လီဗာပူးကိုနိုင်ပြီးတဲ့နောက် ချန်ပီယံလိဂ်ဝင်ခွင့်မှန်းနေတဲ့ မန်ယူနည်းပြဟောင်းမိုယက်စ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြီးခဲ့တဲ့တနင်္ဂနွေညက အိမ်ကွင်းမှာ လီဗာပူးကို ၃-၂ နဲ့အနိုင်ရခဲ့ပြီးတဲ့နောက် ဝက်စ်ဟမ်းနည်းပြဒေးဗစ်မိုယက်စ်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာကို မျှော်မှန်းနေပါတယ်။

ဂိုးသမားအယ်လစ်ဆန်ရဲ့ကိုယ့်ဂိုးကိုယ်သွင်းမိမှု၊ ဖော်နယ်နဲ့ဇူးမားတို့ရဲ့သွင်းဂိုးတွေနဲ့ ဝက်စ်ဟမ်းဟာ လီဗာပူးကို အခုရာသီမှာ ပထမဆုံးရှုံးပွဲကြုံစေခဲ့တာပါ။

အဲဒီနိုင်ပွဲကြောင့်လည်း ဝက်စ်ဟမ်းဟာ အမှတ်ပေးဇယားမှာ လီဗာပူးကို ကျော်တက်ပြီး တတိယနေရာရောက်လာကာ ထိပ်ဆုံးက ချဲလ်ဆီးနဲ့ ၃ မှတ်သာကွာတော့တာပါ။

ပွဲအပြီးမှာ BBC က သူ့အသင်းဟာ ချန်ပီယံဆုစိန်ခေါ်နိုင်ပြီလားလို့ မေးမြန်းတော့ မိုယက်စ်က”အချိန်တိုင်းမှာ ကျွန်တော် တကယ်အပေါင်းလက္ခဏာဆန်ချင်ပါတယ်။

ကျွန်တော်တို့လုပ်နိုင်တယ်လို့ အဲဒီလိုပြောချင်တာပေါ့ဗျာ။

လောလောဆယ်တော့ အဲဒီလိုမမြင်ပါဘူး။

ကျွန်တော်တို့ဟာ ထိပ်ဆုံး ၄ နေရာကိုတော့ စိန်ခေါ်နိုင်ပါတယ်။

အခွင့်အရေးပေးမယ်ဆိုရင်ပေါ့လေ။

ပြီးခဲ့တဲ့ရာသီက ၂ မှတ်တည်းနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်လွဲချော်ခဲ့တာပါ။

ဘာကြောင့် မဖြစ်နိုင်ရမှာလဲ”ပြန်ဖြေခဲ့ပါတယ်။

မိုယက်စ်ရဲ့အသင်းဟာ ပရီးမီးယားလိဂ်မှာ နောက်ဆုံး ၄ ပွဲဆက်နိုင်ထားပြီး ယူရိုပါလိဂ်မှာလည်း အုပ်စုအမှတ်ပေးဇယားကို အမှတ်ဖြတ်ဦးဆောင်နေတာပါ။

ဝက်စ်ဟမ်းဟာ နိုင်ငံတကာကြားဖြတ်အပြီး ပရီးမီးယားလိဂ်မှာ ဝုဗ်နဲ့အဝေးကွင်းသွားရောက်ရင်ဆိုင်ရဖို့ ရှိပါတယ်။

မိုယက်စ်ဟာ မန်ယူကိုနည်းပြစဉ်က တစ်ရာသီအပြည့်အဝတောင် မခံခဲဘဲ အထုတ်ခံခဲ့ရကာ အဲဒီနောက် ဆိုစီဒက်၊ ဆန်းဒါးလန်းနဲ့ ဝက်စ်ဟမ်းကို ပထမအကြိမ်ကိုင်တွယ်တုန်းကလည်း အောင်မြင်မှု မရခဲ့ပါဘူး။

သူဟာ တစ်ကျော့ပြန်ဝက်စ်ဟမ်းနည်းပြဘဝမှာမှ ရလဒ်ကောင်းတွေ ဆက်တိုက်ရယူနိုင်နေတာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လီဗာပူးကိုႏိုင္ၿပီးတဲ့ေနာက္ ခ်န္ပီယံလိဂ္ဝင္ခြင့္မွန္းေနတဲ့ မန္ယူနည္းျပေဟာင္းမိုယက္စ္

