လီဗာပူးကို တစ်ကွက်ကျောပြီး အူပါမီကာနို ကိုရဖို့နီးစပ်လာတဲ့ မန်ယူ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လီဗာပူးအသင်းနဲ့ မန်ယူ တို့ဟာလိုက်ပ်ဇစ်နောက်ခံလူ အူပါမီကာနို ကိုခေါ်ယူဖိုအပြိုင်ကြိုးစားနေကြပေမယ့် နောက်ဆုံးသတင်းတွေအရ အဲဒီနောက်ခံလူကို မန်ယူကခေါ်ယူနိုင်ဖို့ ပိုမိုနီးစပ်နေတယ်လို့ သတင်းတွေမှာ ဖော်ပြနေကြပါတယ်။

လီဗာပူးဟာ ဒီရာသီမှာ ခံစစ်ပိုင်းဒဏ်ရာပြဿနာ ဆိုးရွားစွာကြုံခဲ့ရလို့ အသက် ၂၂ နှစ် ဘဲရှိသေးတဲ့ အူပါမီကာနိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်သလို မန်ယူကလည်း ရေရှည်အတွက်ခံစစ်အား ဖြည့်ဖို့ ရည်ရွယ်ပြီး ခေါ်ယူလိုနေတာပါ။ လီဗာပူးဟာ ဗန်ဒစ်ချ်၊ ဂိုမက်ဇ် တို့ရေရှည်အနားယူနေကြရပေမယ့် ခံစစ်ကို အချိန်မီအားမဖြည့်လို့ နည်းပြ ဂျာဂင်ကလော့ပ်တစ်ယောက် ဝေဖန်မှုတွေခံနေရတာပါ။

မန်ယူဟာ ပြီးခဲ့တဲ့ နွေရာသီက အူပါမီကာနို ကိုခေါ်ယူဖို့နီးစပ်ခဲ့သေးပေမယ့်ကစားသမားရဲ့ဖခင်ဘက်က အပိုကြေးတောင်း ဆိုခဲ့တာကြောင့် မဖြစ်မြောက်ခဲ့ပါဘူး။ ဒီပြင်သစ်သားရဲ့စာချုပ်က လာမယ့်နွေရာသီမှာပေါင် ၃၈ သန်းတန်ကြေးရှိမှာဖြစ်ပြီး မန်ယူကဒီတန်ကြေးအတိုင်းပေးပြီး အကြိုသဘောတူညီချက်ရယူမယ့်အပြင် သတင်းတွေအရ အူပါမီကာနိုအတွက် ပြောင်းရွှေ့ကြေးပေါင် ၃၈ သန်းအပြင် သူ့ဖခင်ကိုပေးရမယ့်အပိုကြေးနဲ့ လစာစုစုပေါင်း ပေါင် ၅၅ သန်အထိ မန် ယူက အကုန်ကျခံဖို့ စီစဥ်ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလိုအချိန်မှာ လီဗာပူးအသင်းဘက်ကလည်း လက်ရှိဈေးကွက်ထဲမှာ သူတို့တွေငွေကုန်ကြေးကျခံဖို့ မရှိဘူးလို့ ဆိုထားတာကြောင့် မန်ယူအခြေအနေကောင်းနေ တာဖြစ်ပါတယ်။ ဂျာမန်ထိပ်သီးကလပ်တစ်ခုဖြစ်တဲ့ ဘိုင်ယန်မြူးနစ်ကလည်း အူပါမီကာနို ကိုခေါ်ဖို့စိတ်ဝင် စားနေတာကြောင့် မန်ယူဘက်က မြန်မြန်ဆန်ဆန်လှုပ်ရှားဖို့ လိုနေတာပါ။

မန်ယူဟာ အူပါမီကာနို တစ်ယောက် ဗလင်စီးနက်စ်မှာရှိနေစဥ်ဖြစ်တဲ့ အသက် ၁၆ နှစ်သားအရွယ်မှာသူ့ကိုခေါ်ယူဖို့ ကြိုးစားခဲ့သေးပြီး မိသားစုကိုပါ အိုးလ်ထရက်ဖို့ဒ် ကွင်းကိုဖိတ်ခေါ်ပြသခဲ့ပေမယ့် ဈေးနှုန်းကြောင့် စွန့်လွှတ်ခဲ့တာလို့လည်း သိရပါတယ်။ အဲဒီတုန်းက ဗလင်စီးနက်စ် ဘက်ကပေါင် ၇၀၀၀၀၀ အထိတောင်းဆိုခဲ့ပေမယ့် မန်ယူဘက်ကပေါင် ၅၀၀၀၀၀ ထက်ပိုမပေးနိုင်လို့ မဖြစ်မြောက်ခဲ့ရတာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

