
Facebook Page => https://bit.ly/3AQZRVp | App Download Link => https://bit.ly/3k41mc4
ပြီးခဲ့တဲ့တနင်္ဂနွေနေ့တုန်းက လိုင်ယွန်အသင်းကို (၂-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ PSG အသင်းနာမည်ကျော်ကစားသမားမက်ဆီဟာ PSG ကစားသမားဘဝ ပထမဆုံးအိမ်ကွင်းပွဲဦးထွက်အဖြစ်ပါဝင်ကစားခဲ့ပေမယ့်
ခြေစွမ်းပြမကစားနိုင်ခဲ့တာကြောင့် ပွဲပြီးဖို့ (၁၅)မိနစ်အလိုမှာပဲ နည်းပြပိုချက်တီနိုက သူ့ကိုလူစားလဲခဲ့ရပြီး အဲဒီပွဲကခြေစွမ်းနဲ့ပတ်သက်လို့ မက်ဆီအပေါ် ဝေဖန်မှုတွေထွက်ပေါ်နေပါတယ်။
မက်ဆီဟာ ပွဲချိန်(၇၆)မိနစ်မှာ ဟာကီမီနဲ့လူစားလဲခံခဲ့ရတာဖြစ်ပြီး လူစားလဲခံရလို့ မကျေမနပ်ဖြစ်တဲ့ပုံနဲ့ ပိုချက်တီနိုကို လက်ဆွဲမနှုတ်ဆက်ခဲ့ဘဲ လှောင်ပြုံးပြုံးပြသွားတဲ့ ဓာတ်ပုံတွေက မီဒီယာစာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေတာဖြစ်ပါတယ်။
ဒါ့အပြင် မက်ဆီဟာ နာကျင်အချိန်ပိုမှာ PSG အသင်းအတွက် အီကာဒီ အနိုင်ဂိုးသွင်းယူလိုက်ချိန်မှာလည်း အသင်းနဲ့အတူ အောင်ပွဲမခံခဲ့ပါဘူး။
လိုင်ယွန်နဲ့ပွဲက မက်ဆီရဲ့ခြေစွမ်းနဲ့ပတ်သက်လို့ ပြင်သစ်နာမည်ကျော်သတင်းစာ Le Parisien က ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး မက်ဆီဟာ ဘာစီလိုနာအသင်းမှာတုန်းကလို စွမ်းဆောင်ရည်မျိုး အခု PSG အသင်းမှာ မပြသနိုင်ဘူးလို့ ပြစ်တင်ရေးသားခဲ့ပါတယ်။
Le Parisien သတင်းစာက “PSG အသင်းမှာ မက်ဆီရဲ့အနေအထားက မျှော်လင့်ထားတာထက် ပိုရှုပ်ထွေးနေပါတယ်။
မက်ဆီရဲ့ခြေစွမ်းက ဘောလုံးသမားဘဝကနေ အနားယူဖို့နီးစပ်နေတဲ့ကစားသမားတစ်ယောက်လိုမျိုးဖြစ်နေပါပြီ။
ပွဲချိန်ကြာလာတာနဲ့အမျှ ဆိုးသထက်ဆိုးလာပြီး နောက်ဆုံးမှာတော့ ဘာမှခြေစွမ်းမပြနိုင်ဘဲ ကွင်းထဲကနေထွက်သွားခဲ့ရပါတယ်”လို့ ဝေဖန်ခဲ့ပါတယ်။
အသက်(၃၄)နှစ်အရွယ်ရှိပြီဖြစ်သူ မက်ဆီဟာ ရင်းစ်အသင်းကို (၂-၀)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ PSG အသင်းအတွက် ပွဲဦးထွက်အဖြစ်လူစားဝင်ကစားခဲ့ပြီး ကလပ်ဘရုချ်နဲ့ချန်ပီယံလိဂ်၊ အခု လိုင်ယွန်တို့နဲ့ပွဲတွေမှာ ပွဲထွက်ကစားသမားအဖြစ်ကစားခွင့်ရခဲ့ပေမယ့် အခုအချိန်အထိ တစ်ဂိုးမှမသွင်းနိုင်သေးပါဘူး။
ပိုဆိုးတာက သူ့ရဲ့အဓိကပြိုင်ဘက်ဖြစ်တဲ့ စီရော်နယ်လ်ဒိုဟာ အသင်းဟောင်း မန်ချက်စတာယူနိုက်တက်အတွက် ပွဲဦးထွက်(၃)ပွဲမှာပဲ ခြေစွမ်းပြနေပြီး (၄)ဂိုးအထိသွင်းယူထားတာကြောင့်
မီဒီယာတွေက မက်ဆီနဲ့စီရော်နယ်လ်ဒိုရဲ့စွမ်းဆောင်ရည်ကို နှိုင်းယှဉ်ဖော်ပြနေသလို စီရော်နယ်လ်ဒိုပရိသတ်တွေကလည်း မက်ဆီရဲ့ခြေစွမ်းအပေါ် လှောင်ပြောင်နေကြပြီဖြစ်ပါတယ်။
