လီဂူးဂိုးပေါက်ပျောက်မက်ဆီကို ပထမပိုင်းနဲ့ လူစားလဲရတဲ့အကြောင်းရင်း ပိုချက်တီနိုဖွင့်ဟ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြီးခဲ့တဲ့သောကြာညကစားခဲ့တဲ့ လိုင်လီနဲ့ပွဲမှာ ပထမပိုင်းပြီးချိန် မက်ဆီကို လူစားလဲခဲ့တာဟာ ကြိုတင်ကာကွယ်မှုတစ်ခုဖြစ်ကြောင်း ပီအက်စ်ဂျီနည်းပြပိုချက်တီနိုက ပြောကြားလိုက်ပါတယ်။

မက်ဆီကို လူစားလဲတဲ့ဒုတိယပိုင်းမစခင်မှာ ပီအက်စ်ဂျီဟာ လက်ရှိချန်ပီယံအသင်းကို ၁-၀ နဲ့ရှုံးနေခဲ့တာဖြစ်ပြီး အဲဒီအာဂျင်တီးနားစူပါစတားကို အိုင်ကာဒီနဲ့လဲလိုက်တော့ တအံ့တသြဖြစ်ကုန်ကြပါတယ်။

ဒါပေမဲ့လည်း ဒုတိယပိုင်းမှာ ပီအက်စ်ဂျီဟာ ပွဲအခြေအနေကို ပြောင်းလဲနိုင်ခဲ့ပြီး ၇၇ မိနစ်အရောက်မှာ နောက်ခံလူမာကွင်ဟို့စ်က ချေပဂိုးသွင်းခဲ့ကာ ပွဲပြီးဖို့ ၂ မိနစ်အလိုမှာ ဒီမာရီယာက အနိုင်ဂိုးသွင်းနိုင်ခဲ့ပါတယ်။

ပထမပိုင်းအပြီးမှာ မက်ဆီကို လူစားလဲခဲ့တဲ့သူ့ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ ပိုချက်တီနိုက”ကျွန်တော်တို့ စောင့်ရဦးမယ်။ အသင်းဆရာဝန်နဲ့ပြောပြီးသားပါ။

ဒါက ကြိုတင်ကာကွယ်တစ်ခုပါ။ သူဆက်မကစားနိုင်ပေမယ့် ပြသနာကြီးတစ်ခု မဟုတ်ပါဘူး။

လာမယ့်ပွဲကျရင် သူကစားနိုင်မှာပါ”လို့ ပွဲအပြီးမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

၃၄ နှစ်အရွယ် မက်ဆီဟာ လီဂူးမှာ ၅ ပွဲကစားခဲ့ပြီးဖြစ်ပေမယ့် အခုချိန်ထိ ဂိုးသွင်းနိုင်ခြင်းမရှိသေးပါဘူး။

ပီအက်စ်ဂျီအတွက် သူသွင်းပေးခဲ့တဲ့ ပထမဆုံး ၃ ဂိုးကလည်း ချန်ပီယံလိဂ်မှာ သွင်းယူနိုင်ခဲ့တာပါ။

မက်ဆီအနေနဲ့ နိုဝင်ဘာလအစမှာ အမှတ်ပေးသွင်းဂိုးမရှိတာ ဒါမှမဟုတ် အမှတ်ပေးဂိုးဖန်တီးမှု တစ်ကြိမ်မှမရှိတာဟာ ၂၀၀၅-၀၆ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

သူ့ကစားသမားဘဝနဲ့ဆိုရင် ဒါမျိုးက ဒုတိယအကြိမ်မြောက်လို့ ဆိုရင်လည်း မမှားပါဘူး။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လီဂူးဂိုးေပါက္ေပ်ာက္မက္ဆီကို ပထမပိုင္းနဲ႔ လူစားလဲရတဲ့အေၾကာင္းရင္း ပိုခ်က္တီႏိုဖြင့္ဟ

