လီဗာပူးကိုရှုံးတဲ့ပွဲက ယူနိုက်တက်ကစားသမားတွေရဲ့ စွမ်းဆောင်ရည်အဆင့်များ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ပြိုင်ဆိုင်မှုပြင်းထန်ခဲ့တဲ့ ယူနိုက်တက်နဲ့ လီဗာပူးပွဲစဉ်ကတော့ နှစ်ဂိုး၊ဂိုးမရှိနဲ့ပြီးဆုံးသွားခဲ့ပါပြီ။ လီဗာပူးဟာ ဒီထက်ပိုပြီးဂိုးရနိုင်တဲ့အနေအထားရှိခဲ့ပေမယ့် အဲဒီရလဒ်နဲ့သာကျေနပ်ခဲ့ရတာဖြစ်ပါတယ်။ ယူနိုက်တက်ဖက်ကို ဂိုးသွင်းယူခဲ့သူတွေကတော့ ဗန်ဒိုက် နဲ့ မိုဟာမက်ဆာလား တို့ပဲဖြစ်ပါတယ်။ ဗန်ဒိုက်ဟာ ပွဲချိန် ၁၄ မိနစ်မှာ ထောင့်ကန်ဘောကနေ တစ်ဆင့် ဖရက် ၊ ဝီလီယံ တို့ကို အသာစီး ရယူကာ ခေါင်းတိုက်ဂိုးသွင်းခဲ့တာ ဖြစ်ပြီး ၊ ဒုတိယဂိုးကိုတော့ ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ အလီဆွန် ရဲ့ ဖန်တီးမှုကို ဆာလားက တစ်ဦးတည်း ဆွဲပြေးကာသွင်းယူခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်ကတော့ အခွင့်အရေးရသလောက် ကြိုးစားအားထုတ်ခဲ့ပေ မယ့် ဘဲဥကွဲအောင်မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ အဲဒီပွဲကသရဲနီတို့ရဲ့စွမ်းဆောင်ရည်အဆင့်တွေ ကိုဖော်ပြပေးလိုက်ပါတယ်။

photo internet

ဒီဂီယာ -8 –လီဗာပူးတိုက်စစ်သမားတွေရဲ့ထိုးဖောက်မှုကိုဘယ်လိုမှမကာကွယ်ပေးနိုင်ဘဲ နှစ်ဂိုးပေးလိုက်ရပေမယ့် ကမ္ဘာ့အဆင့် ကာကွယ်မှု ၂ ကြိမ်ကို တော့လုပ်ဆောင်ပေးနိုင်ခဲ့သူပါ။ သူ့ကြောင့် ယူနိုက်တက်တို့ အရမ်းကြီး အရှက်မကွဲခဲ့ရပါဘူး။
ဝမ်ဘစ်ဆာကာ -4 – ပထမပိုင်းမှာ ခြေစွမ်းအားနည်းတဲ့အနေအထားဖြစ်ခဲ့ပါတယ်။ တိုက်စစ်ပိုင်းအတွက်ပိုပြီးလှုပ်ရှားသင့်ပါတယ်။ အထူးသဖြင့် ပြိုင်ဆိုင်မှုပြင်းထန်တဲ့ဒီပွဲမှာ ဒီ့ထက်ပိုပြီးခြေစွမ်းပြသင့်တာပါ။
လင်ဒီလော့ဖ် -5 –ဖိအားတွေရှိခဲ့တဲ့ပုံစံတွေ့ရပြီး၊ ကြိုးစားပြီးတော့ ကစားခဲ့ပါတယ်။ တွဲဖက်တွေနဲ့ကစားတဲ့အနေအထားမှာလည်း အရမ်းကြီးမကောင်းတောင် အဆင်ပြေတဲ့ခြေစွမ်းရှိခဲ့ပါတယ်။ ပြိုင်ဖက်အသင်းသားတွေရဲ့တိုက်စစ်ကို တားဆီးဖို့ရုန်းကန်ခဲ့သလို၊ လီဗာပူးတစ်ဂိုးထပ်မရအောင်လည်း တားဆီးနိုင်ခဲ့ပါတယ်။

