လိုချင်တဲ့ကစားသမားတွေရောက်ဖို့ အိုဇေးလ်နဲ့ လာကာဇက်တီအပါအဝင် ၄ ဦးကို ရောင်းချပြီး ပေါင်သန်း ၉၀ ရှာဖွေမယ့် အာဆင်နယ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အာဆင်နယ်အသင်းကို နည်းပြအာတီတာဟာ အခုချိန်မှာ အသင်းလူစာရင်းသစ် ပုံစံချမှတ်နေရတဲ့အချိန်ဖြစ်ပြီး သူလိုချင်တဲ့ကစားသမားတွေကို အသင်းနည်းစနစ် ဒါရိုက်တာလည်းဖြစ်ပြီး အားကစားဒါရိုက်တာလည်းဖြစ်တဲ့ အီဒူးက ပံ့ပိုးကူညီပေး နေရတာပါ။ အာတီတာဟာ ပေါင် ၇၇.၄ သန်းအသုံးပြုပြီး ကစားသမားသစ် ၅ ဦး ကို အသင်းဆီခေါ်ဆောင်ခဲ့ပေမယ့် အဓိကပစ်မှတ်ကစားသမားဖြစ်တဲ့ လိုင်ယွန် က အော်ရီယာကိုတော့မရခဲ့ပါဘူး။

လိုင်ယွန်ဟာ အော်ရီယာအတွက် ပေါင်သန်း ၅၀ နီးပါးလိုချင်နေခဲ့ပြီး အာဆင်နယ်ဘက်က အော်ရီယာနဲ့ ဆဲလ်တစ်က အော့ဒ်ဆွန်နီတို့ ၂ ဦးအတွက်ပေးချေဖို့ လာမယ့်အပြောင်းအရွှေ့ဈေးကွက်တွေ မှာ ကစားသမား ၄ ဦးကိုရောင်းချဖို့ ရှိနေပါတယ်။ ဒီ ၄ ဦးကို ရောင်းချရာကနေ ပေါင် ၉၂.၅ သန်းအနည်းဆုံးရရှိဖို့ အာဆင်နယ်အသင်းက မျှော်လင့်ထားတာပါ။

အာဆင်နယ်က ရောင်းချမယ့်ကစားသမား ၄ ဦးကတော့ Mirror Sports ရဲ့ဖော် ပြချက်အရဆိုရင် အိုဇေးလ်၊ လာကာဇက်တီ၊ ကိုလာစီနက်နဲ့ ဆိုကရာတစ်တို့ပဲ ဖြစ်ပါတယ်။

အိုဇေးလ်

ပါရမီရှင်ကစားသမားတစ်ဦးဖြစ်ပေမယ့် အိုဇေးလ်ဟာ အကြောင်းပြချက်မရှိဘဲ အာဆင်နယ်ရဲ့ ယူရိုပါလိဂ်လူစာရင်းနဲ့ ပရီးမီးယားလိဂ်လူစာရင်း ၂ ခုစလုံးကနေ ချန်လှပ်ထားခံရပါတယ်။ လာမယ့်ဇွန်လမှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် အို ဇေးလ်ကို တစ်နှစ်ပေါင် ၁၈ သန်းလစာပေးချေနေရပြီး သူ့ကို ပေါင် ၂၆ သန်းဝန်း ကျင်နဲ့ ပြန်ရောင်းချချင်ပေမယ့် လက်ရှိဈေးကွက်တန်ကြေးအရ ပေါင် ၈ သန်းသာ ရှိနေပါတယ်။

လာကာဇက်တီ

အူဘာမီယန်ရဲ့နောက်မှာ ဒုတိယဦးစားပေးပဲခံရလို့ လာကာဇက်တီဟာ တစ်နှစ် ပေါင် ၄ သန်းလစာရရှိနေတဲ့သူဖြစ်ပြီး ဈေးကွက်တန်ကြေးအရလည်း ပေါင် ၃၈ သန်းရှိတဲ့အပြင် အာဆင်နယ်က သူ့အတွက် ပေါင် ၄၂ သန်းဝန်းကျင်လိုချင်နေ ပြီး ဈေးအများဆုံးရနိုင်တဲ့ကစားသမားဖြစ်နေပါတယ်။

