
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
မနေ့ညက ကစားခဲ့တဲ့ လိုင်ယွန် နဲ့ ပွဲစဉ်မှာတော့ ပွဲပြီးဖို့ ၁၅မိနစ်အလိုမှာ မက်ဆီဟာ နည်းပြ ပိုချက်တီနို ရဲ့ လူစားလဲခြင်းကို မက်ဆီ ခံခဲ့ရပါတယ်။
ကွင်းထဲက ထွက်လာချိန်မှာ မက်ဆီဟာ ပိုချက်တီနိုရဲ့ လက်ကမ်းပေးခဲ့တဲ့အပေါ် လျစ်လျူရှုခဲ့တာကိုလည်း ရုပ်သံမြင်ကွင်းတွေထဲ မြင်တွေ့ခဲ့ရပါတယ်။
ဘာစီလိုနာကထွက်ခွာခဲ့ပြီးနောက်ပိုင်း အသင်းသစ်နဲ့ အသားမကျသေးတဲ့ မက်ဆီဟာ ပီအက်စ်ဂျီအသင်းအတွက် အခုအချိန်အထိ သွင်းဂိုးရယူပေးနိုင်ထားခြင်းမရှိသေးပါဘူး။
မနေ့ညက လိုင်ယွန် နဲ့ ပွဲစဉ်မှာလည်း ပီအက်စ်ဂျီအတွက် ပထမဆုံး ဂိုးသွင်းနိုင်မယ့် အခွင့်အရေးတွေ ရခဲ့ပေမဲ့ သွင်းဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့ပါဘူး။
ပထမပိုင်းမှာရခဲ့တဲ့ ဖရီးကစ်ကလည်း တိုင်ထိ ထွက်သွားခဲ့တာကလည်း အဖွင့်ဂိုးသွင်းချင်နေတဲ့ မက်ဆီအတွက် ကံခေမှုလို့ပြောရမှာပါပဲ။
ဒုတိယပိုင်း (၅၄)မိနစ်မှာ လိုင်ယွန်က ပါကွီတာရဲ့ ဂိုးနဲ့ ဦးဆာင်သွားခဲ့လို့ ပီအက်စ်ဂျီတို့ ရုန်းကန်ခဲ့ရပေမဲ့ ပွဲချိန်(၆၆)မိနစ်မှာ နေမာရဲ့ ပင်နယ်တီ၊ အီကာဒီရဲ့ ပွဲပြီးခါနီး (၉၀+၃)မိနစ် မှာ သွင်းဂိုးတွေကြောင့် နိုင်ပွဲတော့ ရရှိခဲ့ပါတယ်။
ကြားရက်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ ဘယ်လ်ဂျီယံကလပ် ကို အနိုင်ရအောင် မစွမ်းဆောင်နိုင်ခဲ့တဲ့ ပီအက်စ်ဂျီ အသင်းဟာ လိုင်ယွန်အသင်းနဲ့ ကစားခဲ့တဲ့ လီဂူးဝမ်းပွဲစဉ်မှာ ကစားသမားအစုံအလင်နဲ့ ယှဉ်ပြိုင်ကစားခဲ့ပေမဲ့ နိုင်ပွဲရရှိဖို့ အတော့်ကို ရုန်းကန်ခဲ့ရ ပါတယ်။
ပွဲအပြီးမှာ ပီအက်စ်ဂျီ ပရိသတ်တွေကြားထဲ ပြောစရာ ဖြစ်ခဲ့တာကတော့ ပိုချက်တီနိုရဲ့ လူစားလဲခဲ့တဲ့ ဆုံးဖြတ်ချက်ကို မကျေမနပ် ဖြစ်ခဲ့တဲ့ မက်ဆီရဲ့အမူအယာကိုပါပဲ။