Facebook Page => https://bit.ly/3AQZRVp | App Download Link => https://bit.ly/3k41mc4
zawgyi
လိုင္ယြန္နဲ႔ပြဲမွာ ေျခစြမ္းမျပႏိုင္လို႔ ေဝဖန္ခံေနရတဲ့ မက္ဆီ
ၿပီးခဲ့တဲ့တနဂၤေႏြေန႔တုန္းက လိုင္ယြန္အသင္းကို (၂-၁)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ PSG အသင္းနာမည္ေက်ာ္ကစားသမားမက္ဆီဟာ PSG ကစားသမားဘဝ ပထမဆုံးအိမ္ကြင္းပြဲဦးထြက္အျဖစ္ပါဝင္ကစားခဲ့ေပမယ့္ ေျခစြမ္းျပမကစားႏိုင္ခဲ့တာေၾကာင့္ ပြဲၿပီးဖို႔ (၁၅)မိနစ္အလိုမွာပဲ နည္းျပပိုခ်က္တီႏိုက သူ႔ကိုလူစားလဲခဲ့ရၿပီး အဲဒီပြဲကေျခစြမ္းနဲ႔ပတ္သက္လို႔ မက္ဆီအေပၚ ေဝဖန္မႈေတြထြက္ေပၚေနပါတယ္။
မက္ဆီဟာ ပြဲခ်ိန္(၇၆)မိနစ္မွာ ဟာကီမီနဲ႔လူစားလဲခံခဲ့ရတာျဖစ္ၿပီး လူစားလဲခံရလို႔ မေက်မနပ္ျဖစ္တဲ့ပုံနဲ႔ ပိုခ်က္တီႏိုကို လက္ဆြဲမႏႈတ္ဆက္ခဲ့ဘဲ ေလွာင္ၿပဳံးၿပဳံးျပသြားတဲ့ ဓာတ္ပုံေတြက မီဒီယာစာမ်က္ႏွာေတြေပၚမွာ ပ်ံ႕ႏွံ႔ေနတာျဖစ္ပါတယ္။ ဒါ့အျပင္ မက္ဆီဟာ နာက်င္အခ်ိန္ပိုမွာ PSG အသင္းအတြက္ အီကာဒီ အႏိုင္ဂိုးသြင္းယူလိုက္ခ်ိန္မွာလည္း အသင္းနဲ႔အတူ ေအာင္ပြဲမခံခဲ့ပါဘူး။ လိုင္ယြန္နဲ႔ပြဲက မက္ဆီရဲ႕ေျခစြမ္းနဲ႔ပတ္သက္လို႔ ျပင္သစ္နာမည္ေက်ာ္သတင္းစာ Le Parisien က ျပင္းျပင္းထန္ထန္ေဝဖန္ခဲ့ၿပီး မက္ဆီဟာ ဘာစီလိုနာအသင္းမွာတုန္းကလို စြမ္းေဆာင္ရည္မ်ိဳး အခု PSG အသင္းမွာ မျပသႏိုင္ဘူးလို႔ ျပစ္တင္ေရးသားခဲ့ပါတယ္။
Le Parisien သတင္းစာက “PSG အသင္းမွာ မက္ဆီရဲ႕အေနအထားက ေမွ်ာ္လင့္ထားတာထက္ ပိုရႈပ္ေထြးေနပါတယ္။ မက္ဆီရဲ႕ေျခစြမ္းက ေဘာလုံးသမားဘဝကေန အနားယူဖို႔နီးစပ္ေနတဲ့ကစားသမားတစ္ေယာက္လိုမ်ိဳးျဖစ္ေနပါၿပီ။ ပြဲခ်ိန္ၾကာလာတာနဲ႔အမွ် ဆိုးသထက္ဆိုးလာၿပီး ေနာက္ဆုံးမွာေတာ့ ဘာမွေျခစြမ္းမျပႏိုင္ဘဲ ကြင္းထဲကေနထြက္သြားခဲ့ရပါတယ္”လို႔ ေဝဖန္ခဲ့ပါတယ္။
အသက္(၃၄)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ မက္ဆီဟာ ရင္းစ္အသင္းကို (၂-၀)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ PSG အသင္းအတြက္ ပြဲဦးထြက္အျဖစ္လူစားဝင္ကစားခဲ့ၿပီး ကလပ္ဘ႐ုခ်္နဲ႔ခ်န္ပီယံလိဂ္၊ အခု လိုင္ယြန္တို႔နဲ႔ပြဲေတြမွာ ပြဲထြက္ကစားသမားအျဖစ္ကစားခြင့္ရခဲ့ေပမယ့္ အခုအခ်ိန္အထိ တစ္ဂိုးမွမသြင္းႏိုင္ေသးပါဘူး။ ပိုဆိုးတာက သူ႔ရဲ႕အဓိကၿပိဳင္ဘက္ျဖစ္တဲ့ စီေရာ္နယ္လ္ဒိုဟာ အသင္းေဟာင္း မန္ခ်က္စတာယူႏိုက္တက္အတြက္ ပြဲဦးထြက္(၃)ပြဲမွာပဲ ေျခစြမ္းျပေနၿပီး (၄)ဂိုးအထိသြင္းယူထားတာေၾကာင့္ မီဒီယာေတြက မက္ဆီနဲ႔စီေရာ္နယ္လ္ဒိုရဲ႕စြမ္းေဆာင္ရည္ကို ႏႈိင္းယွဥ္ေဖာ္ျပေနသလို စီေရာ္နယ္လ္ဒိုပရိသတ္ေတြကလည္း မက္ဆီရဲ႕ေျခစြမ္းအေပၚ ေလွာင္ေျပာင္ေနၾကၿပီျဖစ္ပါတယ္။