လိဒ်စ်အသင်းကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ စံချိန်မှတ်တမ်းကောင်းတွေပိုင်ဆိုင်ခဲ့ကြတဲ့ ဘရူနိုနဲ့ပေ့ါဘာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နာမည်ကျော်ကွင်းလယ်လူနှစ်ဦဖြစ်တဲ့ ဘရူနိုဖာနန်ဒက်စ်နဲ့ပေ့ါဘာတို့ဟာ လိဒ်စ်အသင်းကို (၅-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ စံချိန်မှတ်တမ်းကောင်းတွေ အသီးသီးပိုင်ဆိုင်ခဲ့ကြပါတယ်။

အဲဒီပွဲမှာ ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်ကစားသမားဘဝ ပထမဆုံးဟက်ထရစ်သွင်းယူနိုင်ခဲ့သလို ပေ့ါဘာဟာလည်း တစ်ပွဲတည်းဂိုးဖန်တီးမှု(၄)ကြိမ်အထိပြုလုပ်ခဲ့ပြီးတော့ ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းရဲ့ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ရာသီအဖွင့်ပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ် စံချိန်တင်ခဲ့သလို

အမှတ်ပေးပြိုင်ပွဲသမိုင်းတစ်လျှောက်မှာတော့ ၁၉၇၇-၇၈ ရာသီတုန်းက ဘာမင်ဂမ်အသင်းဘက်ကို ဟက်ထရစ်သွင်းခဲ့တဲ့ လူမာကာရီနောက်ပိုင်း ဒုတိယမြောက် ယူနိုက်တက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။

ဒါ့အပြင် ဘရူနိုဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ရာသီအဖွင့်မှာ ဟက်ထရစ်ရခဲ့တဲ့ (၁၀)ယောက်မြောက်ကစားဖြစ်ခဲ့ပြီး ယူနိုက်တက်အသင်းအတွက်

ပွဲထွက်ခဲ့တဲ့ ၂၀၂၀၊ ဖေဖော်ဝါရီလကနေ အခုအချိန်အထိ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ သူ တိုက်ရိုက်ပါဝင်ပတ်သက်ခဲ့တဲ့ဂိုးအရေအတွက်က (၄၆)ဂိုး (သွင်းဂိုး-၂၇ဂိုး၊ ဂိုးဖန်တီးမှု-၁၉ကြိမ်)အထိရှိလာပါပြီ။

လိဒ်စ်နဲ့ပွဲမှာ ဂိုးဖန်တီးမှု(၄)ကြိမ်အထိပြုလုပ်ခဲ့သူ ပေ့ါဘာကလည်း ယူနိုက်တက်အသင်းကစားသမားတွေထဲမှာ တစ်ပွဲတည်းဂိုးဖန်တီးမှု(၄)ကြိမ်ပြုလုပ်ခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ် စံချိန်တင်ခဲ့သလို ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်မှာတော့ အဲဒီလိုစွမ်းဆောင်နိုင်တဲ့ (၇)ဦးမြောက်ကစားသမားဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ(၂၆)ပွဲကစား၊ ဂိုးဖန်တီးမှု(၃)ကြိမ်ပြုလုပ်ခဲ့တဲ့ ပေါ့ဘာဟာ ရာသီသစ်မှာတော့ တစ်ပွဲတည်းနဲ့ မနှစ်ကဂိုးဖန်တီးမှုအရေအတွက်ကို ကျော်ဖြတ်နိုင်ခဲ့တာပါ။

ယူနိုက်တက်အသင်းရဲ့ပရီးမီးယားလိဂ်သမိုင်းမှာ တစ်ပွဲတည်းဟက်ထရစ်သွင်း၊ ဂိုးဖန်တီးမှု(၃)ကြိမ်နဲ့အထက်ပြုလုပ်ခဲ့တာက အခုလိဒ်စ်နဲ့ပွဲအပါအဝင် (၃)ကြိမ်အထိရှိခဲ့ပြီး

၁၉၉၇၊ အောက်တိုဘာလတုန်းက ဘန်စလေနဲ့ကစားတဲ့ပွဲမှာ အန်ဒီကိုးလ်က ဟက်ထရစ်၊ အခု နည်းပြအဖြစ်ဆောင်ရွက်နေတဲ့ ဆိုးလ်ရှားက ဂိုးဖန်တီးမှု(၃)ကြိမ်ပြုလုပ်ခဲ့သလို ၂၀၁၁၊ သြဂုတ်လမှာ အာဆင်နယ်ကို (၈-၂)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲတုန်းကလည်း ရွန်နီက ဟက်ထရစ်၊ အက်ရှ်လေယန်းက ဂိုးဖန်တီးမှု(၃)ကြိမ်ပြုလုပ်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

လိဒ္စ္အသင္းကို ဂိုးျပတ္အႏိုင္ရခဲ့တဲ့ပြဲမွာ စံခ်ိန္မွတ္တမ္းေကာင္းေတြပိုင္ဆိုင္ခဲ့ၾကတဲ့ ဘ႐ူႏိုနဲ႔ေပ့ါဘာ