လီဗာပူးကို တစ္ကြက္ေက်ာၿပီး အူပါမီကာႏို ကိုရဖို႔နီးစပ္လာတဲ့ မန္ယူ

လီဗာပူးအသင္းနဲ႔ မန္ယူ တို႔ဟာလိုက္ပ္ဇစ္ေနာက္ခံလူ အူပါမီကာႏို ကိုေခၚယူဖိုအၿပိဳင္ႀကိဳးစားေနၾကေပမယ့္ ေနာက္ဆုံးသတင္းေတြအရ အဲဒီေနာက္ခံလူကို မန္ယူကေခၚယူႏိုင္ဖို႔ ပိုမိုနီးစပ္ေနတယ္လို႔ သတင္းေတြမွာ ေဖာ္ျပေနၾကပါတယ္။ လီဗာပူးဟာ ဒီရာသီမွာ ခံစစ္ပိုင္းဒဏ္ရာျပႆနာ ဆိုး႐ြားစြာႀကဳံခဲ့ရလို႔ အသက္ ၂၂ ႏွစ္ ဘဲရွိေသးတဲ့ အူပါမီကာႏိုကို ေခၚယူဖို႔ စိတ္ဝင္စားေနတာျဖစ္သလို မန္ယူကလည္း ေရရွည္အတြက္ခံစစ္အား ျဖည့္ဖို႔ ရည္႐ြယ္ၿပီး ေခၚယူလိုေနတာပါ။ လီဗာပူးဟာ ဗန္ဒစ္ခ်္၊ ဂိုမက္ဇ္ တို႔ေရရွည္အနားယူေနၾကရေပမယ့္ ခံစစ္ကို အခ်ိန္မီအားမျဖည့္လို႔ နည္းျပ ဂ်ာဂင္ကေလာ့ပ္တစ္ေယာက္ ေဝဖန္မႈေတြခံေနရတာပါ။

မန္ယူဟာ ၿပီး ခဲ့တဲ့ ေႏြရာသီက အူပါမီကာႏို ကိုေခၚယူဖို႔နီးစပ္ခဲ့ေသးေပမယ့္ကစားသမားရဲ႕ဖခင္ဘက္က အပိုေၾကးေတာင္း ဆိုခဲ့တာေၾကာင့္ မျဖစ္ေျမာက္ခဲ့ပါဘူး။ ဒီျပင္သစ္သားရဲ႕စာခ်ဳပ္က လာမယ့္ေႏြရာသီမွာေပါင္ ၃၈ သန္းတန္ေၾကးရွိမွာျဖစ္ၿပီး မန္ယူကဒီတန္ေၾကးအ တိုင္းေပးၿပီး အႀကိဳသေဘာတူညီခ်က္ရယူမယ့္အျပင္ သတင္းေတြအရ အူပါမီကာႏိုအတြက္ ေျပာင္းေ႐ႊ႕ေၾကးေပါင္ ၃၈ သန္းအျပင္ သူ႔ဖခင္ကိုေပးရမယ့္အပိုေၾကးနဲ႔ လစာစုစုေပါင္း ေပါင္ ၅၅ သန္အထိ မန္ ယူက အကုန္က်ခံဖို႔ စီစဥ္ထားၿပီးျဖစ္တယ္လို႔ ဆိုပါတယ္။

ဒီလိုအခ်ိန္မွာ လီဗာပူးအသင္းဘက္ကလည္း လက္ ရွိေဈးကြက္ထဲမွာ သူတို႔ေတြေငြကုန္ေၾကးက်ခံဖို႔ မရွိဘူးလို႔ ဆိုထားတာေၾကာင့္ မန္ယူအေျခအေနေကာင္းေန တာျဖစ္ပါတယ္။ ဂ်ာမန္ထိပ္သီးကလပ္တစ္ခုျဖစ္တဲ့ ဘိုင္ယန္ျမဴးနစ္ကလည္း အူပါမီကာႏို ကိုေခၚဖို႔စိတ္ဝင္ စားေနတာေၾကာင့္ မန္ယူဘက္က ျမန္ျမန္ဆန္ဆန္လႈပ္ရွားဖို႔ လိုေနတာပါ။

မန္ယူဟာ အူပါမီကာႏို တစ္ေယာက္ ဗလင္စီးနက္စ္မွာရွိေနစဥ္ျဖစ္တဲ့ အသက္ ၁၆ ႏွစ္သားအ႐ြယ္မွာသူ႔ကိုေခၚယူဖို႔ ႀကိဳးစားခဲ့ေသး ၿပီး မိသားစုကိုပါ အိုးလ္ထရက္ဖို႔ဒ္ ကြင္းကိုဖိတ္ေခၚျပသခဲ့ေပမယ့္ ေဈးႏႈန္းေၾကာင့္ စြန႔္လႊတ္ခဲ့ တာလို႔လည္း သိရပါတယ္။ အဲဒီတုန္းက ဗလင္စီးနက္စ္ ဘက္ကေပါင္ ၇၀၀၀၀၀ အထိေတာင္းဆိုခဲ့ေပမယ့္ မန္ ယူဘက္ကေပါင္ ၅၀၀၀၀၀ ထက္ပိုမေပးႏိုင္လို႔ မျဖစ္ေျမာက္ခဲ့ရတာျဖစ္ပါတယ္။