လိုက်ပ်ဇစ်နဲ့ လီဗာပူးလ်တို့ရဲ့ ချန်ပီယံလိဂ်ပွဲကို ရိုမေးနီးယားမှာ ကစားသွားဖို့ရှိနေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဂျာမန်ကလပ် လိုက်ပ်ဇစ်အသင်းဟာ အခုဖေဖော်ဝါရီလအတွင်းမှာ လီဗာပူးလ်နဲ့ ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ် ကစားရမှာဖြစ်ပေမယ့် ကိုဗစ်ရောဂါဆိုးကြောင့် အိမ်ကွင်းမှာ လက်ခံကစားခွင့်ရမှာ မဟုတ်ပါဘူး။

လိုက်ပ်ဇစ်နဲ့ လီဗာပူးလ်အသင်းဟာ ဖေဖော်ဝါရီလ(၁၆)ရက်မှာ ချန်ပီယံလိဂ်ပွဲစဉ်ယှဉ်ပြိုင်ကစားရမှာဖြစ်ပေမယ့် ဂျာမန်အစိုးရက ကိုဗစ်ရောဂါဆိုးဖြစ်ပွားနေချိန်မှာ ပြည်ပကလာမယ့်သူတွေကို နိုင်ငံအတွင်းဝင်ရောက်ခွင့် ပိတ်ပင်ထားတာကြောင့် လိုက်ပ်ဇစ်အသင်းတာဝန်ရှိသူတွေဟာ တခြားကွင်းတစ်ကွင်းကို အိမ်ကွင်းအဖြစ် ပြောင်းလဲကစားရမှာဖြစ်ပါတယ်။

အခုလောလောဆယ် အင်္ဂလန်က ကွင်းတစ်ကွင်းမှာကစားဖို့ ဆွေးနွေးမှုတွေလုပ်နေပြီး တကယ်လို့ မဖြစ်လာခဲ့ရင်တော့ ဟန်ဂေရီနိုင်ငံ၊ ဘူဒါပတ်စ်မှာ သွားကစားရဖို့ရှိနေပါပြီ။

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)ကလည်း ချန်ပီယံလိဂ်ပွဲစဉ်တွေကို လုံခြုံစိတ်ချရတဲ့အနေအထားမှာ ကျင်းပသွားဖို့ အစီအစဉ်တွေချမှတ်ထားပြီး အခုလောလောဆယ်မှာ ဘူဒါပတ်စ်မြို့က Puskas Arena ကွင်းမှာ လိုက်ပ်ဇစ်နဲ့လီဗာပူးလ်ပွဲကို ယှဉ်ပြိုင်ကစားဖို့ လျာထားတာဖြစ်ပါတယ်။

လိုက်ပ်ဇစ်အသင်းအနေနဲ့ အင်္ဂလန်မှာရှိတဲ့ ကွင်းတချို့မှာ ကစားခွင့်ရဖို့ ချိတ်ဆက်မှုတွေလုပ်နေပေမယ့် ပွဲကစားရမယ့်ရက်က (၁၁)ရက်သာလောက်သာလိုတော့တာကြောင့် အဆင်ပြေအောင် အချိန်မီ မစီစဉ်နိုင်ခဲ့ရင်တော့ UEFA က Puskas Arena ကွင်းမှာပဲကစားဖို့ သတ်မှတ်သွားဖို့ရှိနေပါတယ်။

UEFA ကလည်း ကိုဗစ်ရောဂါအန္တရာယ်ကြောင့် နိုင်ငံအများစုက ပြည်တွင်းဝင်ခွင့်ကို ပိတ်ပင်ထားကြတဲ့အတွက် ချန်ပီယံလိဂ်ပွဲကစားမယ့်ရက်တွေကို လိုအပ်လာရင် အပြောင်းအလဲလုပ်ဖို့ စီစဉ်ထားပြီး ရှုံးထွက်(၁၆)သင်းအဆင့်ပွဲစဉ်တွေကို မတ်လအတွင်းအပြီးသတ် ကစားရမှာဖြစ်ပေမယ့် ကစားမယ့်ရက်ရွှေ့ရဖို့ လိုလာရင် ဧပြီလ(၂)ရက်အထိ ထပ်တိုးသွားမယ့်အနေအထားပါပဲ။

လီဗာပူးလ်လိုပဲ မန်စီးတီးအသင်းကလည်း အခုဖေဖော်ဝါရီ(၂၄)ရက်မှာ ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့် ပထမအကျော့အဖြစ် မိုချန်ဂလာဘတ်နဲ့ အဝေးကွင်းပွဲစဉ်ကစားရမှာဖြစ်ပြီး ဂျာမန်အစိုးရက ပြည်တွင်းဝင်ခွင့်ပိတ်ပင်ထားလို့ တခြားကွင်းတစ်ကွင်းမှာ သွားကစားရဖို့ရှိနေပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

လိုက္ပ္ဇစ္နဲ႔ လီဗာပူးလ္တို႔ရဲ႕ ခ်န္ပီယံလိဂ္ပြဲကို ႐ိုေမးနီးယားမွာ ကစားသြားဖို႔ရွိေန

