လီဗာပူးကို ပြောင်းရွှေ့လာမှုမှာ ယူနိုက်တက်ကြယ်ပွင့်ဟောင်းရဲ့တိုက်တွန်းမှုလည်း ပါဝင်တယ်လို့ မီနာမီနို ဖွင့်ဟ

LIVERPOOL, ENGLAND - FEBRUARY 24: Takumi Minamino of Liverpool during the Premier League match between Liverpool FC and West Ham United at Anfield on February 24, 2020 in Liverpool, United Kingdom. (Photo by Robbie Jay Barratt - AMA/Getty Images)

Photo Credit

Photo Credit

လီဗာပူးကွင်းလယ်လူ တာကူမီမီနာမီနိုက အန်ဖီးလ်အခြေစိုက်အသင်းကို ပြောင်းရွှေ့လာမှုမှာ ယူနိုက်တက်ကြယ်ပွင့်ဟောင်း ရှင်ဂျီကာဂါဝါရဲ့တိုက်တွန်းမှုတွေလည်း အဓိကနေရာကနေ ပါဝင်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

Photo Credit

မီနာမီနိုဟာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ယခုရာသီအစောပိုင်းက အန်ဖီးလ်မှာ ဆဲလ်ဘတ်အသင်းသားအဖြစ် လာရောက်ကစားခဲ့စဉ်က ခြေစွမ်းပြနိုင်ခဲ့ပြီးနောက် ဇန်နဝါရီဈေးကွက်အတွင်း ပေါင် ၇.၂၅သန်းနဲ့ လီဗာပူးကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

Photo Credit

ဂျပန်လက်ရွေးစင်ဟောင်း ကာဂါဝါဟာ ယူနိုက်တက်မှာ ကစားခဲ့တဲ့ ၂ရာသီအတွင်း ပရီးမီးယားလိဂ်သွင်းဂိုး ၆ဂိုးနဲ့ ဂိုးဖန်တီးမှု ၈ကြိမ်ပြုလုပ်နိုင်ခဲ့ပြီး အသင်းဟောင်းရဲ့အခါးသီးဆုံးပြိုင်ဘက်ထံ မီနာမီနို ပြောင်းရွှေ့မှုက သူ့အတွက် ပြဿနာမရှိတဲ့အပြင် ပြောင်းရွှေ့ဖို့ပါ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

Photo Credit

ကာဂါဝါဟာ ဒေါ့မွန်မှာကစားခဲ့စဉ်က လက်ရှိလီဗာပူးအသင်းနည်းပြ ကလော့ပ်နဲ့ လက်တွဲခဲ့ဖူးပြီး အဆိုပါဂျာမန်သားက ကမ္ဘာ့အကောင်းဆုံးနည်းပြတစ်ဦးဖြစ်တယ်လို့ ချီးကျူးခဲ့ပါတယ်။

Photo Credit

”ကျွန်တော်ဟာ ဆောက်သမ်တန်နောက်ခံလူ ယိုရှီဒါနဲ့ စကားပြောဖြစ်ခဲ့ပေမယ့် လီဗာပူးအကြောင်းတော့ မမေးဖြစ်ခဲ့ပါဘူး။ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့မယ်လို့ပဲ အသိပေးခဲ့တာဖြစ်ပြီး အဲဒီကလပ်က လီဗာပူးဆိုတာ မပြောခဲ့ဖူးပါဘူး”

Photo Credit

”ကာဂါဝါနဲ့လည်း စကားပြောဖြစ်ခဲ့ပါတယ်။ သူက ကလော့ပ်ရဲ့လက်အောက်မှာ ကစားခဲ့ဖူးတယ်လေ။ ကလော့ပ်က ကာဂါဝါအကြောင်း ကျွန်တော့်ကို ပြောပြသလို ကာဂါဝါကလည်း ကလော့ပ်အကြောင်း ပြောပါတယ်။ ကြည့်ရတာတော့ သူတို့နှစ်ယောက်ကြား ဆက်ဆံရေးက သိပ်ကောင်းပုံရပါတယ်”

Photo Credit

”ကလော့ပ်ဟာ ကမ္ဘာ့အကောင်းဆုံးနည်းပြတစ်ဦးဖြစ်တယ်လို့ ကာဂါဝါက ကျွန်တော့်ကို ပြောခဲ့ပြီး အခု ကလော့ပ်နဲ့ လက်တွဲခွင့်ရရှိပြီဆိုတော့ ကျွန်တော်လည်း ကလော့ပ်က ကမ္ဘာ့အကောင်းဆုံးနည်းပြတစ်ဦးဖြစ်တယ်ဆိုတာ သိနားလည်နေပါပြီ”လို့ မီနာမိနိုက ပြောပါတယ်။

Photo Credit

ကာဂါဝါဟာ မီနာမီနိုရဲ့အပြောင်းအရွှေ့ဖြစ်ပေါ်လာပြီးနောက် သူ့ရဲ့တွစ်တာအကောင့်ကနေ မီနာမီနိုကို ချီးကျူးခဲ့ပါတယ်။ မီနာမီနိုဟာ လက်ရှိအချိန်အထိ လီဗာပူးအတွက် ၄ပွဲကစားပြီးချိန်မှာ ဂိုးမသွင်းနိုင်သေးသလို ဂိုးဖန်တီးမှုပါ မပြုလုပ်နိုင်သေးပေမယ့် ကလော့ပ်ကတော့ သူ့အပေါ် အပြည့်အဝယုံကြည်ထားပါတယ်။