photo internet

မက်ဂွိုင်းယား -5 – ဗန်ဒိုက်ရဲ့ဂိုးသွင်းမှုမှာသူ့အနေနဲ့တာဝန်ရှိတယ်ဆိုပြီး သတ်မှတ်ချင်ရင်လည်း သတ်မှတ်လို့ရပါတယ်။ ခံစစ်အတွက်အကောင်းဆုံးကစားပေးတဲ့အနေအထားတွေရှိခဲ့ပေမယ့် လိုအပ်ချက်တွေကတော့ ရှိလို့နေပါတယ်။
လုခ်ရှော-5 – ဗဟိုခံစစ်မှာ ကစားခဲ့ပြီး၊ ပြိုင်ဘက်အသင်းရဲ့တောင်ပံတိုက်စစ်တွေကို ကောင်းကောင်းထိန်းချုပ် နိုင်ခဲ့ပါတယ်။

photo internet

ဝီလီယံ -8 – ပြီးခဲ့တဲ့တစ်ပတ်မှာ ယူနိုက်တက်ပရိသတ်တွေရဲ့ချစ်ခင်မှုကိုသိမ်းပိုက်နိုင်ခဲ့သူဖြစ်ပြီး၊ အခုပွဲမှာလည်း အလားအလာကောင်းတဲ့ကစားသမားဖြစ်ကြောင်းပြသသွားခဲ့ပါတယ်။ စိတ်ဓာတ်ပြင်းပြင်းနဲ့ပြိုင်ဘက်အသင်းသားတွေကို ယှဉ်ပြိုင်တိုက်ခိုက်ခဲ့သူပါ။ အနာဂတ်ရဲ့ကြယ်တစ်ပွင့်ပါ။
မာတစ်- 6 –တော်မီနေးရဲ့နေရာကိုအကောင်းဆုံးကစားနိုင်သူဖြစ်ပြီး၊ ယူနိုက်တက်အတွက်မုန်တိုင်း မထန်အောင် ကြိုးစား ပေးခဲ့သူပါ။ အဝါကတ်လက်ဆောင်ရခဲ့တာကြောင့် နောက်ပိုင်းမှာ စိတ်ထင်သလောက် တွန်းတိုက်ကစားဖို့ခက်ခဲ့ပါတယ်။

photo internet

ဖရက်-8 –လွတ်ချော်သွားတာတွေရှိခဲ့ပေမယ့် ကစားပွဲကိုကယ်တင်ခဲ့တဲ့အထဲမှာပါဝင်သူဖြစ်ပါတယ်။ ခံစစ် ဆင်းကူတဲ့အပိုင်းကောင်းမွန်သလို၊ တိုက်စစ်ပံ့ပိုးမှုလည်းမဆိုးပါဘူး။ အဆုံးသတ်ကတော့ လိုအပ်ခဲ့ပါတယ်။

ပါရဲရား -4 –ယူနိုက်တက်အတွက်ချေပဂိုးသွင်းနိုင်အောင်ကြိုးစားခဲ့ပါသေးတယ်။ ခြေစွမ်းတွေရှိပေမယ့် သူကလည်းအဆုံးသတ်ပိုင်းအားနည်းချက်တွေရှိခဲ့ပါတယ်။
မာရှယ် -5 – ဒီတစ်ပွဲမှာတော့ မာရှယ်တစ်ယောက်ခြေပေါ်ဖို့မနည်းကြိုးစားခဲ့ရပါတယ်။ ပြိုင်ဘက်အသင်းရဲ့ထိန်းချုပ်မှုအောက်ကို ခဏ ခဏ ရောက် ရောက်သွားခဲ့ရပါတယ်။အခွင့်အရေးကောင်းတွေ လည်း ဖြုန်းတီးပစ်ခဲ့သူပါ။

