လိုဆယ်လ်ဆိုကို မထုတ်ခဲ့တဲ့ VAR ဒိုင်လူကြီး ဒီတစ်ပတ်တာဝန်တွေကနေ ရပ်စဲခံရ

Photo- Internet
Photo- Internet

ပြီးခဲ့တဲ့တစ်ပတ်က ချဲလ်ဆီးက စပါးကို ၂-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ အက်ဇ်ပီလီကူတာကို တက်နင်းခဲ့တဲ့ စပါးကလိုဆယ်လ်ဆိုရဲ့ပြစ်ဒဏ်ကိုအနီကတ်မမြောက်ဘူးလို့ ဆုံးဖြတ်ခဲ့တဲ့ VAR ဒိုင်လူကြီးကို ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်တွေကို တာဝန်ယူခွင့် ရပ်ဆိုင်းခံခဲ့ရတယ်လို့ သိရပါတယ်။

ဒီဒိုင်လူကြီးရဲ့အမည်ကတော့ ဒေးဗစ်ကူတီဆိုသူဖြစ်ပြီး VAR ဒိုင်အဖြစ်သာမက လက်ထောက်အဖြစ်ရော ဒီစနစ်နဲ့သက်ဆိုင်တဲ့ တာဝန်တွေမှန်သမျှကနေဆိုင်းငံ့ခံလိုက်ရတာဖြစ်ပါတယ်။ အသက် ၂၃ နှစ်ရှိတဲ့ လိုဆယ်လ်ဆိုဟာ အက်ဇ်ပီလူကူတာကို ခြေထောက်ကျိုးစေနိုင်တဲ့ တက်နင်းခဲ့တာလည်းဖြစ်ပေမယ့် အဝါကတ်တောင်အပြမခံခဲ့ရပါဘူး။

Photo- Internet

ဒီဖြစ်ရပ်အတွက် VAR ရဲ့အကူအညီရယူဖို့ ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာကတောင်းခံခဲ့ပေမယ့် ကူတီက ဖြစ်ရပ်ကိုပြန်ကြည့်ရာမှာ ကြမ်းတမ်းစွားကစားမှုမမြောက်ဘူးလို့ ဆုံးဖြတ်လိုက်တာကြောင့် လိုဆယ်လ်ဆိုလည်း အနီကတ်ပြစ်ဒဏ်နဲပလွဲခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့်လည်းပွဲချိန်အတွင်းမှာရော ပွဲအပြီးမှာပါ ချဲလ်ဆီးနည်းပြလမ်းပတ်က ဒေါသပေါက်ကွဲခဲ့တာပါ။

Photo- Internet

ရုပ်သံအနှေးပြကွက်တွေမှာ လိုဆယ်လ်ဆိုရဲ့လုပ်ရပ်ဟာတကယ့်ကိုပြင်းထန်ခဲ့ပြီးအက်ဇ်ပီလီကူတာတစ်ယောက် ကံကောင်းလို့ဒဏ်ရာအပြင်းအထန်မရခဲ့ပေမယ့် ကူတီက ကြမ်းတမ်းစွာကစားခြင်းမဟုတ်ဘူးလို့ ဆုံးဖြတ်လိုက်တာကြောင့် စပါးပရိသတ်တွေကြားထဲမှာတောင် အံအားသင့်မှုတွေရှိခဲ့ရပါတယ်။

Photo- Internet

ပရော်ဖက်ရှင်နယ်ပွဲစဉ်များကြီးကြပ်ရေးဒိုင်လူကြီးအဖွဲ့( PGMOL)ရဲ့ထုတ်ပြန်ချက်ထဲမှာ ကူတီဟာ ဒီဖြစ်ရပ်ကို ရှင်းလင်းထင်ရှားတဲ့ ပြစ်ဒဏ်မမြောက်ဘူးလို့ ဆုံးဖြတ်ခဲ့ကြောင်း၊ ဒါပေမယ့် ဒီဆုံးဖြတ်ချက်မှာ နည်းပညာရဲ့အားနည်းချက်မရှိပေမယ့် ဒိုင်ရဲ့အမှားမကင်းခဲ့လို့ ကူတီကို ဒီတစ်ပ်အတွက်တာဝန်ပေးတော့မှာမဟုတ်ဘူးလို့ ဖော်ပြသွားပါတယ်။