Photo Credit

Zawgyi

လီဗာပူးကို ေျပာင္းေရႊ႕လာမႈမွာ ယူႏုိက္တက္ၾကယ္ပြင့္ေဟာင္းရဲ႕တုိက္တြန္းမႈလည္း ပါ၀င္တယ္လုိ႔ မီနာမီႏို ဖြင့္ဟ

လီဗာပူးကြင္းလယ္လူ တာကူမီမီနာမီႏိုက အန္ဖီးလ္အေျခစုိက္အသင္းကို ေျပာင္းေရႊ႕လာမႈမွာ ယူႏုိက္တက္ၾကယ္ပြင့္ေဟာင္း ရွင္ဂ်ီကာဂါ၀ါရဲ႕တုိက္တြန္းမႈေတြလည္း အဓိကေနရာကေန ပါ၀င္ခဲ့တယ္လုိ႔ ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။
မီနာမီႏိုဟာ ခ်န္ပီယံလိဂ္ပြဲစဥ္အျဖစ္ ယခုရာသီအေစာပိုင္းက အန္ဖီးလ္မွာ ဆဲလ္ဘတ္အသင္းသားအျဖစ္ လာေရာက္ကစားခဲ့စဥ္က ေျခစြမ္းျပႏိုင္ခဲ့ၿပီးေနာက္ ဇန္န၀ါရီေစ်းကြက္အတြင္း ေပါင္ ၇.၂၅သန္းနဲ႔ လီဗာပူးကို ေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။
ဂ်ပန္လက္ေရြးစင္ေဟာင္း ကာဂါ၀ါဟာ ယူႏုိက္တက္မွာ ကစားခဲ့တ့ဲ ၂ရာသီအတြင္း ပရီးမီးယားလိဂ္သြင္းဂိုး ၆ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၈ႀကိမ္ျပဳလုပ္ႏိုင္ခဲ့ၿပီး အသင္းေဟာင္းရဲ႕အခါးသီးဆုံးၿပိဳင္ဘက္ထံ မီနာမီႏို ေျပာင္းေရႊ႕မႈက သူ႕အတြက္ ျပႆနာမရွိတဲ့အျပင္ ေျပာင္းေရႊ႕ဖို႔ပါ တုိက္တြန္းခဲ့တာျဖစ္ပါတယ္။
ကာဂါ၀ါဟာ ေဒါ့မြန္မွာကစားခ့ဲစဥ္က လက္ရွိလီဗာပူးအသင္းနည္းျပ ကေလာ့ပ္နဲ႔ လက္တြဲခ့ဲဖူးၿပီး အဆုိပါဂ်ာမန္သားက ကမၻာ့အေကာင္းဆုံးနည္းျပတစ္ဦးျဖစ္တယ္လုိ႔ ခ်ီးက်ဴးခဲ့ပါတယ္။
”ကၽြန္ေတာ္ဟာ ေဆာက္သမ္တန္ေနာက္ခံလူ ယိုရွီဒါနဲ႔ စကားေျပာျဖစ္ခဲ့ေပမယ့္ လီဗာပူးအေၾကာင္းေတာ့ မေမးျဖစ္ခဲ့ပါဘူး။ ပရီးမီးယားလိဂ္ကို ေျပာင္းေရႊ႕မယ္လုိ႔ပဲ အသိေပးခဲ့တာျဖစ္ၿပီး အဲဒီကလပ္က လီဗာပူးဆုိတာ မေျပာခဲ့ဖူးပါဘူး”
”ကာဂါ၀ါနဲ႔လည္း စကားေျပာျဖစ္ခဲ့ပါတယ္။ သူက ကေလာ့ပ္ရဲ႕လက္ေအာက္မွာ ကစားခဲ့ဖူးတယ္ေလ။ ကေလာ့ပ္က ကာဂါ၀ါအေၾကာင္း ကၽြန္ေတာ့္ကို ေျပာျပသလုိ ကာဂါ၀ါကလည္း ကေလာ့ပ္အေၾကာင္း ေျပာပါတယ္။ ၾကည့္ရတာေတာ့ သူတို႔ႏွစ္ေယာက္ၾကား ဆက္ဆံေရးက သိပ္ေကာင္းပုံရပါတယ္”
”ကေလာ့ပ္ဟာ ကမၻာ့အေကာင္းဆုံးနည္းျပတစ္ဦးျဖစ္တယ္လုိ႔ ကာဂါ၀ါက ကၽြန္ေတာ့္ကို ေျပာခဲ့ၿပီး အခု ကေလာ့ပ္နဲ႔ လက္တြဲခြင့္ရရွိၿပီဆုိေတာ့ ကၽြန္ေတာ္လည္း ကေလာ့ပ္က ကမၻာ့အေကာင္းဆုံးနည္းျပတစ္ဦးျဖစ္တယ္ဆုိတာ သိနားလည္ေနပါၿပီ”လုိ႔ မီနာမိႏိုက ေျပာပါတယ္။
ကာဂါ၀ါဟာ မီနာမီႏိုရဲ႕အေျပာင္းအေရႊ႕ျဖစ္ေပၚလာၿပီးေနာက္ သူ႕ရဲ႕တြစ္တာအေကာင့္ကေန မီနာမီႏိုကို ခ်ီးက်ဴးခဲ့ပါတယ္။ မီနာမီႏိုဟာ လက္ရွိအခ်ိန္အထိ လီဗာပူးအတြက္ ၄ပဲြကစားၿပီးခ်ိန္မွာ ဂိုးမသြင္းႏိုင္ေသးသလုိ ဂိုးဖန္တီးမႈပါ မျပဳလုပ္ႏုိင္ေသးေပမယ့္ ကေလာ့ပ္ကေတာ့ သူ႕အေပၚ အျပည့္အ၀ယုံၾကည္ထားပါတယ္။