ၿပီးခဲ့တဲ့ေသာၾကာညကစားခဲ့တဲ့ လိုင္လီနဲ႔ပြဲမွာ ပထမပိုင္းၿပီးခ်ိန္ မက္ဆီကို လူစားလဲခဲ့တာဟာ ႀကိဳတင္ကာကြယ္မႈတစ္ခုျဖစ္ေၾကာင္း ပီအက္စ္ဂ်ီနည္းျပပိုခ်က္တီႏိုက ေျပာၾကားလိုက္ပါတယ္။

မက္ဆီကို လူစားလဲတဲ့ဒုတိယပိုင္းမစခင္မွာ ပီအက္စ္ဂ်ီဟာ လက္ရွိခ်န္ပီယံအသင္းကို ၁-၀ နဲ႔ရႈံးေနခဲ့တာျဖစ္ၿပီး အဲဒီအာဂ်င္တီးနားစူပါစတားကို အိုင္ကာဒီနဲ႔လဲလိုက္ေတာ့ တအံ့တၾသျဖစ္ကုန္ၾကပါတယ္။

ဒါေပမဲ့လည္း ဒုတိယပိုင္းမွာ ပီအက္စ္ဂ်ီဟာ ပြဲအေျခအေနကို ေျပာင္းလဲႏိုင္ခဲ့ၿပီး ၇၇ မိနစ္အေရာက္မွာ ေနာက္ခံလူမာကြင္ဟို႔စ္က ေခ်ပဂိုးသြင္းခဲ့ကာ ပြဲၿပီးဖို႔ ၂ မိနစ္အလိုမွာ ဒီမာရီယာက အႏိုင္ဂိုးသြင္းႏိုင္ခဲ့ပါတယ္။

ပထမပိုင္းအၿပီးမွာ မက္ဆီကို လူစားလဲခဲ့တဲ့သူ႔ဆုံးျဖတ္ခ်က္နဲ႔ပတ္သက္လို႔ ပိုခ်က္တီႏိုက”ကြၽန္ေတာ္တို႔ ေစာင့္ရဦးမယ္။ အသင္းဆရာဝန္နဲ႔ေျပာၿပီးသားပါ။ ဒါက ႀကိဳတင္ကာကြယ္တစ္ခုပါ။ သူဆက္မကစားႏိုင္ေပမယ့္ ျပသနာႀကီးတစ္ခု မဟုတ္ပါဘူး။ လာမယ့္ပြဲက်ရင္ သူကစားႏိုင္မွာပါ”လို႔ ပြဲအၿပီးမွာ သတင္းေထာက္ေတြကို ေျပာၾကားခဲ့ပါတယ္။

၃၄ ႏွစ္အ႐ြယ္ မက္ဆီဟာ လီဂူးမွာ ၅ ပြဲကစားခဲ့ၿပီးျဖစ္ေပမယ့္ အခုခ်ိန္ထိ ဂိုးသြင္းႏိုင္ျခင္းမရွိေသးပါဘူး။ ပီအက္စ္ဂ်ီအတြက္ သူသြင္းေပးခဲ့တဲ့ ပထမဆုံး ၃ ဂိုးကလည္း ခ်န္ပီယံလိဂ္မွာ သြင္းယူႏိုင္ခဲ့တာပါ။

မက္ဆီအေနနဲ႔ ႏိုဝင္ဘာလအစမွာ အမွတ္ေပးသြင္းဂိုးမရွိတာ ဒါမွမဟုတ္ အမွတ္ေပးဂိုးဖန္တီးမႈ တစ္ႀကိမ္မွမရွိတာဟာ ၂၀၀၅-၀၆ ရာသီေနာက္ပိုင္း ပထမဆုံးအႀကိမ္ျဖစ္ပါတယ္။ သူ႔ကစားသမားဘဝနဲ႔ဆိုရင္ ဒါမ်ိဳးက ဒုတိယအႀကိမ္ေျမာက္လို႔ ဆိုရင္လည္း မမွားပါဘူး။