလော့ မက်ဂွိုင်းယား အဲဒီလိုလူတွေရှိနေလို့ နိုင်သင့်တဲ့ပွဲတွေ မနိုင်ခဲ့ပါဘူး။ခုလီဗာပူးပွဲမှာဆို လင်ဒီလော့ နဲ့ ဘိုင်လီ အတွဲ ဘယ်လိုမှ လက်ခံလို့မရပါဘူး။အရမ်းဆိုးရွားပါတယ်”

“ခံစစ်မှာ လင်ဒီလော့ နဲ့ ဘိုင်လီလစ်ဟာတော့ လုရှောတောင် ခံစစ်ကို လာကူရင်း အာရုံလွဲခံရပြီး ဂိုးတွေပေးခဲ့ရတယ်။

အသင်းပိုင်ရှင်တွေဘာလုပ်နေလဲ ကစားသမားချိန်းတာတွေ လုပ်သင့်နေပါပြီ။

ဒီအတိုင်းဆက်သွားနေမယ်ဆိုရင် ယူရိုပါလိဂ်ဖလားရဖို့ မလွယ်ကူလောက်ဘူး”ဆိုပြီး ဝေဖန်ပြောဆိုထားပါတယ်။

ယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားကတော့ ကွင်းအပြင်ဘက်မှာ ပရိသတ်တွေရဲ့ဆန္ဒပြမှုကြောင့် ပြောင်းလိုက်ရတဲ့ပွဲကြိုပြင်ဆင်မှုတွေက ကစားသမားတွေကို ရိုက်ခတ်မှုရှိခဲ့တယ်လို့ ဝန်ခံပေမယ့် စိတ်ပျက်ဖွယ်ရှုံးပွဲအတွက် အဲဒီအချက်ကို အကြောင်းပြချက်အဖြစ် ဆင်ခြေပေးမှာမဟုတ်ကြောင်း ပြောပါတယ်။

ဆိုးလ်ရှားက ”ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြောင်းလဲခဲ့ရတာကို ကစားသမားတွေလည်း ကောင်းကောင်းလုပ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။

ဘယ်သူမှလည်း စောဒကမတက်ခဲ့ပါဘူး။

ဒီလိုဖြစ်မယ်မှန်းလည်း ကြိုတင်နားလည်ခဲ့ပါတယ်။ ပြင်ဆင်မှုတွေက ကွဲပြားခြားနားသွားပေမယ့် ဒါကို ဆင်ခြေပေးသွားမှာမဟုတ်ပါဘူး”

”ရလဒ်ကောင်းနဲ့ ခြေစွမ်းမပြနိုင်ခဲ့တာနဲ့ပတ်သက်လို့ အဲဒီအချက်က နည်းနည်းရိုက်ခတ်မှုရှိခဲ့ပေမယ့် ဒါကို အကြောင်းပြချက်တော့ ပေးမှာမဟုတ်ပါဘူး”လို့ ပြောပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

လီဗာပူးကို ရွံဳးၿပီး ေနာက္ဆက္တြဲ စဥ္းစားစရာကိစၥ

ယူနိက္တက္ဟာ ပရီးမီးယားလိဂ္ပြဲစဥ္ကို လီဗာပူးအသင္းနဲ႔ အိမ္ကြင္းမွာ လက္ခံကစားခဲ့ရာမွာ ၂ – ၄ ျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။ အဲဒီပြဲရဲ႕ အႏိုင္၊ အရွံဳးရလဒ္ အေနအထားကို ပြဲအၿပီးမွာ ထုံးစံအတိုင္း ေဘာလုံးဂုရုအျဖစ္ သတ္မွတ္ခံထားရသူေတြက စကားၾကြယ္ၾကပါတယ္။

ယူနိက္တက္ကစားသမားေဟာင္းတစ္ဦးျဖစ္တဲ့ အီဗရာက “ကၽြန္ေတာ္တို႔ ဒီပြဲရဲ႕ အရႈံးကို လက္ခံေပးရလိမ့္မယ္။ ဘာေၾကာင့္လဲဆိုေတာ့ တိုက္စစ္ပိုင္းက လူေတြဟာ ပြဲပန္းေနပုံေပၚေပမယ့္ တိုက္စစ္ပိုင္းကို တာဝန္ေက်ေအာင္ ကစားသြားခဲ့ၾကပါတယ္။သြင္းဂိုးေတြလည္း ရွိခဲ့ပါတယ္”

