လိမ်ဖယ်ဖယ်ဖြစ်နေတဲ့ ပီအက်စ်ဂျီ ဖလားရဖို့ သိပ်မလွယ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပိုချက်တီနိုရဲ့ ပီအက်စ်ဂျီကတော့ နောက်ဆုံးကစားခဲ့တဲ့လီဂူးပွဲမှာ ရန်းနက်စ်ကို အရေးနိမ့်ခဲ့ပြီးနောက် အန်းဂါးနဲ့ပွဲမှာလည်း ကံကောင်းလို့သာ နိုင်ပွဲရရှိသွားခဲ့ပါတယ်။

မက်ဆီ၊ နေမာနဲ့ အဓိကကစားသမားတချို့ မပါဝင်နိုင်ခဲ့ချိန်မှာ ဘာပေက တိုက်စစ်ပိုင်းကို ဦးဆောင်ခဲ့ပြီး ရာဖင်ဟာ နဲ့ အီကာဒီတို့ ဝန်းရံပေးခဲ့ပေမယ့်လည်း ပီအက်စ်ဂျီတို့ နောက်ကနေသာ လိုက်ကစားခဲ့ရပါတယ်။

ပွဲချိန် ၃၆မိနစ်မှာ ဧည့်သည် အန်းဂါး အသင်းက ဦးဆောင်ဂိုး ရရှိခဲ့ပြီး ပြိုင်ပွဲကို ဦးဆောင်နိုင်ခဲ့ကာ ပထမပိုင်း ပြီးဆုံးခဲ့ပါတယ်။

ပီအက်စ်ဂျီ အသင်းဟာ ဒီနေ့ပွဲစဉ်မှာ ပုံစံကောင်းတွေ ပျောက်ဆုံးနေခဲ့ပြီး ပွဲချိန် မိနစ် ၇၀လောက်မှာ ပထမဆုံး ဂိုးပေါက်တည့်ခဲ့ပြီး ဒန်နီလို ပါရဲရားရဲ့ ခေါင်းတိုက်ချက်နဲ့ ချေပဂိုး ရရှိခဲ့ပါတယ်။

ပွဲချိန် မိနစ် ၉၀နားကပ်လာချိန်မှာ သရေနဲ့ ပြီးဆုံးဖို့ ရှိခဲ့ပေမယ့် ပွဲချိန် ၈၇မိနစ်မှာ အန်းဂါး ကွင်းလယ်လူ ပက်ထရစ် ကာပယ်လာတစ်ယောက် ဘောလုံးကို လက်နဲ့ ထိခဲ့တာကြောင့် VARက ပင်နယ်တီ အဖြစ် သတ်မှတ်ခဲ့ပါတယ်။

အဆိုပါ ပင်နယ်တီကို ဘာပေက ကန်သွင်းခဲ့ပြီး ပီအက်စ်ဂျီ အသင်း အနိုင် ရရှိခဲ့ပေမယ့် အန်းဂါး အသင်းသားတွေကတော့ VAR ရဲ့ ဆုံးဖြတ်ချက်ကို အကြီးအကျယ် ပေါက်ကွဲခဲ့ပါတယ်။

လက်ရှိမှာ ပီအက်စ်ဂျီက ၁၀ ပွဲကစားအပြီး ၂၇ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေဆဲဖြစ်ပါတယ်။

ဒုတိယနေရာက လန်းစ်ထက် တစ်ပွဲပိုကစားပြီး ၉ မှတ်အထိ ဖြတ်တောက်ထားနိုင်တာဖြစ်ပါတယ်။

ပြည်တွင်းလိဂ်ဖလားကို ဆွတ်ခူးနိုင်မှာကတော့ သေချာသလောက်နီးပါးရှိနေပေမယ့်အဲ ဒီလိုခြေစွမ်းမျိုးနဲ့ဆိုရင်တော့ သူတို့ရဲ့ချန်ပီယံလိဂ်အိပ်မက်တွေက အကောင်အထည်ပေါ်ဖို့ သိပ်မလွယ်ပါဘူး။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လိမ္ဖယ္ဖယ္ျဖစ္​ေနတဲ့ ပီအက္စ္ဂ်ီ ဖလားရဖို႔ သိပ္မလြယ္

