လိုအပ်ရင် ဒိုင်လူကြီးတွေကို ဖိအားပေးတောင်းဆိုဖို့ ကစားသမားတွေကို ဆိုးလ်ရှား သတိပေး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားက အသင်းက ကစားသမားတွေအနေနဲ့ သိပ်ပြီး စိတ်ထားကောင်းစရာ မလိုဘဲ လိုအပ်လာရင် ဒိုင်လူကြီးတွေကို ဖိအားပေးတောင်းဆိုရမယ်လို့ သတိပေးစကားဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်က ရှက်ဖီးယူနိုက်တက်အသင်းကို (၂-၁)ဂိုးနဲ့ ရှုံးခဲ့တုန်းက ပထမဂိုးပေးလိုက်ရချိန်မှာ ဂိုးသမား ဒီဂီယာကို ပြိုင်ဘက်ကစားသမားက ဖိထားသလိုဖြစ်ခဲ့ပေမယ့် ယူနိုက်တက်ကစားသမားတွေက ဒိုင်လူကြီးကို ဘာမှစောဒကတက်တာမျိုး မလုပ်ခဲ့တဲ့ဖြစ်ရပ်အပေါ် ရည်ညွှန်းပြီး ဆိုးလ်ရှားက အခုလိုသတိပေးလိုက်တာဖြစ်ပါတယ်။

ဆိုးလ်ရှားအနေနဲ့ သူ့အသင်းက ကစားသမားတွေဟာ VAR ပြန်ကြည့်ပြီး ဆုံးဖြတ်ခိုင်းဖို့အတွက် ဒိုင်လူကြီးကို စောဒကတက်တောင်းဆိုဖို့ ဆန္ဒရှိနေတာလည်းဖြစ်ပါတယ်။

ဆိုးလ်ရှားက “ရှက်ဖီးနဲ့ပွဲမှာ အပြောင်းအလဲတချို့ကြောင့် ကျွန်တော်တို့အသင်းအပေါ် ထိခိုက်မှုရှိစေခဲ့ပါတယ်။ အဲဒီပွဲအပြီး ဒိုင်လူကြီးရဲ့ပွဲအစီရင်ခံစာကို ကျွန်တော်ဖတ်လိုက်ရပြီး သူက ဆုံးဖြတ်ချက်(၂)ခု မှားယွင်းခဲ့တယ်လို့ ရေးသားခဲ့ပါတယ်။ အဲဒီအစီရင်ခံစာထဲမှာ ရှက်ဖီး သွင်းခဲ့တဲ့ ပထမဂိုးဟာ မပေးသင့်ဘဲ ကျွန်တော်တို့ရဲ့ဂိုး (မာစီယဲလ် သွင်းခဲ့သောဂိုး)ကို ခွင့်ပြုသင့်တယ်လို့ ဖော်ပြခဲ့ပါတယ်။

ကျွန်တော့်ကစားသမားတွေက အေးဆေးသမားတွေ များပါတယ်။ ဒီထက်ပိုပြီး ဒိုင်လူကြီးကို ဖိအားပေးတာမျိုး၊ စပေးဘော ပြန်မစခင် VAR နဲ့ ပြန်ကြည့်ဖို့ တောင်းဆိုတာမျိုးတွေ လုပ်သင့်ပါတယ်။ ကစားသမားတွေအနေနဲ့ အခုထက်ပိုပြီး စိတ်အားထက်သန်မှုတွေ ရှိလာအောင် သင်ယူရပါဦးမယ်”လို့ ပြောကြားခဲ့ပါတယ်။

ရှက်ဖီးနဲ့ပွဲပထမပိုင်းမှာ မာစီယဲလ်က ယူနိုက်တက်အသင်းအတွက် ဂိုးသွင်းယူခဲ့ပေမယ့် အဲဒီဂိုးမသွင်းခင် မက်ဂွိုင်းယားဟာ ပြိုင်ဘက်အသင်းဂိုးသမား ရမ့်စ်ဒေးလ်ကို ခန္ဓာကိုယ်နဲ့ ထိန်းထားခဲ့တယ်ဆိုပြီး ကွင်းလယ်ဒိုင်က ပြစ်ဒဏ်ဘောပေးခဲ့တဲ့အတွက် ယူနိုက်တက်အသင်း နစ်နာခဲ့ရတာဖြစ်ပါတယ်။

အရင်က ယူနိုက်တက်အသင်းမှာ ရွိုင်ကိန်း၊ နစ်ကီဘတ်၊ စတမ်းစတဲ့ ကစားသမားတွေဟာ ဒိုင်လူကြီးတွေကို မကြာခဏဆိုသလို ဝိုင်းဝန်းစောဒကတက်တာမျိုးတွေ ရှိခဲ့ပေမယ့် အခုအချိန်မှာတော့ အသင်းခေါင်းဆောင် မက်ဂွိုင်းယားကအစ ကျန်တဲ့သူတွေပါ အဲဒီလို အပြုအမူတွေ မရှိတော့လို့ ဆိုးလ်ရှားက သတိပေးစကားဆိုခဲ့တာလည်းဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

လိုအပ္ရင္ ဒိုင္လူႀကီးေတြကို ဖိအားေပးေတာင္းဆိုဖို႔ ကစားသမားေတြကို ဆိုးလ္ရွား သတိေပး