ကိုလာစီနက်

ကိုလာစီနက်ကို လေဗာကူဆင်အသင်းက ခေါ်ယူဖို့ကြိုးစားနေပြီး လာမယ့်ဇန်နဝါ ရီဈေးကွက်မှာ အပြောင်းအရွှေ့ဖြစ်မြောက်နိုင်ဖွယ်ရှိပါတယ်။ လက်ရှိဈေးကွက် တန်ကြေး ပေါင် ၉ သန်းရှိပြီး အာဆင်နယ်က သူ့အတွက် ပေါင် ၁၄.၂ သန်းအထိ လိုချင်နေပါတယ်။

ဆိုကရာတစ်

ပြီးခဲ့တဲ့နွေရာသီကတည်းက ဆိုကရာတစ်ဟာ အာတီတာရဲ့ဦးစားပေးဗဟိုနောက် ခံလူမဟုတ်ခဲ့ဘဲ လစာကလည်း တစ်နှစ်ပေါင် ၄.၈ သန်း ပေးချေနေရတဲ့အတွက် အာဆင်နယ်ဟာ သူ့ကို ပေါင် ၁၀ သန်းဝန်းကျင်နဲ့ ပြန်ထုတ်ရောင်းချနေပြီး လက်ရှိဈေးကွက်တန်ဖိုးကတော့ ပေါင် ၅ သန်း ဝန်းကျင်ပဲရှိပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လိုခ်င္တဲ့ကစားသမားေတြေရာက္ဖို႔ အိုေဇးလ္နဲ႔ လာကာဇက္တီအပါအ၀င္ ၄ ဦးကို ေရာင္းခ်ၿပီး ေပါင္သန္း ၉၀ ရွာေဖြမယ့္ အာဆင္နယ္

အာဆင္နယ္အသင္းကို နည္းျပအာတီတာဟာ အခုခ်ိန္မွာ အသင္းလူစာရင္းသစ္ ပံုစံခ်မွတ္ေနရတဲ့အခ်ိန္ျဖစ္ၿပီး သူလိုခ်င္တဲ့ကစားသမားေတြကို အသင္းနည္းစနစ္ ဒါရိုက္တာလည္းျဖစ္ၿပီး အားကစားဒါရိုက္တာလည္းျဖစ္တဲ့ အီဒူးက ပံ့ပိုးကူညီေပး ေနရတာပါ။ အာတီတာဟာ ေပါင္ ၇၇.၄ သန္းအသံုးျပဳၿပီး ကစားသမားသစ္ ၅ ဦး ကို အသင္းဆီေခၚေဆာင္ခဲ့ေပမယ့္ အဓိကပစ္မွတ္ကစားသမားျဖစ္တဲ့ လိုင္ယြန္ က ေအာ္ရီယာကိုေတာ့မရခဲ့ပါဘူး။

လိုင္ယြန္ဟာ ေအာ္ရီယာအတြက္ ေပါင္သန္း ၅၀ နီးပါးလိုခ်င္ေနခဲ့ၿပီး အာဆင္နယ္ဘက္က ေအာ္ရီယာန႔ဲ ဆဲလ္တစ္က ေအာ့ဒ္ဆြန္နီတို႔ ၂ ဦးအတြက္ေပးေခ်ဖို႔ လာမယ့္အေျပာင္းအေရႊ႕ေစ်းကြက္ေတြ မွာ ကစားသမား ၄ ဦးကိုေရာင္းခ်ဖို႔ ရွိေနပါတယ္။ ဒီ ၄ ဦးကို ေရာင္းခ်ရာကေန ေပါင္ ၉၂.၅ သန္းအနည္းဆံုးရရွိဖို႔ အာဆင္နယ္အသင္းက ေမွ်ာ္လင့္ထားတာပါ။