ပိုခ်က္တီႏိုရဲ႕ ပီအက္စ္ဂ်ီကေတာ့ ေနာက္ဆုံးကစားခဲ့တဲ့လီဂူးပြဲမွာ ရန္းနက္စ္ကို အေရးနိမ့္ခဲ့ၿပီးေနာက္ အန္းဂါးနဲ႔ပြဲမွာလည္း ကံေကာင္းလို႔သာ ႏိုင္ပြဲရရွိသြားခဲ့ပါတယ္။ မက္ဆီ၊ ေနမာနဲ႔ အဓိကကစားသမားတခ်ိဳ႕ မပါဝင္ႏိုင္ခဲ့ခ်ိန္မွာ ဘာ​ေပက တိုက္စစ္ပိုင္းကို ဦးေဆာင္ခဲ့ၿပီး ရာဖင္ဟာ နဲ႔ အီကာဒီတို႔ ဝန္းရံေပးခဲ့ေပမယ့္လည္း ပီအက္စ္ဂ်ီတို႔ ေနာက္ကေနသာ လိုက္ကစားခဲ့ရပါတယ္။

ပြဲခ်ိန္ ၃၆မိနစ္မွာ ဧည့္သည္ အန္းဂါး အသင္းက ဦးေဆာင္ဂိုး ရရွိခဲ့ၿပီး ၿပိဳင္ပြဲကို ဦးေဆာင္ႏိုင္ခဲ့ကာ ပထမပိုင္း ၿပီးဆုံးခဲ့ပါတယ္။ပီအက္စ္ဂ်ီ အသင္းဟာ ဒီေန႔ပြဲစဥ္မွာ ပုံစံေကာင္းေတြ ေပ်ာက္ဆုံးေနခဲ့ၿပီး ပြဲခ်ိန္ မိနစ္ ၇၀ေလာက္မွာ ပထမဆုံး ဂိုးေပါက္တည့္ခဲ့ၿပီး ဒန္နီလို ပါရဲရားရဲ႕ ေခါင္းတိုက္ခ်က္နဲ႔ ေခ်ပဂိုး ရရွိခဲ့ပါတယ္။ပြဲခ်ိန္ မိနစ္ ၉၀နားကပ္လာခ်ိန္မွာ သေရနဲ႔ ၿပီးဆုံးဖို႔ ရွိခဲ့ေပမယ့္ ပြဲခ်ိန္ ၈၇မိနစ္မွာ အန္းဂါး ကြင္းလယ္လူ ပက္ထရစ္ ကာပယ္လာတစ္ေယာက္ ေဘာလုံးကို လက္နဲ႔ ထိခဲ့တာေၾကာင့္ VARက ပင္နယ္တီ အျဖစ္ သတ္မွတ္ခဲ့ပါတယ္။အဆိုပါ ပင္နယ္တီကို ဘာေပက ကန္သြင္းခဲ့ၿပီး ပီအက္စ္ဂ်ီ အသင္း အႏိုင္ ရရွိခဲ့ေပမယ့္ အန္းဂါး အသင္းသားေတြကေတာ့ VAR ရဲ႕ ဆုံးျဖတ္ခ်က္ကို အႀကီးအက်ယ္ ေပါက္ကြဲခဲ့ပါတယ္။

လက္ရွိမွာ ပီအက္စ္ဂ်ီက ၁၀ ပြဲကစားအၿပီး ၂၇ မွတ္နဲ႔ အမွတ္ေပးဇယားကို ဦးေဆာင္ေနဆဲျဖစ္ပါတယ္။ ဒုတိယေနရာက လန္းစ္ထက္ တစ္ပြဲပိုကစားၿပီး ၉ မွတ္အထိ ျဖတ္ေတာက္ထားႏိုင္တာျဖစ္ပါတယ္။ ျပည္တြင္းလိဂ္ဖလားကို ဆြတ္ခူးႏိုင္မွာကေတာ့ ေသခ်ာသေလာက္နီးပါးရွိေနေပမယ့္အဲ ဒီလိုေျခစြမ္းမ်ိဳးနဲ႔ဆိုရင္ေတာ့ သူတို႔ရဲ႕ခ်န္ပီယံလိဂ္အိပ္မက္ေတြက အေကာင္အထည္ေပၚဖို႔ သိပ္မလြယ္ပါဘူး။