လိုချင်တာက အမ်ဘတ်ပီ၊ တည်ကြက်ကသူ့ညီ….ရီးရဲလ်မက်ဒရစ်ရဲ့အကြံအစည်

Photo-Internet
Photo-Internet

ရီးရဲလ်မက်ဒရစ်အသင်းဟာ ပီအက်စ်ဂျီတိုက်စစ်မှူ း အမ်ဘတ်ပီရဲ့ညီဖြစ်တဲ့ အီသန်ကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ အီသန်ဟာအသက် ၁၃ နှစ်သာရှိသေးပြီး သူ့အစ်ကိုရဲ့ခြေရာအတိုင်းလိုက်နင်းနိုင်မယ့်သူလို့ သတ်မှတ်ခံထားရသူဖြစ်ပါတယ်။

အမ်ဘတ်ပီဟာအသက် ၂၁ နှစ်သာရှိသေးပေမယ့် ကမ္ဘာ့ထိပ်တန်းအဆင့်ရှိတဲ့ တိုက်စစ်မှူ းအဖြစ်သက်သေပြထားပြီးသားဖြစ်ပါတယ်။ သူဟာ ပြင်သစ်အသင်းနဲ့အတူ ၂၀၁၈ ကမ္ဘာ့ဖလားရရှိခဲ့တဲ့အပြင် လူငယ်နဲ့ပတ်သက်တဲ့တစ်ဦးချင်းဆုတွေကိုလည်း ရယူထားနိုင်သူဖြစ်ပါတယ်။

Photo-Internet

ဒါကြောင့်လည်း ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းကအမ်ဘတ်ပီကိုခေါ်ယူလိုတဲ့ သူ့ဆန္ဒကိုလူသိရှင်ကြားထုတ်ပြောထားပြီးဖြစ်ပါတယ်။ အီသန်ဟာ ပီအက်စ်ဂျီလူငယ်အသင်းရဲ့တိုက်စစ်မှူ းဖြစ်ပြီး ပြီးခဲ့တဲ့လက Champions Cup Futures ဆိုတဲ့ပြိုင်ပွဲမှာ ရီးရဲလ်ကင်းထောက်တွေရဲကရှေ့မှောက်မှာခြေစွမ်းပြနိုင်ခဲ့သူဖြစ်ပါတယ်။

Photo-Internet

ရီးရဲလ်က အီသန်ကိုခေါ်ယူလိုနေတာဟာ သူ့ကိုအလိုရှိတာထက် အမ်ဘတ်ပီကိုခေါ်ဖို့ ညီဖြစ်သူကို ငါးစာအဖြစ်အသုံးချလိုတာဖြစ်တယ်လို့လည်း ဆိုကြပါတယ်။ ရီးရဲလ်ဟာ အမ်ဘတ်ပီကိုလာမယ့်နွေရာသီဈေးကွက်ထဲမှာ ပေါင် ၂၅၄သန်း အထိပေးပြီးခေါ်ယူဖို့ ပြင်ဆင်ထားတာပါ။ ဒါကြောင့် အီသန်ကိုခေါ်လိုက်မယ်ဆိုရင် အမ်ဘတ်ပီကိုပါရရှိဖို့ ပိုမိုလွယ်ကူလိမ့်မယ်လို့ သူတို့တွေတွက်ဆထားကြတာဖြစ်ပါတယ်။

Photo-Internet

အမ်ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းအတွက် ၁၀၆ ပွဲကစားကာ ၇၈ ဂိုးသွင်းယူပေးထားပြီး မနှစ်ကလီဂူး ၁ ပြိုင်ပွဲမှာလည်း ၃၁ ဂိုးသွင်းကာ ဂိုးသွင်းအများဆုံးသူဖြစ်ခဲ့ပြီး တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုလည်း ရရှိခဲ့သူဖြစ်ပါတယ်။ သူဟာ ၂၀၁၇ ကမိုနာကိုကနေပေါင် ၁၆၆ သန်းနဲ့ ပီအက်စ်ဂျီကိုရောက်ရှိလာသူဖြစ်ပါတယ်။