photo internet

ဂျိမ်းစ် – 4 – ဒီပွဲမှာ ဂျိမ်းစ်တစ်ယောက်လည်း အားနည်းချက်တွေများခဲ့ပါတယ်။ အခွင့်အရေးကောင်းကိုဆုံးရှုံးအောင်လုပ်တဲ့ထဲမှာသူလည်းပါပါတယ်။ ပွဲပြီးခါနီးမှာ ပိုလို့ခြေပျောက်သွား ခဲ့ပါတယ်။ ပြိုင်ဘက်အသင်းအတွက် စိတ်လှုပ်ရှားအောင် လုပ်ဆောင်နိုင်စွမ်းတော့ရှိခဲ့ပါတယ်။
ဒုတိယပိုင်းမှာလူစားဝင်ကစားခဲ့ကြတဲ့ မေဆင်ဂရင်းဝုဒ်နဲ့မာတာရဲ့စွမ်းဆောင်ရည်သတ်မှတ်ချက်တွေကတော့ အဆင့်5 ဖြစ်ပြီး၊ ဒါးလုတ်ကတော့ အတော်နောက်ကျမှအစားထိုးဝင်ရောက်တာကြောင့် အဆင့်သတ်မှတ်ချက်မရှိပါဘူး။ အခုပွဲမှာ ယူနိုက်တက်တို့ဝမ်းနည်းခဲ့ရပေမယ့် နောက်ပွဲတွေမှာသရဲနီတို့ ခြေစွမ်းပြဂိုးသွင်းနိုင်ပါစေလို့ဆုတောင်းပါတယ်။

photo internet

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

(Zawgyi Version)

လီဗာပူးကိုရႈံးတဲ့ပြဲက ယူႏိုက္တက္ကစားသမားေတြရဲ႕ စြမ္းေဆာင္ရည္အဆင့္မ်ား

ၿပိဳင္ဆိုင္မႈျပင္းထန္ခဲ့တဲ့ ယူႏိုက္တက္နဲ႔ လီဗာပူးပြဲစဥ္ကေတာ့ ႏွစ္ဂိုး၊ဂိုးမရိွနဲ႔ၿပီးဆုံးသြားခဲ့ပါၿပီ။ လီဗာပူးဟာ ဒီထက္ပိုၿပီးဂိုးရႏိုင္တဲ့အေနအထားရိွခဲ့ေပမယ့္ အဲဒီရလဒ္နဲ႔သာေက်နပ္ခဲ့ရတာျဖစ္ပါတယ္။ ယူႏိုက္တက္ဖက္ကို ဂိုးသြင္းယူခဲ့သူေတြကေတာ့ ဗန္ဒိုက္ နဲ႔ မိုဟာမက္ဆာလား တို႔ပဲျဖစ္ပါတယ္။ ဗန္ဒိုက္ဟာ ပြဲခ်ိန္ ၁၄ မိနစ္မွာ ေထာင့္ကန္ေဘာကေန တစ္ဆင့္ ဖရက္ ၊ ၀ီလီယံ တို႔ကို အသာစီး ရယူကာ ေခါင္းတိုက္ဂိုးသြင္းခဲ့တာ ျဖစ္ၿပီး ၊ ဒုတိယဂိုးကိုေတာ့ ပြဲၿပီးခါနီး နာက်င္အခ်ိန္ပိုမွာ အလီဆြန္ ရဲ႕ ဖန္တီးမႈကို ဆာလားက တစ္ဦးတည္း ဆြဲေျပးကာသြင္းယူခဲ့တာျဖစ္ပါတယ္။ ယူႏိုက္တက္ကေတာ့ အခြင့္အေရးရသေလာက္ ႀကိဳးစားအားထုတ္ခဲ့ေပ မယ့္ ဘဲဥကြဲေအာင္မစြမ္းေဆာင္ႏိုင္ခဲ့ပါဘူး။ အဲဒီပြဲကသရဲနီတို႔ရဲ႕စြမ္းေဆာင္ရည္အဆင့္ေတြ ကိုေဖာ္ျပေပးလိုက္ပါတယ္။