Photo- Internet

Zawgyi

လိုဆယ္လ္ဆိုကို မထုတ္ခဲ့တဲ႔ VAR ဒိုင္လူႀကီး ဒီတစ္ပတ္တာ၀န္ေတြကေန ရပ္စဲခံရ

ၿပီးခဲ့တဲ႔တစ္ပတ္က ခ်ဲလ္ဆီးက စပါးကို ၂-၁ နဲ႔အႏိုင္ရခဲ့တဲ႔ပြဲမွာ အက္ဇ္ပီလီကူတာကို တက္နင္းခဲ့တဲ႔ စပါးကလိုဆယ္လ္ဆိုရဲ႕ျပစ္ဒဏ္ကိုအနီကတ္မေျမာက္ဘူးလို႔ ဆုံးျဖတ္ခဲ့တဲ႔ VAR ဒိုင္လူႀကီးကို ဒီတစ္ပတ္ပရီးမီးယားလိဂ္ပြဲစဥ္ေတြကို တာ၀န္ယူခြင့္ ရပ္ဆိုင္းခံခဲ့ရတယ္လို႔ သိရပါတယ္။

ဒီဒိုင္လူႀကီးရဲ႕အမည္ကေတာ႔ ေဒးဗစ္ကူတီဆိုသူျဖစ္ၿပီး VAR ဒိုင္အျဖစ္သာမက လက္ေထာက္အျဖစ္ေရာ ဒီစနစ္နဲ႔သက္ဆိုင္တဲ႔ တာ၀န္ေတြမွန္သမွ်ကေနဆိုင္းင့ံခံလိုက္ရတာျဖစ္ပါတယ္။ အသက္ ၂၃ ႏွစ္ရွိတဲ႔ လိုဆယ္လ္ဆုိဟာ အက္ဇ္ပီလူကူတာကို ေျခေထာက္က်ဳိးေစႏိုင္တဲ႔ တက္နင္းခဲ့တာလည္းျဖစ္ေပမယ္႔ အ၀ါကတ္ေတာင္အျပမခံခဲ့ရပါဘူး။

ဒီျဖစ္ရပ္အတြက္ VAR ရဲ႕အကူအညီရယူဖို႔ ကြင္းလယ္ဒိုင္ မိုက္ကယ္အိုလီဗာကေတာင္းခံခဲ့ေပမယ္႔ ကူတီက ျဖစ္ရပ္ကိုျပန္ၾကည့္ရာမွာ ၾကမ္းတမ္းစြားကစားမႈမေျမာက္ဘူးလို႔ ဆုံးျဖတ္လိုက္တာေၾကာင့္ လိုဆယ္လ္ဆိုလည္း အနီကတ္ျပစ္ဒဏ္နဲပလြဲခဲ့ရတာျဖစ္ပါတယ္။ ဒါေၾကာင့္လည္းပြဲခ်ိန္အတြင္းမွာေရာ ပြဲအၿပီးမွာပါ ခ်ဲလ္ဆီးနည္းျပလမ္းပတ္က ေဒါသေပါက္ကြဲခဲ့တာပါ။

ရုပ္သံအေႏွးျပကြက္ေတြမွာ လိုဆယ္လ္ဆိုရဲ႕လုပ္ရပ္ဟာတကယ္႔ကိုျပင္းထန္ခဲ့ၿပီးအက္ဇ္ပီလီကူတာတစ္ေယာက္ ကံေကာင္းလို႔ဒဏ္ရာအျပင္းအထန္မရခဲ့ေပမယ္႔ ကူတီက ၾကမ္းတမ္းစြာကစားျခင္းမဟုတ္ဘူးလို႔ ဆုံးျဖတ္လိုက္တာေၾကာင့္ စပါးပရိသတ္ေတြၾကားထဲမွာေတာင္ အံအားသင့္မႈေတြရွိခဲ့ရပါတယ္။

ပေရာ္ဖက္ရွင္နယ္ပြဲစဥ္မ်ားႀကီးၾကပ္ေရးဒိုင္လူႀကီးအဖြဲ႔( PGMOL)ရဲ႕ထုတ္ျပန္ခ်က္ထဲမွာ ကူတီဟာ ဒီျဖစ္ရပ္ကို ရွင္းလင္းထင္ရွားတဲ႔ ျပစ္ဒဏ္မေျမာက္ဘူးလို႔ ဆုံးျဖတ္ခဲ့ေၾကာင္း၊ ဒါေပမယ္႔ ဒီဆုံးျဖတ္ခ်က္မွာ နည္းပညာရဲ႕အားနည္းခ်က္မရွိေပမယ္႔ ဒိုင္ရဲ႕အမွားမကင္းခဲ့လို႔ ကူတီကို ဒီတစ္ပ္အတြက္တာ၀န္ေပးေတာ႔မွာမဟုတ္ဘူးလို႔ ေဖာ္ျပသြားပါတယ္။