လိုင်ယွန်ရဲ့ကမ်းလှမ်းမှုကိုပယ်ချပြီး ပရီးမီးယားလိဂ်မှာပဲ နည်းပြချင်နေတဲ့မော်ရင်ဟို

photo-gettyimages

photo-gettyimages

မန်ယူနည်းပြဟောင်းမော်ရင်ဟိုဟာ လိုင်ယွန်အသင်းရဲ့ကမ်းလှမ်းလာမှုကို ပယ်ချလိုက်ပြီး သူ့အနေနဲ့ ပရီးမီးယားလိဂ်မှာပဲ နည်းပြချင်တယ်လို့ လိုင်ယွန်ဥက္ကဌကိုပြောကြားခဲ့ကြောင်း သတင်းထွက်လာပါတယ်။ မော်ရင်ဟိုဟာ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလမှာ မန်ယူကနေ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပြီး ပြန်လည်နည်းပြဖို့အတွက် သင့်တော်တဲ့အခွင့်အရေးကို စောင့်ဆိုင်းနေတာပါ။ လိုင်ယွန်ဥက္ကဌမိုက်ကယ်အောလက်စ်ဟာ နည်းပြဆီလ်ဗင်ဟိုကို ထုတ်ပယ်လိုက်ပြီးနောက် မော်ရင်ဟိုထံဆက်သွယ်ခဲ့တာပါ။

photo-gettyimages

ဒါပေမဲ့ မိသားစုက အင်္ဂလန်မှာပဲ လက်ရှိနေထိုင်နေပြီး အဲဒီမှာပဲ အခြေကျနေတာကြောင့် မော်ရင်ဟိုဟာ ပရီးမီးယားလိဂ်မှာပဲ ဆက်လက်နည်းပြချင်နေတာလို့ သတင်းတွေရဲ့ဖော်ပြမှုအရ သိရပါတယ်။ မော်ရင်ဟိုဟာ စပါးနည်းပြရာထူးကို မှန်းနေတာလို့ နားလည်ရကြောင်းလည်း သတင်းတွေက ဆိုကြပါတယ်။ အင်္ဂလန်ရဲ့နာမည်ကြီးသတင်းစာတစ်စောင်ဖြစ်တဲ့ Daily Mail ကလည်း ပိုချက်တီနိုသာ စပါးက ထွက်ခွာခဲ့ရင် အဲဒီနေရာကို မော်ရင်ဟိုရောက်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

photo-social media

အသက် ၅၆ နှစ်အရွယ် အဲဒီပေါ်တူဂီသားနည်းပြဟာ လက်ရှိမှာတော့ နာမည်ကြီးအားကစားရုပ်သံတွေမှာ ဘောလုံးဝေဖန်သုံးသပ်သူအဖြစ် လုပ်ကိုင်နေပါတယ်။ သူဟာ အခုချိန်ထိလည်း ပေါ်တူဂီကလပ်ဘင်ဖီကာနဲ့ တရုတ်စူပါလိဂ်က ဂွမ်ဇူးအဲဗားဂရန်ဒီတို့ရဲ့ကမ်းလှမ်းမှုတွေကိုလည်း ပယ်ချထားပါတယ်။ သင့်တော်တဲ့အသင်းတွေ့ရင် နည်းပြလောကထဲပြန်ဝင်မယ်လို့ မော်ရင်ဟိုက Sky Sports ရုပ်သံကို ပြောထားပါတယ်။

[Zawgyi]

လိုင္ယြန္ရဲ႕ကမ္းလွမး္မႈကိုပယ္ခ်ၿပီး ပရီးမီးယားလိဂ္မွာပဲ နည္းျပခ်င္ေနတဲ့ေမာ္ရင္ဟို

မန္ယူနည္းျပေဟာင္းေမာ္ရင္ဟိုဟာ လိုင္ယြန္အသင္းရဲ႕ကမ္းလွမ္းလာမႈကို ပယ္ခ်လုိက္ၿပီး သူ႔အေနနဲ႔ ပရီးမီးယားလိဂ္မွာပဲ နည္းျပခ်င္တယ္လို႔ လိုင္ယြန္ဥကၠဌကိုေျပာၾကားခဲ့ေၾကာင္း သတင္းထြက္လာပါတယ္။ ေမာ္ရင္ဟိုဟာ ၿပီးခဲ့တဲ့ႏွစ္ဒီဇင္ဘာလမွာ မန္ယူကေန ထုတ္ပယ္ခံခဲ့ရတာျဖစ္ၿပီး ျပန္လည္နည္းျပဖုိ႔အတြက္ သင့္ေတာ္တဲ့အခြင့္အေရးကို ေစာင့္ဆိုင္းေနတာပါ။ လိုင္ယြန္ဥကၠဌမိုက္ကယ္ေအာလက္စ္ဟာ နည္းျပဆီလ္ဗင္ဟိုကို ထုတ္ပယ္လုိက္ၿပီးေနာက္ ေမာ္ရင္ဟိုထံဆက္သြယ္ခဲ့တာပါ။

ဒါေပမဲ့ မိသားစုက အဂၤလန္မွာပဲ လက္ရွိေနထိုင္ေနၿပီး အဲဒီမွာပဲ အေျခက်ေနတာေၾကာင့္ ေမာ္ရင္ဟိုဟာ ပရီးမီးယားလိဂ္မွာပဲ ဆက္လက္နည္းျပခ်င္ေနတာလုိ႔ သတင္းေတြရဲ႕ေဖာ္ျပမႈအရ သိရပါတယ္။ ေမာ္ရင္ဟိုဟာ စပါးနည္းျပရာထူးကို မွန္းေနတာလုိ႔ နားလည္ရေၾကာင္းလညး္ သတင္းေတြက ဆုိၾကပါတယ္။ အဂၤလန္ရဲ႕နာမည္ႀကီးသတင္းစာတစ္ေစာင္ျဖစ္တဲ့ Daily Mail ကလည္း ပိုခ်က္တီႏိုသာ စပါးက ထြက္ခြာခဲ့ရင္ အဲဒီေနရာကို ေမာ္ရင္ဟိုေရာက္ႏိုင္တယ္လို႔ ေဖာ္ျပထားပါတယ္။

အသက္ ၅၆ ႏွစ္အရြယ္ အဲဒီေပၚတူဂီသားနည္းျပဟာ လက္ရွိမွာေတာ့ နာမည္ႀကီးအားကစားရုပ္သံေတြမွာ ေဘာလုံးေ၀ဖန္သုံးသပ္သူအျဖစ္ လုပ္ကိုင္ေနပါတယ္။ သူဟာ အခုခ်ိန္ထိလည္း ေပၚတူဂီကလပ္ဘင္ဖီကာနဲ႔ တရုတ္စူပါလိဂ္က ဂြမ္ဇူးအဲဗားဂရန္ဒီတို႔ရဲ႕ကမ္းလွမ္းမႈေတြကိုလည္း ပယ္ခ်ထားပါတယ္။ သင့္ေတာ္တဲ့အသင္းေတြ႕ရင္ နည္းျပေလာကထဲျပန္၀င္မယ္လို႔ ေမာ္ရင္ဟိုက Sky Sports ရုပ္သံကို ေျပာထားပါတယ္။