လိဒ်ယူနိုက်တက်နဲ့ အဲဗာတန်တို့ အပြိုင်လွန်ဆွဲနေတဲ့ မာဆယ်လို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ လိဒ်ယူနိုက်တက် နဲ့ အဲဗာတန် အသင်းတို့ဟာ ရီးရဲလ် အသင်းရဲ့ဝါရင့်နောက်ခံလူ မာဆယ်လို ကို ခေါ်ယူဖို့ အပြိုင်အဆိုင်ကြိုးစားနေကြတယ်လို့ သိရပါတယ်။

အသက် ၃၃နှစ် အရွယ် ဘရာဇီးလ် ဘယ်နောက်ခံလူ မာဆယ်လိုဟာ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ မရှိမဖြစ် ကစားသမား တစ်ဦး အဖြစ် ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ယခုနှစ် ဘောလုံးရာသီမှ စတင်ကာ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ အရန်ကစားသမား စာရင်းဝင်ခဲ့ပြီး အသင်းရဲ့ ပွဲစဉ် အများစုကို ပါဝင် ကစားပေးရခြင်း မရှိသလို အသင်းကနေ ရောင်းချခံရမယ့် ကစားသမားတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။

မာဆယ်လိုနဲ့ ရီးရဲလ် အသင်းတို့ချုပ်ဆိုထားတဲ့ စာချုပ်ဟာ (၁)နှစ်သာကျန်ရှိတော့တာဖြစ်ပါတယ်။

မာဆယ်လို ဟာ စာချုပ်သက်တမ်းကုန်ဆုံးတဲ့အချိန်ထိ စပိန်မှာ ဆက်နေဖို့ စိတ်အားထက်သန်ခဲ့ပေမယ့် အန်ဆယ်လော့တီ အသင်းကို ပြန်ရောက်လာချိန်မှာတော့ သူ့ရဲ့အစီအစဉ်ဟာ ပြောင်းသွားခဲ့တာလည်းဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ် အသင်းဟာ မာဆယ်လိုကို ပြောင်းရွှေ့ကြေး ယူရို ၅သန်း ဝန်းကျင်နဲ့ ရောင်းချချင်နေတာ ဖြစ်ပြီး အဲဗာတန်အသင်းဟာ သူတို့အသင်းရဲ့ အားနည်းနေတဲ့ ဘယ်ခြမ်းခံစစ် အတွက် မာဆယ်လိုကို ခေါ်ယူချင်နေတာပါ။

ဒါ့အပြင် လိဒ်ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ ဘီယယ်ဆာဟာ ဘီလ်ဘာအိုအသင်းကို ကိုင်တွယ်စဉ်ကတည်းက မာဆယ်လိုရဲ့ ခြေစွမ်းကို သဘောကျသူ ဖြစ်တာကြောင့် မာဆယ်လိုကို ခေါ်ယူဖို့ ကြိုးစားသွားမှာပဲ ဖြစ်ပါတယ်။

မာဆယ်လိုဟာ ယခုနှစ် ဘောလုံးရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံမှာ စုစုပေါင်း ၁၃၂၉မိနစ်သာ ကစားခဲ့ရကာ သွင်းဂိုး သွင်းယူပေးနိုင်ခြင်း မရှိဘဲ ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

မာဆယ်လို ဟာ ရီးရဲလ် အသင်းမှာ (၁၄)ရာသီကြာကစားခဲ့ပြီး လာလီဂါဖလား(၅)ကြိမ်၊ချန်ပီယံလိဂ်ဖလား(၄)ကြိမ်အပါအဝင် အောင်မြင်မှုအများအပြားရယူနိုင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

လိဒ္ယူႏိုက္တက္နဲ႔ အဲဗာတန္တို႔ အၿပိဳင္လြန္ဆြဲေနတဲ့ မာဆယ္လို

ပရီးမီးယားလိဂ္ကလပ္ေတြျဖစ္တဲ့ လိဒ္ယူႏိုက္တက္ နဲ႔ အဲဗာတန္ အသင္းတို႔ဟာ ရီးရဲလ္ အသင္းရဲ႕ဝါရင့္ေနာက္ခံလူ မာဆယ္လို ကို ေခၚယူဖို႔ အၿပိဳင္အဆိုင္ႀကိဳးစားေနၾကတယ္လို႔ သိရပါတယ္။

