လိုချင်တဲ့ ပြောင်းရွှေ့ကြေးရရင် ရောင်းချခံရမယ့် ဘာပေအတွက် ရီးရဲလ် ကြိုးစားညှိနှိုင်းနေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပီအက်စ်ဂျီအသင်းရဲ့ အားကစား ဒါရိုက်တာ လီယိုနာဒိုက သူတို့လိုချင်တဲ့ ပြောင်းရွှေ့ကြေးသာ ရရှိပါက အမ်ဘာပေကို ရောင်းချသွားမယ်လို့ အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ဘာပေအားခေါ်ယူရန် ပထမအကြိမ်ကမ်းလှမ်းမှုပယ်ချခြင်းခံခဲ့ရပြီးနောက်ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူရန်ပြင်ဆင်နေပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဘာပေနဲ့ တိုက်ရိုက် ဆွေးနွေးခွင့်ရဖို့ ပီအက်စ်ဂျီထံ တရားဝင် တောင်းဆိုလိုက်ကြောင်း RMC Sportက ဖော်ပြခဲ့ပါတယ်။

ပီအက်စ်ဂျီစူပါစတားဟာတစ်နှစ်စာချုပ်သက်တမ်းသာကျန်တော့သူဖြစ်ပြီးပဲရစ်မှထွက်ခွာလိုကြောင်းကလပ်တာဝန်ရှိသူများကိုပြောကြားထားသူလည်းဖြစ်ပါတယ်။

ယခုတစ်ကြိမ်တွင်ရီးရဲလ်မက်ဒရစ်ဟာ၂၀၁၇ခုနှစ်တုန်းကဘာစီလိုနာမှနေမာကိုခေါ်ယူစဉ်ကပီအက်စ်ဂျီပေးခဲ့ရတဲ့ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးထက်မြင့်မားပြီးပေါင်၁၉၈သန်းဖြင့်ကမ်းလှမ်းလာဖို့ရှိကြောင်းသိရပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ဘာပေကို ခေါ်ယူစဉ်မှာ စုစုပေါင်း ယူရို ၁၈၀သန်း ဝန်းကျင် ကုန်ကျခဲ့ပါတယ်။

“ဘာပေက အသင်းကနေ ထွက်ခွာချင်နေပါတယ်။ ကျွန်တော်တို့ကလည်း သူ့ကို ဆွဲမထားပါဘူး။

ဒါပေမယ့် ထိုက်တန်တဲ့ ပြောင်းရွှေ့ကြေးတော့ ပေးဖို့ လိုပါလိမ့်မယ်။

ရီးရဲလ်မက်ဒရစ်က သူ့အတွက် ယူရို၁၆၀သန်း ဝန်းကျင် ကမ်းလှမ်းမှု တစ်ခု ပြုလုပ်ထားပါတယ်။

ဒါပေမယ့် ယူရို ၁၆၀သန်း ဆိုတာက ကျွန်တော်တို့ သူ့အတွက် ပေးခဲ့ရတဲ့ ပြောင်းရွှေ့ကြေးထက် နည်းနေပါသေးတယ်” ဆိုပြီး လီယိုနာဒိုက ပြောဆိုထားပါတယ်။

ဒါကြောင့် ဒီတစ်ခေါက် ရီးရဲလ်အနေနဲ့ ပိုက်ဆံထုပ်များများနဲ့ ဘာပေကို ခေါ်ယူနိုင်ခြေရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လိုခ်င္တဲ့ ေျပာင္းေ႐ႊ႕ေၾကးရရင္ ေရာင္းခ်ခံရမယ့္ ဘာေပအတြက္ ရီးရဲလ္ ႀကိဳးစားညႇိႏႈိင္းေန

ပီအက္စ္ဂ်ီအသင္းရဲ႕ အားကစား ဒါ႐ိုက္တာ လီယိုနာဒိုက သူတို႔လိုခ်င္တဲ့ ေျပာင္းေ႐ႊ႕ေၾကးသာ ရရွိပါက အမ္ဘာေပကို ေရာင္းခ်သြားမယ္လို႔ အတည္ျပဳ ေျပာၾကားသြားခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာ ဘာေပအားေခၚယူရန္ ပထမအႀကိမ္ကမ္းလွမ္းမႈပယ္ခ်ျခင္းခံခဲ့ရၿပီးေနာက္ကမာၻ႔စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေခၚယူရန္ျပင္ဆင္ေနပါတယ္။ရီးရဲလ္မက္ဒရစ္အသင္းဟာ ဘာေပနဲ႔ တိုက္႐ိုက္ ေဆြးေႏြးခြင့္ရဖို႔ ပီအက္စ္ဂ်ီထံ တရားဝင္ ေတာင္းဆိုလိုက္ေၾကာင္း RMC Sportက ေဖာ္ျပခဲ့ပါတယ္။

ပီအက္စ္ဂ်ီစူပါစတားဟာတစ္ႏွစ္စာခ်ဳပ္သက္တမ္းသာက်န္ေတာ့သူျဖစ္ၿပီးပဲရစ္မွထြက္ခြာလိုေၾကာင္းကလပ္တာဝန္ရွိသူမ်ားကိုေျပာၾကားထားသူလည္းျဖစ္ပါတယ္။

ယခုတစ္ႀကိမ္တြင္ရီးရဲလ္မက္ဒရစ္ဟာ၂၀၁၇ခုႏွစ္တုန္းကဘာစီလိုနာမွေနမာကိုေခၚယူစဥ္ကပီအက္စ္ဂ်ီေပးခဲ့ရတဲ့ကမာၻ႔စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးထက္ျမင့္မားၿပီးေပါင္၁၉၈သန္းျဖင့္ကမ္းလွမ္းလာဖို႔ရွိေၾကာင္းသိရပါတယ္။ ပီအက္စ္ဂ်ီအသင္းဟာ ဘာေပကို ေခၚယူစဥ္မွာ စုစုေပါင္း ယူ႐ို ၁၈၀သန္း ဝန္းက်င္ ကုန္က်ခဲ့ပါတယ္။

“ဘာေပက အသင္းကေန ထြက္ခြာခ်င္ေနပါတယ္။ ကြၽန္ေတာ္တို႔ကလည္း သူ႔ကို ဆြဲမထားပါဘူး။ ဒါေပမယ့္ ထိုက္တန္တဲ့ ေျပာင္းေ႐ႊ႕ေၾကးေတာ့ ေပးဖို႔ လိုပါလိမ့္မယ္။ ရီးရဲလ္မက္ဒရစ္က သူ႔အတြက္ ယူ႐ို၁၆၀သန္း ဝန္းက်င္ ကမ္းလွမ္းမႈ တစ္ခု ျပဳလုပ္ထားပါတယ္။ ဒါေပမယ့္ ယူ႐ို ၁၆၀သန္း ဆိုတာက ကြၽန္ေတာ္တို႔ သူ႔အတြက္ ေပးခဲ့ရတဲ့ ေျပာင္းေ႐ႊ႕ေၾကးထက္ နည္းေနပါေသးတယ္” ဆိုၿပီး လီယိုနာဒိုက ​ေျပာဆိုထားပါတယ္။

ဒါ​​ေၾကာင့္ ဒီတစ္​ေခါက္ ရီးရဲလ္အ​ေနနဲ႔ ပိုက္ဆံထုပ္မ်ားမ်ားနဲ႔ ဘာ​ေပကို ​ေခၚယူႏိုင္​ေျခရွိ​ေနပါတယ္။