Photo-Internet

Zawgyi

လိုခ်င္တာက အမ္ဘတ္ပီ၊ တည္ၾကက္ကသူ႔ညီ….ရီးရဲလ္မက္ဒရစ္ရဲ႕အႀကံအစည္

ရီးရဲလ္မက္ဒရစ္အသင္းဟာ ပီအက္စ္ဂ်ီတိုက္စစ္မွဴ း အမ္ဘတ္ပီရဲ႕ညီျဖစ္တဲ႔ အီသန္ကိုေခၚယူဖို႔စိတ္၀င္စားေနတယ္လို႔ သိရပါတယ္။ အီသန္ဟာအသက္ ၁၃ ႏွစ္သာရွိေသးၿပီး သူ႔အစ္ကိုရဲ႕ေျခရာအတိုင္းလိုက္နင္းႏိုင္မယ္႔သူလို႔ သတ္မွတ္ခံထားရသူျဖစ္ပါတယ္။

အမ္ဘတ္ပီဟာအသက္ ၂၁ ႏွစ္သာရွိေသးေပမယ္႔ ကမၻာ႔ထိပ္တန္းအဆင့္ရွိတဲ႔ တိုက္စစ္မွဴ းအျဖစ္သက္ေသျပထားၿပီးသားျဖစ္ပါတယ္။ သူဟာ ျပင္သစ္အသင္းနဲ႔အတူ ၂၀၁၈ ကမၻာ႔ဖလားရရွိခဲ့တဲ႔အျပင္ လူငယ္နဲ႔ပတ္သက္တဲ႔တစ္ဦးခ်င္းဆုေတြကိုလည္း ရယူထားႏိုင္သူျဖစ္ပါတယ္။

ဒါေၾကာင့္လည္း ရီးရဲလ္မက္ဒရစ္နည္းျပ ဇီဒန္းကအမ္ဘတ္ပီကိုေခၚယူလိုတဲ႔ သူ႔ဆႏၵကိုလူသိရွင္ၾကားထုတ္ေျပာထားၿပီးျဖစ္ပါတယ္။ အီသန္ဟာ ပီအက္စ္ဂ်ီလူငယ္အသင္းရဲ႕တိုက္စစ္မွဴ းျဖစ္ၿပီး ၿပီးခဲ့တဲ႔လက Champions Cup Futures ဆိုတဲ႔ၿပိဳင္ပြဲမွာ ရီးရဲလ္ကင္းေထာက္ေတြရဲကေရွ႕ေမွာက္မွာေျခစြမ္းျပႏိုင္ခဲ့သူျဖစ္ပါတယ္။

ရီးရဲလ္က အီသန္ကိုေခၚယူလိုေနတာဟာ သူ႔ကိုအလိုရွိတာထက္ အမ္ဘတ္ပီကိုေခၚဖို႔ ညီျဖစ္သူကို ငါးစာအျဖစ္အသုံးခ်လိုတာျဖစ္တယ္လို႔လည္း ဆိုၾကပါတယ္။ ရီးရဲလ္ဟာ အမ္ဘတ္ပီကိုလာမယ္႔ေႏြရာသီေစ်းကြက္ထဲမွာ ေပါင္ ၂၅၄သန္း အထိေပးၿပီးေခၚယူဖို႔ ျပင္ဆင္ထားတာပါ။ ဒါေၾကာင့္ အီသန္ကိုေခၚလိုက္မယ္ဆိုရင္ အမ္ဘတ္ပီကိုပါရရွိဖို႔ ပိုမိုလြယ္ကူလိမ့္မယ္လို႔ သူတို႔ေတြတြက္ဆထားၾကတာျဖစ္ပါတယ္။

အမ္ဘတ္ပီဟာ ပီအက္စ္ဂ်ီအသင္းအတြက္ ၁၀၆ ပြဲကစားကာ ၇၈ ဂိုးသြင္းယူေပးထားၿပီး မႏွစ္ကလီဂူး ၁ ၿပိဳင္ပြဲမွာလည္း ၃၁ ဂိုးသြင္းကာ ဂိုးသြင္းအမ်ားဆုံးသူျဖစ္ခဲ့ၿပီး တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကိုလည္း ရရွိခဲ့သူျဖစ္ပါတယ္။ သူဟာ ၂၀၁၇ ကမိုနာကိုကေနေပါင္ ၁၆၆ သန္းနဲ႔ ပီအက္စ္ဂ်ီကိုေရာက္ရွိလာသူျဖစ္ပါတယ္။