ဂ်ာမန္ကလပ္ လိုက္ပ္ဇစ္အသင္းဟာ အခုေဖေဖာ္ဝါရီလအတြင္းမွာ လီဗာပူးလ္နဲ႔ ခ်န္ပီယံလိဂ္ရႈံးထြက္(၁၆)သင္းအဆင့္ ပထမအေက်ာ့ပြဲစဥ္ ကစားရမွာျဖစ္ေပမယ့္ ကိုဗစ္ေရာဂါဆိုးေၾကာင့္ အိမ္ကြင္းမွာ လက္ခံကစားခြင့္ရမွာ မဟုတ္ပါဘူး။ လိုက္ပ္ဇစ္နဲ႔ လီဗာပူးလ္အသင္းဟာ ေဖေဖာ္ဝါရီလ(၁၆)ရက္မွာ ခ်န္ပီယံလိဂ္ပြဲစဥ္ယွဥ္ၿပိဳင္ကစားရမွာျဖစ္ေပမယ့္ ဂ်ာမန္အစိုးရက ကိုဗစ္ေရာဂါဆိုးျဖစ္ပြားေနခ်ိန္မွာ ျပည္ပကလာမယ့္သူေတြကို ႏိုင္ငံအတြင္းဝင္ေရာက္ခြင့္ ပိတ္ပင္ထားတာေၾကာင့္ လိုက္ပ္ဇစ္အသင္းတာဝန္ရွိသူေတြဟာ တျခားကြင္းတစ္ကြင္းကို အိမ္ကြင္းအျဖစ္ ေျပာင္းလဲကစားရမွာျဖစ္ပါတယ္။ အခုေလာေလာဆယ္ အဂၤလန္က ကြင္းတစ္ကြင္းမွာကစားဖို႔ ေဆြးေႏြးမႈေတြလုပ္ေနၿပီး တကယ္လို႔ မျဖစ္လာခဲ့ရင္ေတာ့ ဟန္ေဂရီႏိုင္ငံ၊ ဘူဒါပတ္စ္မွာ သြားကစားရဖို႔ရွိေနပါၿပီ။

ဥေရာပေဘာလုံးအဖြဲ႕ခ်ဳပ္ (UEFA)ကလည္း ခ်န္ပီယံလိဂ္ပြဲစဥ္ေတြကို လုံၿခဳံစိတ္ခ်ရတဲ့အေနအထားမွာ က်င္းပသြားဖို႔ အစီအစဥ္ေတြခ်မွတ္ထားၿပီး အခုေလာေလာဆယ္မွာ ဘူဒါပတ္စ္ၿမိဳ႕က Puskas Arena ကြင္းမွာ လိုက္ပ္ဇစ္နဲ႔လီဗာပူးလ္ပြဲကို ယွဥ္ၿပိဳင္ကစားဖို႔ လ်ာထားတာျဖစ္ပါတယ္။ လိုက္ပ္ဇစ္အသင္းအေနနဲ႔ အဂၤလန္မွာရွိတဲ့ ကြင္းတခ်ိဳ႕မွာ ကစားခြင့္ရဖို႔ ခ်ိတ္ဆက္မႈေတြလုပ္ေနေပမယ့္ ပြဲကစားရမယ့္ရက္က (၁၁)ရက္သာေလာက္သာလိုေတာ့တာေၾကာင့္ အဆင္ေျပေအာင္ အခ်ိန္မီ မစီစဥ္ႏိုင္ခဲ့ရင္ေတာ့ UEFA က Puskas Arena ကြင္းမွာပဲကစားဖို႔ သတ္မွတ္သြားဖို႔ရွိေနပါတယ္။ UEFA ကလည္း ကိုဗစ္ေရာဂါအႏၲရာယ္ေၾကာင့္ ႏိုင္ငံအမ်ားစုက ျပည္တြင္းဝင္ခြင့္ကို ပိတ္ပင္ထားၾကတဲ့အတြက္ ခ်န္ပီယံလိဂ္ပြဲကစားမယ့္ရက္ေတြကို လိုအပ္လာရင္ အေျပာင္းအလဲလုပ္ဖို႔ စီစဥ္ထားၿပီး ရႈံးထြက္(၁၆)သင္းအဆင့္ပြဲစဥ္ေတြကို မတ္လအတြင္းအၿပီးသတ္ ကစားရမွာျဖစ္ေပမယ့္ ကစားမယ့္ရက္ေ႐ႊ႕ရဖို႔ လိုလာရင္ ဧၿပီလ(၂)ရက္အထိ ထပ္တိုးသြားမယ့္အေနအထားပါပဲ။

လီဗာပူးလ္လိုပဲ မန္စီးတီးအသင္းကလည္း အခုေဖေဖာ္ဝါရီ(၂၄)ရက္မွာ ခ်န္ပီယံလိဂ္ရႈံးထြက္(၁၆)သင္းအဆင့္ ပထမအေက်ာ့အျဖစ္ မိုခ်န္ဂလာဘတ္နဲ႔ အေဝးကြင္းပြဲစဥ္ကစားရမွာျဖစ္ၿပီး ဂ်ာမန္အစိုးရက ျပည္တြင္းဝင္ခြင့္ပိတ္ပင္ထားလို႔ တျခားကြင္းတစ္ကြင္းမွာ သြားကစားရဖို႔ရွိေနပါၿပီ။