လီဗာပူးကို မခန့်တာလား…နောက်အဆင့်တွေမှာ အသင်းဟောင်း ဂျူဗင်တပ်စ်နဲ့ ထပ်မဆုံလိုကြောင်း မိုရာတာ ဖွင့်ဟ

Photo Credit

Photo Credit

အက်သလက်တီကိုအသင်းဟာ ချန်ပီယံလိဂ် ၁၆သင်းအဆင့် ဒု-အကျော့ပွဲစဉ်အဖြစ် အန်ဖီးလ်မှာ လီဗာပူးနဲ့ကစားရဦးမှာဖြစ်ပေမယ့် တိုက်စစ်မှူး မိုရာတာကတော့ နောက်အဆင့်တွေအတွက် ကြိုတင်တွေးဆနေပြီး နောက်ပိုင်းအဆင့်တွေမှာ အသင်းဟောင်း ဂျူဗင်တပ်စ်နဲ့ ထပ်မံမဆုံတွေ့လိုကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Photo Credit

အက်သလက်တီကိုအသင်းဟာ လက်ရှိချန်ပီယံ လီဗာပူးနဲ့ပွဲမှာ အကောင်းဆုံးခံစစ်ကစားပုံ ထုတ်ပြသွားရင်း ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး လီဗာပူးဆို ဂိုးပေါက်တည့်မှုတစ်ကြိမ်မှမရှိတဲ့အထိဖြစ်ခဲ့ရပါတယ်။ ဒီလိုအဝေးဂိုးမပေးရဘဲ အနိုင်ရခဲ့တာဖြစ်လို့ ကွာတားဖိုင်နယ် တက်ရောက်နိုင်ဖို့ အခြေအနေကောင်းသွားပေမယ့် မိုရာတာကတော့ အခုကတည်းက နောက်တစ်ဆင့်အတွက် ကြိုတင်ရင်ခုန်နေပြီဖြစ်ပါတယ်။

Photo Credit

”လက်ရှိအချိန်မှာ လီဗာပူးနဲ့ ဂျူဗင်တပ်စ်တို့က အကောင်းဆုံးအသင်းတွေလို့ ထင်ပါတယ်။ ချန်ပီယံလိဂ်မှာ ဂျူဗင်တပ်စ်နဲ့ ထပ်မတွေ့လိုပါဘူး။ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ဂျူဗင်တပ်စ်၊ လီဗာပူးနဲ့ ပီအက်စ်ဂျီတို့ ရေပန်းစားနေတယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ချန်ပီယံမှာ သေချာတဲ့အရာဆိုတာ ဘာတစ်ခုမှမရှိပါဘူး”လို့ မိုရာတာက ပြောပါတယ်။

Photo Credit

ဂျူဗင်တပ်စ်ဟာ ယခုလ ၂၆ရက်နေ့မှာ ချန်ပီယံလိဂ် ၁၆သင်းအဆင့် ပ-အကျော့ပွဲစဉ်အဖြစ် ပြင်သစ်မြေမှာ လီယွန်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အက်သလက်တီကိုဟာ အုပ်စုတွင်းမှာ လေဗာကူဆင်၊ လိုကိုမိုတစ်မော်စကို၊ ဂျူဗင်တပ်စ်တို့နဲ့အတူ တစ်အုပ်စုတည်းကျရောက်ခဲ့ပြီး အိမ်ကွင်းမှာ ဂျူဗင်တပ်စ်ကို ၂-၂ ဂိုးသရေကစားနိုင်ခဲ့ပေမယ့် တူရင်မြေမှာတော့ ၁-၀ ဂိုးနဲ့အရေးနိမ့်ခဲ့ပါတယ်။

Photo Credit

စပိန်လက်ရွေးစင် မိုရာတာဟာ ဂျူဗင်တပ်စ်အသင်းမှာ ၂၀၁၄ ကနေ ၂၀၁၆ အထိ ပါဝင်ကစားခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်က ပြန်လည်ခေါ်ယူခဲ့တာဖြစ်ပါတယ်။

Photo Credit

Zawgyi

လီဗာပူးကို မခန္႔တာလား…ေနာက္အဆင့္ေတြမွာ အသင္းေဟာင္း ဂ်ဴဗင္တပ္စ္နဲ႔ ထပ္မဆုံလုိေၾကာင္း မိုရာတာ ဖြင့္ဟ