“ရွံဳးရတဲ့ ကိစၥနဲ႔ပတ္သက္ၿပီး ေ၀ဖန္ဆန္းစစ္ရမယ္ဆိုရင္ အသင္းမွာ အဆင္မေျပတဲ့ အပိုင္းက ခံစစ္မႉးေတြ ပါ။.လင္ဒီေလာ့ မက္ဂိြဳင္းယား အဲဒီလိုလူေတြရွိေနလို႔ ႏိုင္သင့္တဲ့ပြဲေတြ မႏိုင္ခဲ့ပါဘူး။ခုလီဗာပူးပြဲမွာဆို လင္ဒီေလာ့ နဲ႔ ဘိုင္လီ အတြဲ ဘယ္လိုမွ လက္ခံလို႔မရပါဘူး။အရမ္းဆိုး႐ြားပါတယ္”

“ခံစစ္မွာ လင္ဒီေလာ့ နဲ႔ ဘိုင္လီလစ္ဟာေတာ့ လုေရွာေတာင္ ခံစစ္ကို လာကူရင္း အာ႐ုံလြဲခံရၿပီး ဂိုးေတြေပးခဲ့ရတယ္။အသင္းပိုင္ရွင္ေတြဘာလုပ္ေနလဲ ကစားသမားခ်ိန္းတာေတြ လုပ္သင့္ေနပါၿပီ။ ဒီအတိုင္းဆက္သြားေနမယ္ဆိုရင္ ယူ႐ိုပါလိဂ္ဖလားရဖို႔ မလြယ္ကူေလာက္ဘူး”ဆိုၿပီး ေ၀ဖန္ေျပာဆုိထားပါတယ္။

ယူႏိုက္တက္အသင္းနည္းျပ ဆိုးလ္ရွားကေတာ့ ကြင္းအျပင္ဘက္မွာ ပရိသတ္ေတြရဲ႕ဆႏၵျပမႈေၾကာင့္ ေျပာင္းလိုက္ရတဲ့ပြဲႀကိဳျပင္ဆင္မႈေတြက ကစားသမားေတြကို ႐ိုက္ခတ္မႈရွိခဲ့တယ္လို႔ ဝန္ခံေပမယ့္ စိတ္ပ်က္ဖြယ္ရႈံးပြဲအတြက္ အဲဒီအခ်က္ကို အေၾကာင္းျပခ်က္အျဖစ္ ဆင္ေျခေပးမွာမဟုတ္ေၾကာင္း ေျပာပါတယ္။

ဆိုးလ္ရွားက ”ပြဲအတြက္ ႀကိဳတင္ျပင္ဆင္မႈေတြ ေျပာင္းလဲခဲ့ရတာကို ကစားသမားေတြလည္း ေကာင္းေကာင္းလုပ္ႏိုင္ခဲ့တယ္လို႔ ထင္ပါတယ္။ ဘယ္သူမွလည္း ေစာဒကမတက္ခဲ့ပါဘူး။ ဒီလိုျဖစ္မယ္မွန္းလည္း ႀကိဳတင္နားလည္ခဲ့ပါတယ္။ ျပင္ဆင္မႈေတြက ကြဲျပားျခားနားသြားေပမယ့္ ဒါကို ဆင္ေျခေပးသြားမွာမဟုတ္ပါဘူး”

”ရလဒ္ေကာင္းနဲ႔ ေျခစြမ္းမျပႏိုင္ခဲ့တာနဲ႔ပတ္သက္လို႔ အဲဒီအခ်က္က နည္းနည္း႐ိုက္ခတ္မႈရွိခဲ့ေပမယ့္ ဒါကို အေၾကာင္းျပခ်က္ေတာ့ ေပးမွာမဟုတ္ပါဘူး”လို႔ ေျပာပါတယ္။