မန္ခ်က္စတာယူႏိုက္တက္နည္းျပ ဆိုးလ္ရွားက အသင္းက ကစားသမားေတြအေနနဲ႔ သိပ္ၿပီး စိတ္ထားေကာင္းစရာ မလိုဘဲ လိုအပ္လာရင္ ဒိုင္လူႀကီးေတြကို ဖိအားေပးေတာင္းဆိုရမယ္လို႔ သတိေပးစကားဆိုခဲ့ပါတယ္။ ၿပီးခဲ့တဲ့တစ္ပတ္က ရွက္ဖီးယူႏိုက္တက္အသင္းကို (၂-၁)ဂိုးနဲ႔ ရႈံးခဲ့တုန္းက ပထမဂိုးေပးလိုက္ရခ်ိန္မွာ ဂိုးသမား ဒီဂီယာကို ၿပိဳင္ဘက္ကစားသမားက ဖိထားသလိုျဖစ္ခဲ့ေပမယ့္ ယူႏိုက္တက္ကစားသမားေတြက ဒိုင္လူႀကီးကို ဘာမွေစာဒကတက္တာမ်ိဳး မလုပ္ခဲ့တဲ့ျဖစ္ရပ္အေပၚ ရည္ၫႊန္းၿပီး ဆိုးလ္ရွားက အခုလိုသတိေပးလိုက္တာျဖစ္ပါတယ္။ ဆိုးလ္ရွားအေနနဲ႔ သူ႔အသင္းက ကစားသမားေတြဟာ VAR ျပန္ၾကည့္ၿပီး ဆုံးျဖတ္ခိုင္းဖို႔အတြက္ ဒိုင္လူႀကီးကို ေစာဒကတက္ေတာင္းဆိုဖို႔ ဆႏၵရွိေနတာလည္းျဖစ္ပါတယ္။

ဆိုးလ္ရွားက “ရွက္ဖီးနဲ႔ပြဲမွာ အေျပာင္းအလဲတခ်ိဳ႕ေၾကာင့္ ကြၽန္ေတာ္တို႔အသင္းအေပၚ ထိခိုက္မႈရွိေစခဲ့ပါတယ္။ အဲဒီပြဲအၿပီး ဒိုင္လူႀကီးရဲ႕ပြဲအစီရင္ခံစာကို ကြၽန္ေတာ္ဖတ္လိုက္ရၿပီး သူက ဆုံးျဖတ္ခ်က္(၂)ခု မွားယြင္းခဲ့တယ္လို႔ ေရးသားခဲ့ပါတယ္။ အဲဒီအစီရင္ခံစာထဲမွာ ရွက္ဖီး သြင္းခဲ့တဲ့ ပထမဂိုးဟာ မေပးသင့္ဘဲ ကြၽန္ေတာ္တို႔ရဲ႕ဂိုး (မာစီယဲလ္ သြင္းခဲ့ေသာဂိုး)ကို ခြင့္ျပဳသင့္တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။ ကြၽန္ေတာ့္ကစားသမားေတြက ေအးေဆးသမားေတြ မ်ားပါတယ္။ ဒီထက္ပိုၿပီး ဒိုင္လူႀကီးကို ဖိအားေပးတာမ်ိဳး၊ စေပးေဘာ ျပန္မစခင္ VAR နဲ႔ ျပန္ၾကည့္ဖို႔ ေတာင္းဆိုတာမ်ိဳးေတြ လုပ္သင့္ပါတယ္။ ကစားသမားေတြအေနနဲ႔ အခုထက္ပိုၿပီး စိတ္အားထက္သန္မႈေတြ ရွိလာေအာင္ သင္ယူရပါဦးမယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ရွက္ဖီးနဲ႔ပြဲပထမပိုင္းမွာ မာစီယဲလ္က ယူႏိုက္တက္အသင္းအတြက္ ဂိုးသြင္းယူခဲ့ေပမယ့္ အဲဒီဂိုးမသြင္းခင္ မက္ဂြိဳင္းယားဟာ ၿပိဳင္ဘက္အသင္းဂိုးသမား ရမ့္စ္ေဒးလ္ကို ခႏၶာကိုယ္နဲ႔ ထိန္းထားခဲ့တယ္ဆိုၿပီး ကြင္းလယ္ဒိုင္က ျပစ္ဒဏ္ေဘာေပးခဲ့တဲ့အတြက္ ယူႏိုက္တက္အသင္း နစ္နာခဲ့ရတာျဖစ္ပါတယ္။ အရင္က ယူႏိုက္တက္အသင္းမွာ ႐ြိဳင္ကိန္း၊ နစ္ကီဘတ္၊ စတမ္းစတဲ့ ကစားသမားေတြဟာ ဒိုင္လူႀကီးေတြကို မၾကာခဏဆိုသလို ဝိုင္းဝန္းေစာဒကတက္တာမ်ိဳးေတြ ရွိခဲ့ေပမယ့္ အခုအခ်ိန္မွာေတာ့ အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယားကအစ က်န္တဲ့သူေတြပါ အဲဒီလို အျပဳအမူေတြ မရွိေတာ့လို႔ ဆိုးလ္ရွားက သတိေပးစကားဆိုခဲ့တာလည္းျဖစ္ပါတယ္။