ပရိသတ်တွေကလည်းတွစ်တာပေါ်မှာ “မက်ဆီ ထွက်သွားတော့ တီဗီ ပိတ်ပီကွာ”
“နည်းပြအရည်အချင်းကလည်း စိတ်ပျက်စရာပဲ…ကွန်တီကို ခေါ်စမ်းပါ”
“ပိုချက်တီနိုက သူ့ရဲ့ကစားသမားဘဝကို ဖျက်ဆီးနေတာပဲ။
ငါ့ဘဝတစ်လျောက်လုံး မက်ဆီ ဒဏ်ရာရသွားလို့ လူစားလဲခံရတာကလွဲရင် ပွဲမပြီးခင်ကွင်းထဲကသူထွက်သွားတာ တစ်ခါမှ မမြင်ဖူးဘူး။
သူ ထွက်သွားရတဲ့အချိန် ဘယ်လောက် ပေါက်ကွဲနေမယ်ဆိုတာ မြင်နိုင်ပါတယ်”လို့ ဆိုနေကြပါတယ်။
နည်းပြ ပိုချက်တီနို ကတော့ မက်ဆီ ကို လူစားလဲခဲ့တဲ့ သူရဲ့ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ပွဲအပြီးမှာ “မက်ဆီ ကို လူစားလဲဖို့ ဆုံးဖြတ်ခဲ့ရတာကတော့ လက်ကျန်အချိန်မှာ သူဒဏ်ရာရသွားမှာစိုးလို့ပါ။
လာမယ့် ရက်တွေမှာ အရေးကြီးတဲ့ ပွဲစဉ်တွေ ကစားရဖို့လည်းရှိနေပါတယ်။
ဒါကြောင့် သူဒဏ်ရာမရအောင် ကျွန်တော်တို့ ကာကွယ်ရပါမယ်” ဆိုပြီး ရှင်းပြခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
လိုင္ယြန္နဲ႔ ပြဲမွာ လူစားလဲခံလိုက္ရလို႕ မက္ဆီက ပိုခ်က္တီႏိုကို တင္းၿပီ…
မေန႔ညက ကစားခဲ့တဲ့ လိုင္ယြန္ နဲ႔ ပြဲစဥ္မွာေတာ့ ပြဲၿပီးဖို႔ ၁၅မိနစ္အလိုမွာ မက္ဆီဟာ နည္းျပ ပိုခ်က္တီႏို ရဲ႕ လူစားလဲျခင္းကို မက္ဆီ ခံခဲ့ရပါတယ္။ ကြင္းထဲက ထြက္လာခ်ိန္မွာ မက္ဆီဟာ ပိုခ်က္တီႏိုရဲ႕ လက္ကမ္းေပးခဲ့တဲ့အေပၚ လ်စ္လ်ဴရႈခဲ့တာကိုလည္း ႐ုပ္သံျမင္ကြင္းေတြထဲ ျမင္ေတြ႕ခဲ့ရပါတယ္။
ဘာစီလိုနာကထြက္ခြာခဲ့ၿပီးေနာက္ပိုင္း အသင္းသစ္နဲ႔ အသားမက်ေသးတဲ့ မက္ဆီဟာ ပီအက္စ္ဂ်ီအသင္းအတြက္ အခုအခ်ိန္အထိ သြင္းဂိုးရယူေပးႏိုင္ထားျခင္းမရွိေသးပါဘူး။ မေန႔ညက လိုင္ယြန္ နဲ႔ ပြဲစဥ္မွာလည္း ပီအက္စ္ဂ်ီအတြက္ ပထမဆုံး ဂိုးသြင္းႏိုင္မယ့္ အခြင့္အေရးေတြ ရခဲ့ေပမဲ့ သြင္းဂိုးအျဖစ္မေျပာင္းလဲႏိုင္ခဲ့ပါဘူး။ ပထမပိုင္းမွာရခဲ့တဲ့ ဖရီးကစ္ကလည္း တိုင္ထိ ထြက္သြားခဲ့တာကလည္း အဖြင့္ဂိုးသြင္းခ်င္ေနတဲ့ မက္ဆီအတြက္ ကံေခမႈလို႔ေျပာရမွာပါပဲ။
