

ချယ်လ်ဆီးအသင်းဟာ ချန်ပီယံလိဂ်အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်မှာလိုင်လီအသင်းကို 2 ဂိုး 1 ဂိုးရလဒ်နဲ့အနိုင်ရကာ 16 သင်းအဆင့်ကို တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့် နည်းပြလမ်းပတ်တစ်ယောက်ကတော့ လိုင်လီကို ဂိုးပေးလိုက်ရတဲ့အပေါ် စိတ်ပျက်နေပါတယ်။ ပွဲပြီးခါနီးမှ လိုင်လီအသင်းကို ချေပဂိုးတစ်ဂိုးပေးလိုက်ရတာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းအနေနဲ့လိုင်လီအသင်းကို ပထမပိုင်းမှာ ဖိကစားပြီး၊ ဂိုးသွင်းခွင့်တွေရှိခဲ့ပေမယ့် 2 ဂိုးသာသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ပူလီဆစ်နဲ့ အေဘရာဟမ်တို့ကို အနားပေးလူစားလဲပြီးနောက်မှာတော့ ကစားကွက်အနေအထားတိမ်းညွှတ်ခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ ပွဲအဆုံးသတ်ခါနီး လိုင်လီဘက်က ချေပဂိုးယူသွားတာဖြစ်ပါတယ်။

ဒီနှစ်ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းအနေနဲ့သက်သောင့်သက်သာကစားခဲ့ရတဲ့ပွဲတစ်ပွဲမှမရှိကြောင်း နည်းပြလမ်းပတ်ကသတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။ ဒါ့အပြင် လိုင်လီအသင်းကိုသက်သောင့်သက်သာ အနိုင်ရရမယ့်အစား နောက်ဆုံးမှာ လှုပ်လှုပ်ရှားရှားနဲ့ပွဲသိမ်းခဲ့ရတဲ့အပေါ် စိတ်ပျက်ရကြောင်းလည်း လမ်းပတ်ကပြောဆိုခဲ့ပါတယ်။ “ကောင်လေး တွေအနေနဲ့ဒီနေ့ပွဲမှာအစွမ်းကုန်ပေးဆပ်ကစားတယ်ဆိုတာကို ကျွန်တော်ယုံပါတယ်။ ဒါပေမယ့် လာမယ့်နောက်ထပ်ပွဲတွေမှာဒီထက်ပိုကောင်းအောင်၊အဆုံးသတ်ကောင်းအောင် ကစားဖို့လိုပါတယ်”လို့နည်းပြလမ်းပတ်က ပြောပါတယ်။

“အခုအခြေအနေနဲ့ပတ်သက်ပြီး တစ်ပွဲပြီးတိုင်းကျွန်တော်ပြောရတာ စိတ်ကုန်နေပါပြီ။ သက်သောင့်သက်သာမကစားရတာ ဒီရာသီအတွက်ထုံးစံလိုဖြစ်နေသလိုပါပဲ။ ဒီနေ့ပွဲကိုကျွန်တော်တို့ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပထမပိုင်းနဲ့ ဒုတိယပိုင်းအစလောက်ထိပါပဲ။ ဒုတိယပိုင်းစအပြီးမိနစ် 20 ကျော်လောက်မှာတော့ ပြန်လည်လှုပ်လှုပ်ရှားရှားကစားခဲ့ရပါတယ်”လို့ နည်းပြလမ်းပတ်ကပြောပါတယ်။

