လီဗာပူးကို မပြောင်းခင် မန်ယူအကြောင်း စဉ်းစားခဲ့သေးကြောင်း မာနီဝန်ခံ

photo-mirrorfootball

photo-gettyimages

လီဗာပူးကိုမပြောင်းခင် မန်ယူဟာ တိုက်စစ်မှုးမာနီရဲ့စိတ်ထဲမှာ ရှိခဲ့တဲ့အသင်းဖြစ်ပါတယ်။ အဲဒီဆီနီဂေါလက်ရွေးစင်ဟာ ဆောက်သမ်တန်နဲ့အောင်မြင်တဲ့နှစ်ရာသီအပြီးဖြစ်တဲ့ ၂၀၁၆ မှာ ပြောင်းရွှေ့ကြေးပေါင်သန်း ၃၀ နဲ့ အန်ဖီးလ်ကို ပြောင်းသွားခဲ့တာပါ။ ဒါပေမဲ့ လီဗာပူးကိုမပြောင်းခင် မာနီဟာ မန်ယူရဲ့စိတ်ဝင်စားမှုကို သိသိသာသာရရှိခဲ့ပါတယ်။ အခုတော့ ၂၇ နှစ်အရွယ် အဲဒီလီဗာပူးတိုက်စစ်မှုးက အိုးလ်ထရက်ဖို့ဒ်ကိုပြောင်းဖို့ သူစဉ်းစားခဲ့သေးကြောင်း ဝန်ခံလိုက်ပါတယ်။

photo-gettyimages

“အဲဒီတုန်းက မန်ယူအကြောင်းနဲ့ပတ်သက်လို့ အတော်လေးကို စဉ်းစားခဲ့တာပါ။ ကျွန်တော့်အတွက် ခက်ခဲနေတဲ့အချိန်လည်း ဖြစ်ခဲ့တာပါ။ ဒါကြောင့် တခြားဘယ်သူပဲခေါ်ခေါ် သိပ်မစဉ်းစားဖြစ်ခဲ့ဘူး။ ဒါပေမဲ့ ကလော့ပ်နဲ့တွေ့ရလို့ ကျေနပ်ခဲ့ရပါတယ်”လို့ မာနီက ပြောခဲ့တာပါ။ မာနီဟာ လီဗာပူးကို ရောက်သွားပြီးနောက် ချန်ပီယံလိဂ်အောင်မြင်မှုရရှိခဲ့ကာ အဲဒီအသင်းအတွက် ပြိုင်ပွဲအရပ်ရပ် ၁၆၁ ပွဲမှာ ၇၇ ဂိုးသွင်းပေးခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့ရာသီကလည်း ၂၂ ဂိုးနဲ့ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို ပူးတွဲရခဲေ့သးတယ်။

photo-gettyimages

ဆောက်သမ်တန်နဲ့နောက်ဆုံးရာသီမှာ ဗန်ဂေါလ်လက်ထက်မန်ယူကိုရောက်ဖို့ သူဘယ်လောက်နီးစပ်ခဲ့ကြောင်းလည်း မာနီဟာ ပြီးခဲ့တဲ့နှစ်က ဖွင့်ဟခဲ့ပါသေးတယ်။ ”သူတို့နဲ့တောင်တွေ့ဆုံခဲ့တာကြောင့် ကျွန်တော်ဟာ မန်ယူကိုရောက်ဖို့ တကယ်တကယ်ကိုနီးစပ်ခဲ့တာပါ။ အဲဒီကိုတောင် ကျွန်တော်ရောက်ပြီး စကားပြောခဲ့တာပါ။ သူတို့ဘက်က ကမ်းလှမ်းမှုတစ်ခုလုပ်ခဲ့တယ်။ ဒါပေမဲ့ တစ်ပတ်တည်းမှာပဲ ကလော့ပ်က ကျွန်တော့်ကို ဖုန်းဆက်ခေါ်ပါတယ်”မာနီက အရင်ကပြောဖူးပါတယ်။

