လီဗာပူးကို ဘာကြောင့် နိုင်တာလဲဆိုတာ ဖွင့်ဟတဲ့ ဇူးမား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယမန်နေ့ညက ကစားခဲ့တဲ့ ပွဲမှာ ဝက်စ်ဟမ်း အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် ပွဲပေါင်း ၂၀ဆက် ရှုံးပွဲ မရှိခဲ့တဲ့ စံချိန် တစ်ရပ်ကို လီဗာပူး အသင်း လက်လွှတ်ခဲ့ရပါတယ်။

ပွဲအစမှာ အလီဆင်ရဲ့ own goal ကို ညာနောက်ခံလူ အာနိုးက ပထမပိုင်းပြီးခါနီး ပြန်လည် ချေပခဲ့တာကြောင့် သရေ ကျနေခဲ့ပါတယ်။

ဒါပေမယ့် ဒုတိယပိုင်းမှာ ဝက်စ်ဟမ်း အသင်းက ပွဲကို ထိန်းချုပ်ထားခဲ့ပြီး ဖော်နဲလ်နဲ့ ဇူးမားတို့က ဂိုးတွေ သွင်းယူနိုင်ခဲ့ပါတယ်။

လီဗာပူးနည်းပြ ကလော့ပ်က ဂျိုတာနဲ့ ဖာဘင်ဟိုတို့ကို ထုတ်ပြီး မီနာမီနို၊ အိုရီဂီတို့ကို ထည့်သွင်း ကစားခဲ့ရာမှာ အိုရီဂီက ၈၃မိနစ်မှာ ချေပဂိုး တစ်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် လီဗာပူးအသင်း အမှတ်ရဖို့ လုံလောက်တဲ့ သွင်းဂိုးတွေ မရရှိခဲ့ပါဘူး။

ဇူးမားက “အသင်းသားတစ်ယောက်ချင်းစီတိုင်း ဒီနေ့ပွဲမှာ ဂရိတ်စွမ်းဆောင်ရည်တွေပြသနိုင်ခဲ့ကြတဲ့ပွဲတစ်ပွဲပါ။

ဒီလိုဂရိတ်အသင်းတစ်သင်းနဲ့ရင်ဆိုင်ခဲ့ရစဉ်မှာ ပရိသတ်တွေအားလုံးရဲ့အားပေးသံကလည်း တကယ့်ကိုအကူအညီပေးနိုင်ခဲ့ပါတယ်။

ဒီပွဲက အိုးပင်းဂိမ်းတစ်ခုဖြစ်ခဲ့ပြီးအပြန်အလှန်ရှိခဲ့ကြပေမယ့် ကျွန်တော်တို့က ပိုမိုကောင်းမွန်ခဲ့ပြီး ပွဲပြီးတဲ့အဆုံးအထိ ပိုမိုသန်မာစွာ တောင့်ခံနိုင်ခဲ့ကြတာဖြစ်ပါတယ်။”
“နည်းစနစ်ပိုင်းအရပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့က ဒီနေ့မှာ သိပ်သိပ်သည်းသည်းပိုဖြစ်ထားခဲ့ကြတာကြောင့်လည်း သူတို့ဘောလုံးဆုံးရှုံးလိုက်တာနဲ့ ပွင့်ထွက်သွားလိမ့်မယ်ဆိုတာကို ကျွန်တော်တို့သိနေခဲ့ကြတာပါ။

အဲလိုအစီအစဉ်တစ်ခုထားခဲ့ကြပြီး ဒီနေ့အဲဒီအတိုင်းလုပ်နိုင်ခဲ့ကြတာလည်းဖြစ်ပါတယ်။”

“ဒါ့ကြောင့်လည်း ဒီကိုကျွန်တော်ရောက်လာခဲ့တာပါ။

အသင်းတိုးတက်ဖို့ရာအတွက် ကူညီသွားဖို့အတွက်ပါပဲ။

ဒီမှာဆက်လက်တိုးတက်အောင်လုပ်ဆောင်သွားပါ့မယ်။ ဒီမှာကအားလုံးက မိသားစုဆန်ကြပါတယ်။” လို့ပြောပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လီဗာပူးကို ဘာေၾကာင့္ ႏိုင္တာလဲဆိုတာ ဖြင့္ဟတဲ့ ဇူးမား