ဒီဂီယာ -8 –လီဗာပူးတိုက္စစ္သမားေတြရဲ႕ထိုးေဖာက္မႈကိုဘယ္လုိမွမကာကြယ္ေပးႏိုင္ဘဲ ႏွစ္ဂိုးေပးလိုက္ရေပမယ့္ ကမာၻ႔အဆင့္ ကာကြယ္မႈ ၂ ႀကိမ္ကို ေတာ့လုပ္ေဆာင္ေပးႏိုင္ခဲ့သူပါ။ သူ႔ေၾကာင့္ ယူႏိုက္တက္တို႔ အရမ္းႀကီး အရွက္မကြဲခဲ့ရပါဘူး။
၀မ္ဘစ္ဆာကာ -4 – ပထမပိုင္းမွာ ေျခစြမ္းအားနည္းတဲ့အေနအထားျဖစ္ခဲ့ပါတယ္။ တိုက္စစ္ပုိင္းအတြက္ပိုၿပီးလႈပ္ရွားသင့္ပါတယ္။ အထူးသျဖင့္ ၿပိဳင္ဆိုင္မႈျပင္းထန္တဲ့ဒီပြဲမွာ ဒီ့ထက္ပိုၿပီးေျခစြမ္းျပသင့္တာပါ။
လင္ဒီေလာ့ဖ္ -5 –ဖိအားေတြရိွခဲ့တဲ့ပုံစံေတြ႕ရၿပီး၊ ႀကိဳးစားၿပီးေတာ့ ကစားခဲ့ပါတယ္။ တြဲဖက္ေတြနဲ႔ကစားတဲ့အေနအထားမွာလည္း အရမ္းႀကီးမေကာင္းေတာင္ အဆင္ေျပတဲ့ေျခစြမ္းရိွခဲ့ပါတယ္။ ၿပိဳင္ဖက္အသင္းသားေတြရဲ႕တိုက္စစ္ကို တားဆီးဖို႔ရုန္းကန္ခဲ့သလို၊ လီဗာပူးတစ္ဂိုးထပ္မရေအာင္လည္း တားဆီးႏိုင္ခဲ့ပါတယ္။
မက္ဂြိဳင္းယား -5 – ဗန္ဒိုက္ရဲ႕ဂိုးသြင္းမႈမွာသူ႔အေနနဲ႔တာ၀န္ရိွတယ္ဆိုၿပီး သတ္မွတ္ခ်င္ရင္လည္း သတ္မွတ္လို႔ရပါတယ္။ ခံစစ္အတြက္အေကာင္းဆုံးကစားေပးတဲ့အေနအထားေတြရိွခဲ့ေပမယ့္ လုိအပ္ခ်က္ေတြကေတာ့ ရိွလို႔ေနပါတယ္။
လုခ္ေရွာ-5 – ဗဟိုခံစစ္မွာ ကစားခဲ့ၿပီး၊ ၿပိဳင္ဘက္အသင္းရဲ႕ေတာင္ပံတိုက္စစ္ေတြကို ေကာင္းေကာင္းထိန္းခ်ဳပ္ ႏိုင္ခဲ့ပါတယ္။

၀ီလီယံ -8 – ၿပီးခဲ့တဲ့တစ္ပတ္မွာ ယူႏိုက္တက္ပရိသတ္ေတြရဲ႕ခ်စ္ခင္မႈကိုသိမ္းပိုက္ႏိုင္ခဲ့သူျဖစ္ၿပီး၊ အခုပြဲမွာလည္း အလားအလာေကာင္းတဲ့ကစားသမားျဖစ္ေၾကာင္းျပသသြားခဲ့ပါတယ္။ စိတ္ဓာတ္ျပင္းျပင္းနဲ႔ၿပိဳင္ဘက္အသင္းသားေတြကို ယွဥ္ၿပိဳင္တုိက္ခုိက္ခဲ့သူပါ။ အနာဂတ္ရဲ႕ၾကယ္တစ္ပြင့္ပါ။
မာတစ္- 6 –ေတာ္မီေနးရဲ႕ေနရာကိုအေကာင္းဆုံးကစားႏိုင္သူျဖစ္ၿပီး၊ ယူႏိုက္တက္အတြက္မုန္တိုင္း မထန္ေအာင္ ႀကိဳးစား ေပးခဲ့သူပါ။ အ၀ါကတ္လက္ေဆာင္ရခဲ့တာေၾကာင့္ ေနာက္ပိုင္းမွာ စိတ္ထင္သေလာက္ တြန္းတိုက္ကစားဖို႔ခက္ခဲ့ပါတယ္။