[Zawgyi[

လီဗာပူးကို မေျပာင္းခင္ မန္ယူအေၾကာင္း စဥ္းစားခဲ့ေသးေၾကာင္း မာနီ၀န္ခံ

လီဗာပူးကိုမေျပာငး္ခင္ မန္ယူဟာ တိုက္စစ္မႈးမာနီရဲ႕စိတ္ထဲမွာ ရွိခဲ့တဲ့အသင္းျဖစ္ပါတယ္။ အဲဒီဆီနီေဂါလက္ေရြးစင္ဟာ ေဆာက္သမ္တန္နဲ႔ေအာင္ျမင္တဲ့ႏွစ္ရာသီအၿပီးျဖစ္တဲ့ ၂၀၁၆ မွာ ေျပာင္းေရႊ႕ေၾကးေပါင္သန္း ၃၀ နဲ႔ အန္ဖီးလ္ကို ေျပာင္းသြားခဲ့တာပါ။ ဒါေပမဲ့ လီဗာပူးကိုမေျပာင္းခင္ မာနီဟာ မန္ယူရဲ႕စိတ္၀င္စားမႈကို သိသိသာသာရရွိခဲ့ပါတယ္။ အခုေတာ့ ၂၇ ႏွစ္အရြယ္ အဲဒီလီဗာပူးတုိက္စစ္မႈးက အိုးလ္ထရက္ဖုိ႔ဒ္ကိုေျပာင္းဖုိ႔ သူစဥ္းစားခဲ့ေသးေၾကာင္း ၀န္ခံလိုက္ပါတယ္။

“အဲဒီတုန္းက မန္ယူအေၾကာင္းနဲ႔ပတ္သက္လုိ႔ အေတာ္ေလးကို စဥ္းစားခဲ့တာပါ။ ကၽြန္ေတာ့္အတြက္ ခက္ခဲေနတဲ့အခ်ိန္လည္း ျဖစ္ခဲ့တာပါ။ ဒါေၾကာင့္ တျခားဘယ္သူပဲေခၚေခၚ သိပ္မစဥ္းစားျဖစ္ခဲ့ဘူး။ ဒါေပမဲ့ ကေလာ့ပ္နဲ႔ေတြ႔ရလို႔ ေက်နပ္ခဲ့ရပါတယ္”လုိ႔ မာနီက ေျပာခဲ့တာပါ။ မာနီဟာ လီဗာပူးကို ေရာက္သြားၿပီးေနာက္ ခ်န္ပီယံလိဂ္ေအာင္ျမင္မႈရရွိခဲ့ကာ အဲဒီအသင္းအတြက္ ၿပိဳင္ပြဲအရပ္ရပ္ ၁၆၁ ပြဲမွာ ၇၇ ဂိုးသြင္းေပးခဲ့ပါတယ္။ သူဟာ ၿပီးခဲ့တဲ့ရာသီကလည္း ၂၂ ဂိုးနဲ႔ ပရီးမီးယားလိဂ္ေရႊဖိနပ္ဆုကို ပူးတြဲရခဲေ့သးတယ္။

ေဆာက္သမ္တန္နဲ႔ေနာက္ဆုံးရာသီမွာ ဗန္ေဂါလ္လက္ထက္မန္ယူကိုေရာက္ဖို႔ သူဘယ္ေလာက္နီးစပ္ခဲ့ေၾကာင္းလည္း မာနီဟာ ၿပီးခဲ့တဲ့ႏွစ္က ဖြင့္ဟခဲ့ပါေသးတယ္။ ”သူတို႔နဲ႔ေတာင္ေတြ႕ဆုံခဲ့တာေၾကာင့္ ကၽြန္ေတာ္ဟာ မန္ယူကိုေရာက္ဖုိ႔ တကယ္တကယ္ကိုနီးစပ္ခဲ့တာပါ။ အဲဒီကုိေတာင္ ကၽြန္ေတာ္ေရာက္ၿပီး စကားေျပာခဲ့တာပါ။ သူတို႔ဘက္က ကမ္းလွမ္းမႈတစ္ခုလုပ္ခဲ့တယ္။ ဒါေပမဲ့ တစ္ပတ္တည္းမွာပဲ ကေလာ့ပ္က ကၽြန္ေတာ့္ကို ဖုန္းဆက္ေခၚပါတယ္”မာနီက အရင္ကေျပာဖူးပါတယ္။