ယမန္ေန႔ညက ကစားခဲ့တဲ့ ပြဲမွာ ဝက္စ္ဟမ္း အသင္းကို ရႈံးနိမ့္ခဲ့ၿပီးေနာက္ ပြဲေပါင္း ၂၀ဆက္ ရႈံးပြဲ မရွိခဲ့တဲ့ စံခ်ိန္ တစ္ရပ္ကို လီဗာပူး အသင္း လက္လႊတ္ခဲ့ရပါတယ္။ပြဲအစမွာ အလီဆင္ရဲ႕ own goal ကို ညာေနာက္ခံလူ အာႏိုးက ပထမပိုင္းၿပီးခါနီး ျပန္လည္ ေခ်ပခဲ့တာေၾကာင့္ သေရ က်ေနခဲ့ပါတယ္။ဒါေပမယ့္ ဒုတိယပိုင္းမွာ ဝက္စ္ဟမ္း အသင္းက ပြဲကို ထိန္းခ်ဳပ္ထားခဲ့ၿပီး ေဖာ္နဲလ္နဲ႔ ဇူးမားတို႔က ဂိုးေတြ သြင္းယူႏိုင္ခဲ့ပါတယ္။လီဗာပူးနည္းျပ ကေလာ့ပ္က ဂ်ိဳတာနဲ႔ ဖာဘင္ဟိုတို႔ကို ထုတ္ၿပီး မီနာမီႏို၊ အိုရီဂီတို႔ကို ထည့္သြင္း ကစားခဲ့ရာမွာ အိုရီဂီက ၈၃မိနစ္မွာ ေခ်ပဂိုး တစ္ဂိုးသြင္းယူႏိုင္ခဲ့ေပမယ့္ လီဗာပူးအသင္း အမွတ္ရဖို႔ လုံေလာက္တဲ့ သြင္းဂိုးေတြ မရရွိခဲ့ပါဘူး။

ဇူးမားက
“အသင္းသားတစ္ေယာက္ခ်င္းစီတိုင္း ဒီေန႔ပြဲမွာ ဂရိတ္စြမ္းေဆာင္ရည္ေတြျပသႏိုင္ခဲ့ၾကတဲ့ပြဲတစ္ပြဲပါ။ ဒီလိုဂရိတ္အသင္းတစ္သင္းနဲ႔ရင္ဆိုင္ခဲ့ရစဥ္မွာ ပရိသတ္ေတြအားလုံးရဲ႕အားေပးသံကလည္း တကယ့္ကိုအကူအညီေပးႏိုင္ခဲ့ပါတယ္။ ဒီပြဲက အိုးပင္းဂိမ္းတစ္ခုျဖစ္ခဲ့ၿပီးအျပန္အလွန္ရွိခဲ့ၾကေပမယ့္ ကြၽန္​ေတာ္တို႔က ပိုမိုေကာင္းမြန္ခဲ့ၿပီး ပြဲၿပီးတဲ့အဆုံးအထိ ပိုမိုသန္မာစြာ ေတာင့္ခံႏိုင္ခဲ့ၾကတာျဖစ္ပါတယ္။”
“နည္းစနစ္ပိုင္းအရေျပာရမယ္ဆိုရင္ေတာ့ ကြၽန္​ေတာ္တို႔က ဒီေန႔မွာ သိပ္သိပ္သည္းသည္းပိုျဖစ္ထားခဲ့ၾကတာေၾကာင့္လည္း သူတို႔ေဘာလုံးဆုံးရႈံးလိုက္တာနဲ႔ ပြင့္ထြက္သြားလိမ့္မယ္ဆိုတာကို ကြၽန္​ေတာ္တို႔သိေနခဲ့ၾကတာပါ။ အဲလိုအစီအစဥ္တစ္ခုထားခဲ့ၾကၿပီး ဒီေန႔အဲဒီအတိုင္းလုပ္ႏိုင္ခဲ့ၾကတာလည္းျဖစ္ပါတယ္။”

“ဒါ့ေၾကာင့္လည္း ဒီကိုကြၽန္​ေတာ္ေရာက္လာခဲ့တာပါ။ အသင္းတိုးတက္ဖို႔ရာအတြက္ ကူညီသြားဖို႔အတြက္ပါပဲ။ ဒီမွာဆက္လက္တိုးတက္ေအာင္လုပ္ေဆာင္သြားပါ့မယ္။ ဒီမွာကအားလုံးက မိသားစုဆန္ၾကပါတယ္။” လို႔​ေျပာပါတယ္။