အက္သလက္တီကိုအသင္းဟာ ခ်န္ပီယံလိဂ္ ၁၆သင္းအဆင့္ ဒု-အေက်ာ့ပြဲစဥ္အျဖစ္ အန္ဖီးလ္မွာ လီဗာပူးနဲ႔ကစားရဦးမွာျဖစ္ေပမယ့္ တုိက္စစ္မွဴး မုိရာတာကေတာ့ ေနာက္အဆင့္ေတြအတြက္ ႀကိဳတင္ေတြးဆေနၿပီး ေနာက္ပုိင္းအဆင့္ေတြမွာ အသင္းေဟာင္း ဂ်ဴဗင္တပ္စ္နဲ႔ ထပ္မံမဆုံေတြ႕လုိေၾကာင္း ထုတ္ေဖာ္ေျပာဆုိလုိက္ပါတယ္။
အက္သလက္တီကိုအသင္းဟာ လက္ရွိခ်န္ပီယံ လီဗာပူးနဲ႔ပြဲမွာ အေကာင္းဆုံးခံစစ္ကစားပုံ ထုတ္ျပသြားရင္း ၁-၀ ဂိုးနဲ႔ အႏိုင္ရခဲ့တာျဖစ္ၿပီး လီဗာပူးဆုိ ဂိုးေပါက္တည့္မႈတစ္ႀကိမ္မွမရွိတဲ့အထိျဖစ္ခဲ့ရပါတယ္။ ဒီလုိအေ၀းဂုိးမေပးရဘဲ အႏိုင္ရခဲ့တာျဖစ္လုိ႔ ကြာတားဖိုင္နယ္ တက္ေရာက္ႏိုင္ဖုိ႔ အေျခအေနေကာင္းသြားေပမယ့္ မိုရာတာကေတာ့ အခုကတည္းက ေနာက္တစ္ဆင့္အတြက္ ႀကိဳတင္ရင္ခုန္ေနၿပီျဖစ္ပါတယ္။
”လက္ရွိအခ်ိန္မွာ လီဗာပူးနဲ႔ ဂ်ဴဗင္တပ္စ္တို႔က အေကာင္းဆုံးအသင္းေတြလုိ႔ ထင္ပါတယ္။ ခ်န္ပီယံလိဂ္မွာ ဂ်ဴဗင္တပ္စ္နဲ႔ ထပ္မေတြ႕လုိပါဘူး။ ခ်န္ပီယံလိဂ္မွာ ဗိုလ္စဲြဖုိ႔ ဂ်ဴဗင္တပ္စ္၊ လီဗာပူးနဲ႔ ပီအက္စ္ဂ်ီတုိ႔ ေရပန္းစားေနတယ္လုိ႔ ထင္ပါတယ္။ ဒါေပမဲ့ ခ်န္ပီယံမွာ ေသခ်ာတဲ့အရာဆုိတာ ဘာတစ္ခုမွမရွိပါဘူး”လုိ႔ မုိရာတာက ေျပာပါတယ္။
ဂ်ဴဗင္တပ္စ္ဟာ ယခုလ ၂၆ရက္ေန႔မွာ ခ်န္ပီယံလိဂ္ ၁၆သင္းအဆင့္ ပ-အေက်ာ့ပဲြစဥ္အျဖစ္ ျပင္သစ္ေျမမွာ လီယြန္နဲ႔ ရင္ဆုိင္ရမွာျဖစ္ပါတယ္။ အက္သလက္တီကိုဟာ အုပ္စုတြင္းမွာ ေလဗာကူဆင္၊ လိုကုိမုိတစ္ေမာ္စကို၊ ဂ်ဴဗင္တပ္စ္တုိ႔နဲ႔အတူ တစ္အုပ္စုတည္းက်ေရာက္ခဲ့ၿပီး အိမ္ကြင္းမွာ ဂ်ဴဗင္တပ္စ္ကို ၂-၂ ဂိုးသေရကစားႏိုင္ခဲ့ေပမယ့္ တူရင္ေျမမွာေတာ့ ၁-၀ ဂိုးနဲ႔အေရးနိမ့္ခဲ့ပါတယ္။
စပိန္လက္ေရြးစင္ မုိရာတာဟာ ဂ်ဴဗင္တပ္စ္အသင္းမွာ ၂၀၁၄ ကေန ၂၀၁၆ အထိ ပါ၀င္ကစားခဲ့ၿပီးေနာက္ ရီးရဲလ္မက္ဒရစ္က ျပန္လည္ေခၚယူခဲ့တာျဖစ္ပါတယ္။