ဖရက္-8 –လြတ္ေခ်ာ္သြားတာေတြရိွခဲ့ေပမယ့္ ကစားပြဲကိုကယ္တင္ခဲ့တဲ့အထဲမွာပါ၀င္သူျဖစ္ပါတယ္။ ခံစစ္ ဆင္းကူတဲ့အပိုင္းေကာင္းမြန္သလို၊ တိုက္စစ္ပံ့ပိုးမႈလည္းမဆိုးပါဘူး။ အဆုံးသတ္ကေတာ့ လိုအပ္ခဲ့ပါတယ္။

ပါရဲရား -4 –ယူႏိုက္တက္အတြက္ေခ်ပဂိုးသြင္းႏိုင္ေအာင္ႀကိဳးစားခဲ့ပါေသးတယ္။ ေျခစြမ္းေတြရိွေပမယ့္ သူကလည္းအဆုံးသတ္ပိုင္းအားနည္းခ်က္ေတြရိွခဲ့ပါတယ္။
မာရွယ္ -5 – ဒီတစ္ပြဲမွာေတာ့ မာရွယ္တစ္ေယာက္ေျခေပၚဖုိ႔မနည္းႀကိဳးစားခဲ့ရပါတယ္။ ၿပိဳင္ဘက္အသင္းရဲ႕ထိန္းခ်ဳပ္မႈေအာက္ကို ခဏ ခဏ ေရာက္ ေရာက္သြားခဲ့ရပါတယ္။အခြင့္အေရးေကာင္းေတြ လည္း ျဖဳန္းတီးပစ္ခဲ့သူပါ။
ဂ်ိမ္းစ္ – 4 – ဒီပြဲမွာ ဂ်ိမ္းစ္တစ္ေယာက္လည္း အားနည္းခ်က္ေတြမ်ားခဲ့ပါတယ္။ အခြင့္အေရးေကာင္းကိုဆုံးရႈံးေအာင္လုပ္တဲ့ထဲမွာသူလည္းပါပါတယ္။ ပြဲၿပီးခါနီးမွာ ပိုလို႔ေျခေပ်ာက္သြား ခဲ့ပါတယ္။ ၿပိဳင္ဘက္အသင္းအတြက္ စိတ္လႈပ္ရွားေအာင္ လုပ္ေဆာင္ႏိုင္စြမ္းေတာ့ရိွခဲ့ပါတယ္။
ဒုတိယပုိင္းမွာလူစား၀င္ကစားခဲ့ၾကတဲ့ ေမဆင္ဂရင္း၀ုဒ္နဲ႔မာတာရဲ႕စြမ္းေဆာင္ရည္သတ္မွတ္ခ်က္ေတြကေတာ့ အဆင့္5 ျဖစ္ၿပီး၊ ဒါးလုတ္ကေတာ့ အေတာ္ေနာက္က်မွအစားထိုး၀င္ေရာက္တာေၾကာင့္ အဆင့္သတ္မွတ္ခ်က္မရိွပါဘူး။ အခုပြဲမွာ ယူႏိုက္တက္တို႔၀မ္းနည္းခဲ့ရေပမယ့္ ေနာက္ပြဲေတြမွာသရဲနီတို႔ ေျခစြမ္းျပဂိုးသြင္းႏိုင္ပါေစလို႔ဆုေတာင္းပါတယ္။