ၿပီးခဲ့တဲ့တနဂၤေႏြညက အိမ္ကြင္းမွာ လီဗာပူးကို ၃-၂ နဲ႔အႏိုင္ရခဲ့ၿပီးတဲ့ေနာက္ ဝက္စ္ဟမ္းနည္းျပေဒးဗစ္မိုယက္စ္ဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္တစ္ေနရာကို ေမွ်ာ္မွန္းေနပါတယ္။

ဂိုးသမားအယ္လစ္ဆန္ရဲ႕ကိုယ့္ဂိုးကိုယ္သြင္းမိမႈ၊ ေဖာ္နယ္နဲ႔ဇူးမားတို႔ရဲ႕သြင္းဂိုးေတြနဲ႔ ဝက္စ္ဟမ္းဟာ လီဗာပူးကို အခုရာသီမွာ ပထမဆုံးရႈံးပြဲႀကဳံေစခဲ့တာပါ။

အဲဒီႏိုင္ပြဲေၾကာင့္လည္း ဝက္စ္ဟမ္းဟာ အမွတ္ေပးဇယားမွာ လီဗာပူးကို ေက်ာ္တက္ၿပီး တတိယေနရာေရာက္လာကာ ထိပ္ဆုံးက ခ်ဲလ္ဆီးနဲ႔ ၃ မွတ္သာကြာေတာ့တာပါ။

ပြဲအၿပီးမွာ BBC က သူ႔အသင္းဟာ ခ်န္ပီယံဆုစိန္ေခၚႏိုင္ၿပီလားလို႔ ေမးျမန္းေတာ့ မိုယက္စ္က”အခ်ိန္တိုင္းမွာ ကြၽန္ေတာ္ တကယ္အေပါင္းလကၡဏာဆန္ခ်င္ပါတယ္။ ကြၽန္ေတာ္တို႔လုပ္ႏိုင္တယ္လို႔ အဲဒီလိုေျပာခ်င္တာေပါ့ဗ်ာ။

ေလာေလာဆယ္ေတာ့ အဲဒီလိုမျမင္ပါဘူး။ ကြၽန္ေတာ္တို႔ဟာ ထိပ္ဆုံး ၄ ေနရာကိုေတာ့ စိန္ေခၚႏိုင္ပါတယ္။ အခြင့္အေရးေပးမယ္ဆိုရင္ေပါ့ေလ။ ၿပီးခဲ့တဲ့ရာသီက ၂ မွတ္တည္းနဲ႔ ခ်န္ပီယံလိဂ္ဝင္ခြင့္လြဲေခ်ာ္ခဲ့တာပါ။ ဘာေၾကာင့္ မျဖစ္ႏိုင္ရမွာလဲ”ျပန္ေျဖခဲ့ပါတယ္။

မိုယက္စ္ရဲ႕အသင္းဟာ ပရီးမီးယားလိဂ္မွာ ေနာက္ဆုံး ၄ ပြဲဆက္ႏိုင္ထားၿပီး ယူ႐ိုပါလိဂ္မွာလည္း အုပ္စုအမွတ္ေပးဇယားကို အမွတ္ျဖတ္ဦးေဆာင္ေနတာပါ။ ဝက္စ္ဟမ္းဟာ ႏိုင္ငံတကာၾကားျဖတ္အၿပီး ပရီးမီးယားလိဂ္မွာ ဝုဗ္နဲ႔အေဝးကြင္းသြားေရာက္ရင္ဆိုင္ရဖို႔ ရွိပါတယ္။

မိုယက္စ္ဟာ မန္ယူကိုနည္းျပစဥ္က တစ္ရာသီအျပည့္အဝေတာင္ မခံခဲဘဲ အထုတ္ခံခဲ့ရကာ အဲဒီေနာက္ ဆိုစီဒက္၊ ဆန္းဒါးလန္းနဲ႔ ဝက္စ္ဟမ္းကို ပထမအႀကိမ္ကိုင္တြယ္တုန္းကလည္း ေအာင္ျမင္မႈ မရခဲ့ပါဘူး။

သူဟာ တစ္ေက်ာ့ျပန္ဝက္စ္ဟမ္းနည္းျပဘဝမွာမွ ရလဒ္ေကာင္းေတြ ဆက္တိုက္ရယူႏိုင္ေနတာပါ။