အာဆင္နယ္က ေရာင္းခ်မယ့္ကစားသမား ၄ ဦးကေတာ့ Mirror Sports ရဲ႕ေဖာ္ ျပခ်က္အရဆိုရင္ အိုေဇးလ္၊ လာကာဇက္တီ၊ ကိုလာစီနက္နဲ႔ ဆိုကရာတစ္တို႔ပဲ ျဖစ္ပါတယ္။

အိုေဇးလ္

ပါရမီရွင္ကစားသမားတစ္ဦးျဖစ္ေပမယ့္ အိုေဇးလ္ဟာ အေၾကာင္းျပခ်က္မရွိဘဲ အာဆင္နယ္ရဲ႕ ယူရိုပါလိဂ္လူစာရင္းနဲ႔ ပရီးမီးယားလိဂ္လူစာရင္း ၂ ခုစလံုးကေန ခ်န္လွပ္ထားခံရပါတယ္။ လာမယ့္ဇြန္လမွာ စာခ်ဳပ္သက္တမ္းကုန္ဆံုးမယ့္ အို ေဇးလ္ကို တစ္ႏွစ္ေပါင္ ၁၈ သန္းလစာေပးေခ်ေနရၿပီး သူ႕ကို ေပါင္ ၂၆ သန္း၀န္း က်င္နဲ႔ ျပန္ေရာင္းခ်ခ်င္ေပမယ့္ လက္ရွိေစ်းကြက္တန္ေၾကးအရ ေပါင္ ၈ သန္းသာ ရွိေနပါတယ္။

လာကာဇက္တီ

အူဘာမီယန္ရဲ႕ေနာက္မွာ ဒုတိယဦးစားေပးပဲခံရလို႔ လာကာဇက္တီဟာ တစ္ႏွစ္ ေပါင္ ၄ သန္းလစာရရွိေနတဲ့သူျဖစ္ၿပီး ေစ်းကြက္တန္ေၾကးအရလည္း ေပါင္ ၃၈ သန္းရွိတဲ့အျပင္ အာဆင္နယ္က သူ႕အတြက္ ေပါင္ ၄၂ သန္း၀န္းက်င္လိုခ်င္ေန ၿပီး ေစ်းအမ်ားဆံုးရႏိုင္တဲ့ကစားသမားျဖစ္ေနပါတယ္။

ကိုလာစီနက္

ကိုလာစီနက္ကို ေလဗာကူဆင္အသင္းက ေခၚယူဖို႔ႀကိဳးစားေနၿပီး လာမယ့္ဇန္န၀ါ ရီေစ်းကြက္မွာ အေျပာင္းအေရႊ႕ျဖစ္ေျမာက္ႏိုင္ဖြယ္ရွိပါတယ္။ လက္ရွိေစ်းကြက္ တန္ေၾကး ေပါင္ ၉ သန္းရွိၿပီး အာဆင္နယ္က သူ႕အတြက္ ေပါင္ ၁၄.၂ သန္းအထိ လိုခ်င္ေနပါတယ္။

ဆိုကရာတစ္

ၿပီးခဲ့တဲ့ေႏြရာသီကတည္းက ဆုိကရာတစ္ဟာ အာတီတာရဲ႕ဦးစားေပးဗဟိုေနာက္ ခံလူမဟုတ္ခဲ့ဘဲ လစာကလည္း တစ္ႏွစ္ေပါင္ ၄.၈ သန္း ေပးေခ်ေနရတဲ့အတြက္ အာဆင္နယ္ဟာ သူ႕ကို ေပါင္ ၁၀ သန္း၀န္းက်င္နဲ႔ ျပန္ထုတ္ေရာင္းခ်ေနၿပီး လက္ရွိေစ်းကြက္တန္ဖိုးကေတာ့ ေပါင္ ၅ သန္း ၀န္းက်င္ပဲရွိပါတယ္။