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ နာမည္ေက်ာ္ကြင္းလယ္လူႏွစ္ဦျဖစ္တဲ့ ဘ႐ူႏိုဖာနန္ဒက္စ္နဲ႔ေပ့ါဘာတို႔ဟာ လိဒ္စ္အသင္းကို (၅-၁)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ ပရီးမီးယားလိဂ္အဖြင့္ပြဲမွာ စံခ်ိန္မွတ္တမ္းေကာင္းေတြ အသီးသီးပိုင္ဆိုင္ခဲ့ၾကပါတယ္။ အဲဒီပြဲမွာ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ယူႏိုက္တက္ကစားသမားဘဝ ပထမဆုံးဟက္ထရစ္သြင္းယူႏိုင္ခဲ့သလို ေပ့ါဘာဟာလည္း တစ္ပြဲတည္းဂိုးဖန္တီးမႈ(၄)ႀကိမ္အထိျပဳလုပ္ခဲ့ၿပီးေတာ့ ေျခစြမ္းျပကစားႏိုင္ခဲ့ပါတယ္။

ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ယူႏိုက္တက္အသင္းရဲ႕ပရီးမီးယားလိဂ္ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ရာသီအဖြင့္ပြဲမွာ ဟက္ထရစ္သြင္းယူႏိုင္ခဲ့တဲ့ ပထမဆုံးကစားသမားအျဖစ္ စံခ်ိန္တင္ခဲ့သလို အမွတ္ေပးၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္မွာေတာ့ ၁၉၇၇-၇၈ ရာသီတုန္းက ဘာမင္ဂမ္အသင္းဘက္ကို ဟက္ထရစ္သြင္းခဲ့တဲ့ လူမာကာရီေနာက္ပိုင္း ဒုတိယေျမာက္ ယူႏိုက္တက္ကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့တာပါ။ ဒါ့အျပင္ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္ ရာသီအဖြင့္မွာ ဟက္ထရစ္ရခဲ့တဲ့ (၁၀)ေယာက္ေျမာက္ကစားျဖစ္ခဲ့ၿပီး ယူႏိုက္တက္အသင္းအတြက္ ပြဲထြက္ခဲ့တဲ့ ၂၀၂၀၊ ေဖေဖာ္ဝါရီလကေန အခုအခ်ိန္အထိ ပရီးမီးယားလိဂ္ပြဲစဥ္ေတြမွာ သူ တိုက္႐ိုက္ပါဝင္ပတ္သက္ခဲ့တဲ့ဂိုးအေရအတြက္က (၄၆)ဂိုး (သြင္းဂိုး-၂၇ဂိုး၊ ဂိုးဖန္တီးမႈ-၁၉ႀကိမ္)အထိရွိလာပါၿပီ။

လိဒ္စ္နဲ႔ပြဲမွာ ဂိုးဖန္တီးမႈ(၄)ႀကိမ္အထိျပဳလုပ္ခဲ့သူ ေပ့ါဘာကလည္း ယူႏိုက္တက္အသင္းကစားသမားေတြထဲမွာ တစ္ပြဲတည္းဂိုးဖန္တီးမႈ(၄)ႀကိမ္ျပဳလုပ္ခဲ့တဲ့ ပထမဆုံးကစားသမားအျဖစ္ စံခ်ိန္တင္ခဲ့သလို ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္မွာေတာ့ အဲဒီလိုစြမ္းေဆာင္ႏိုင္တဲ့ (၇)ဦးေျမာက္ကစားသမားျဖစ္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ္မွာ(၂၆)ပြဲကစား၊ ဂိုးဖန္တီးမႈ(၃)ႀကိမ္ျပဳလုပ္ခဲ့တဲ့ ေပါ့ဘာဟာ ရာသီသစ္မွာေတာ့ တစ္ပြဲတည္းနဲ႔ မႏွစ္ကဂိုးဖန္တီးမႈအေရအတြက္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့တာပါ။

ယူႏိုက္တက္အသင္းရဲ႕ပရီးမီးယားလိဂ္သမိုင္းမွာ တစ္ပြဲတည္းဟက္ထရစ္သြင္း၊ ဂိုးဖန္တီးမႈ(၃)ႀကိမ္နဲ႔အထက္ျပဳလုပ္ခဲ့တာက အခုလိဒ္စ္နဲ႔ပြဲအပါအဝင္ (၃)ႀကိမ္အထိရွိခဲ့ၿပီး ၁၉၉၇၊ ေအာက္တိုဘာလတုန္းက ဘန္စေလနဲ႔ကစားတဲ့ပြဲမွာ အန္ဒီကိုးလ္က ဟက္ထရစ္၊ အခု နည္းျပအျဖစ္ေဆာင္႐ြက္ေနတဲ့ ဆိုးလ္ရွားက ဂိုးဖန္တီးမႈ(၃)ႀကိမ္ျပဳလုပ္ခဲ့သလို ၂၀၁၁၊ ၾသဂုတ္လမွာ အာဆင္နယ္ကို (၈-၂)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲတုန္းကလည္း ႐ြန္နီက ဟက္ထရစ္၊ အက္ရွ္ေလယန္းက ဂိုးဖန္တီးမႈ(၃)ႀကိမ္ျပဳလုပ္ခဲ့ပါတယ္။