(Zawgyi Version)
လိုင္လီကို ဂိုးေပးလိုက္ရလို႔ စိတ္ပ်က္ေနတဲ့ လမ္းပတ္
ခ်ယ္လ္ဆီးအသင္းဟာ ခ်န္ပီယံလိဂ္အုပ္စုအဆင့္ ေနာက္ဆုံးပြဲစဥ္မွာလိုင္လီအသင္းကို 2 ဂိုး 1 ဂိုးရလဒ္နဲ႔အႏိုင္ရကာ 16 သင္းအဆင့္ကို တက္ေရာက္သြားခဲ့ၿပီျဖစ္ပါတယ္။ ဒါေပမယ့္ နည္းျပလမ္းပတ္တစ္ေယာက္ကေတာ့ လိုင္လီကို ဂိုးေပးလိုက္ရတဲ့အေပၚ စိတ္ပ်က္ေနပါတယ္။ ပြဲၿပီးခါနီးမွ လိုင္လီအသင္းကို ေခ်ပဂိုးတစ္ဂိုးေပးလိုက္ရတာျဖစ္ပါတယ္။
ခ်ယ္လ္ဆီးအသင္းအေနနဲ႔လိုင္လီအသင္းကို ပထမပိုင္းမွာ ဖိကစားၿပီး၊ ဂိုးသြင္းခြင့္ေတြရိွခဲ့ေပမယ့္ 2 ဂိုးသာသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ပူလီဆစ္နဲ႔ ေအဘရာဟမ္တို႔ကို အနားေပးလူစားလဲၿပီးေနာက္မွာေတာ့ ကစားကြက္အေနအထားတိမ္းညႊတ္ခဲ့ရပါတယ္။ အဲဒီေနာက္မွာေတာ့ ပြဲအဆုံးသတ္ခါနီး လိုင္လီဘက္က ေခ်ပဂိုးယူသြားတာျဖစ္ပါတယ္။
ဒီႏွစ္ေဘာလုံးရာသီမွာ ခ်ယ္လ္ဆီးအသင္းအေနနဲ႔သက္ေသာင့္သက္သာကစားခဲ့ရတဲ့ပြဲတစ္ပြဲမွမရိွေၾကာင္း နည္းျပလမ္းပတ္ကသတင္းစာရွင္းလင္းပြဲမွာေျပာပါတယ္။ ဒါ့အျပင္ လိုင္လီအသင္းကိုသက္ေသာင့္သက္သာအႏိုင္ရရမယ့္အစား ေနာက္ဆုံးမွာ လႈပ္လႈပ္ရွားရွားနဲ႔ပြဲသိမ္းခဲ့ရတဲ့အေပၚ စိတ္ပ်က္ရေၾကာင္းလည္း လမ္းပတ္ကေျပာဆုိခဲ့ပါတယ္။ “ေကာင္ေလး ေတြအေနနဲ႔ဒီေန႔ပြဲမွာအစြမ္းကုန္ေပးဆပ္ကစားတယ္ဆိုတာကို ကၽြန္ေတာ္ယုံပါတယ္။ ဒါေပမယ့္ လာမယ့္ေနာက္ထပ္ပြဲေတြမွာဒီထက္ပိုေကာင္းေအာင္၊အဆုံးသတ္ေကာင္းေအာင္ ကစားဖို႔လုိပါတယ္”လို႔နည္းျပလမ္းပတ္က ေျပာပါတယ္။
“အခုအေျခအေနနဲ႔ပတ္သက္ၿပီး တစ္ပြဲၿပီးတိုင္းကၽြန္ေတာ္ေျပာရတာ စိတ္ကုန္ေနပါၿပီ။ သက္ေသာင့္သက္သာမကစားရတာ ဒီရာသီအတြက္ထုံးစံလိုျဖစ္ေနသလိုပါပဲ။ ဒီေန႔ပြဲကိုကၽြန္ေတာ္တို႔ထိန္းခ်ဳပ္ႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ ပထမပိုင္းနဲ႔ ဒုတိယပိုင္းအစေလာက္ထိပါပဲ။ ဒုတိယပိုင္းစအၿပီးမိနစ္ 20 ေက်ာ္ေလာက္မွာေတာ့ ျပန္လည္လႈပ္လႈပ္ရွားရွားကစားခဲ့ရပါတယ္”လို႔ နည္းျပလမ္းပတ္ကေျပာပါတယ္။