ဒုတိယပိုင္း (၅၄)မိနစ္မွာ လိုင္ယြန္က ပါကြီတာရဲ႕ ဂိုးနဲ႔ ဦးဆာင္သြားခဲ့လို႔ ပီအက္စ္ဂ်ီတို႔ ႐ုန္းကန္ခဲ့ရေပမဲ့ ပြဲခ်ိန္(၆၆)မိနစ္မွာ ေနမာရဲ႕ ပင္နယ္တီ၊ အီကာဒီရဲ႕ ပြဲၿပီးခါနီး (၉၀+၃)မိနစ္ မွာ သြင္းဂိုးေတြေၾကာင့္ ႏိုင္ပြဲေတာ့ ရရွိခဲ့ပါတယ္။
ၾကားရက္မွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ ပြဲစဥ္မွာ ဘယ္လ္ဂ်ီယံကလပ္ ကို အႏိုင္ရေအာင္ မစြမ္းေဆာင္ႏိုင္ခဲ့တဲ့ ပီအက္စ္ဂ်ီ အသင္းဟာ လိုင္ယြန္အသင္းနဲ႔ ကစားခဲ့တဲ့ လီဂူးဝမ္းပြဲစဥ္မွာ ကစားသမားအစုံအလင္နဲ႔ ယွဥ္ၿပိဳင္ကစားခဲ့ေပမဲ့ ႏိုင္ပြဲရရွိဖို႔ အေတာ့္ကို ႐ုန္းကန္ခဲ့ရ ပါတယ္။
ပြဲအၿပီးမွာ ပီအက္စ္ဂ်ီ ပရိသတ္ေတြၾကားထဲ ေျပာစရာ ျဖစ္ခဲ့တာကေတာ့ ပိုခ်က္တီႏိုရဲ႕ လူစားလဲခဲ့တဲ့ ဆုံးျဖတ္ခ်က္ကို မေက်မနပ္ ျဖစ္ခဲ့တဲ့ မက္ဆီရဲ႕အမူအယာကိုပါပဲ။
ပရိသတ္ေတြကလည္းတြစ္တာေပၚမွာ “မက္ဆီ ထြက္သြားေတာ့ တီဗီ ပိတ္ပီကြာ” “နည္းျပအရည္အခ်င္းကလည္း စိတ္ပ်က္စရာပဲ…ကြန္တီကို ေခၚစမ္းပါ” “ပိုခ်က္တီႏိုက သူ႔ရဲ႕ကစားသမားဘဝကို ဖ်က္ဆီးေနတာပဲ။ ငါ့ဘဝတစ္ေလ်ာက္လုံး မက္ဆီ ဒဏ္ရာရသြားလို႔ လူစားလဲခံရတာကလြဲရင္ ပြဲမၿပီးခင္ကြင္းထဲကသူထြက္သြားတာ တစ္ခါမွ မျမင္ဖူးဘူး။ သူ ထြက္သြားရတဲ့အခ်ိန္ ဘယ္ေလာက္ ေပါက္ကြဲေနမယ္ဆိုတာ ျမင္ႏိုင္ပါတယ္”လို႔ ဆိုေနၾကပါတယ္။
နည္းျပ ပိုခ်က္တီႏို ကေတာ့ မက္ဆီ ကို လူစားလဲခဲ့တဲ့ သူရဲ႕ဆုံးျဖတ္ခ်က္နဲ႔ ပတ္သက္ၿပီး ပြဲအၿပီးမွာ “မက္ဆီ ကို လူစားလဲဖို႔ ဆုံးျဖတ္ခဲ့ရတာကေတာ့ လက္က်န္အခ်ိန္မွာ သူဒဏ္ရာရသြားမွာစိုးလို႔ပါ။ လာမယ့္ ရက္ေတြမွာ အေရးႀကီးတဲ့ ပြဲစဥ္ေတြ ကစားရဖို႔လည္းရွိေနပါတယ္။ ဒါေၾကာင့္ သူဒဏ္ရာမရေအာင္ ကြၽန္ေတာ္တို႔ ကာကြယ္ရပါမယ္” ဆိုၿပီး ရွင္းျပခဲ့ပါတယ္။