အသက္ ၃၃ႏွစ္ အ႐ြယ္ ဘရာဇီးလ္ ဘယ္ေနာက္ခံလူ မာဆယ္လိုဟာ ရီးရဲလ္မက္ဒရစ္ အသင္းရဲ႕ မရွိမျဖစ္ ကစားသမား တစ္ဦး အျဖစ္ ေျခစြမ္းေကာင္းေတြ ထုတ္ျပႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ ယခုႏွစ္ ေဘာလုံးရာသီမွ စတင္ကာ ရီးရဲလ္မက္ဒရစ္ အသင္းရဲ႕ အရန္ကစားသမား စာရင္းဝင္ခဲ့ၿပီး အသင္းရဲ႕ ပြဲစဥ္ အမ်ားစုကို ပါဝင္ ကစားေပးရျခင္း မရွိသလို အသင္းကေန ေရာင္းခ်ခံရမယ့္ ကစားသမားေတြထဲက တစ္ဦးလည္း ျဖစ္ပါတယ္။

မာဆယ္လိုနဲ႔ ရီးရဲလ္ အသင္းတို႔ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ဟာ (၁)ႏွစ္သာက်န္ရွိေတာ့တာျဖစ္ပါတယ္။ မာဆယ္လို ဟာ စာခ်ဳပ္သက္တမ္းကုန္ဆုံးတဲ့အခ်ိန္ထိ စပိန္မွာ ဆက္ေနဖို႔ စိတ္အားထက္သန္ခဲ့ေပမယ့္ အန္ဆယ္ေလာ့တီ အသင္းကို ျပန္ေရာက္လာခ်ိန္မွာေတာ့ သူ႔ရဲ႕အစီအစဥ္ဟာ ေျပာင္းသြားခဲ့တာလည္းျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ အသင္းဟာ မာဆယ္လိုကို ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၅သန္း ဝန္းက်င္နဲ႔ ေရာင္းခ်ခ်င္ေနတာ ျဖစ္ၿပီး အဲဗာတန္အသင္းဟာ သူတို႔အသင္းရဲ႕ အားနည္းေနတဲ့ ဘယ္ျခမ္းခံစစ္ အတြက္ မာဆယ္လိုကို ေခၚယူခ်င္ေနတာပါ။

ဒါ့အျပင္ လိဒ္ယူႏိုက္တက္အသင္းရဲ႕ နည္းျပျဖစ္သူ ဘီယယ္ဆာဟာ ဘီလ္ဘာအိုအသင္းကို ကိုင္တြယ္စဥ္ကတည္းက မာဆယ္လိုရဲ႕ ေျခစြမ္းကို သေဘာက်သူ ျဖစ္တာေၾကာင့္ မာဆယ္လိုကို ေခၚယူဖို႔ ႀကိဳးစားသြားမွာပဲ ျဖစ္ပါတယ္။ မာဆယ္လိုဟာ ယခုႏွစ္ ေဘာလုံးရာသီမွာ အသင္းအတြက္ ၿပိဳင္ပြဲစုံမွာ စုစုေပါင္း ၁၃၂၉မိနစ္သာ ကစားခဲ့ရကာ သြင္းဂိုး သြင္းယူေပးႏိုင္ျခင္း မရွိဘဲ ဂိုးဖန္တီးမႈ ၄ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။

မာဆယ္လို ဟာ ရီးရဲလ္ အသင္းမွာ (၁၄)ရာသီၾကာကစားခဲ့ၿပီး လာလီဂါဖလား(၅)ႀကိမ္၊ခ်န္ပီယံလိဂ္ဖလား(၄)ႀကိမ္အပါအဝင္ ေအာင္ျမင္မႈအမ်ားအျပားရယူႏိုင္ခဲ့ပါတယ္။