
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
လိဒ်စ်နဲ့လီဗာပူးလ်အသင်းတို့ကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲမှာ လီဗာပူးလ်လူငယ်ကွင်းလယ်လူဟာဗေအယ်လီယက်ဟာ
ပြိုင်ဘက်နောက်ခံလူ စတောက်ခ်ရဲ့ ကြမ်းတမ်းတဲ့ဖျက်ထုတ်ကစားပုံကြောင့် ခြေချင်းဝတ်အရိုးကျိုးတဲ့အထိ ဆိုးဆိုးရွားရွားဒဏ်ရာရရှိခဲ့ပြီး
အဲဒီအတွက် ဒိုင်လူကြီးက စတောက်ခ်ကို တိုက်ရိုက်အနီကတ်နဲ့ထုတ်ပယ်ခဲ့ပါတယ်။
စတောက်ခ်ဟာ ပွဲချိန်(၃၃)မိနစ်မှာ နောက်ခံလူလော်ရန်တေး ဒဏ်ရာရရှိခဲ့လို့ လူစားဝင်ကစားခဲ့တာဖြစ်ပြီး
ဒုတိယပိုင်းမှာတော့ အယ်လီယက်ကို အဝင်ကြမ်းခဲ့တာကြောင့်
ဒိုင်လူကြီးခရိတ်ပေါ်ဆင်က VAR ပြန်ကြည့်ပြီးတော့ တိုက်ရိုက်အနီနဲ့ထုတ်ပယ်ခဲ့တာပါ။
အယ်လီယော့ ဒဏ်ရာရသွားချိန်မှာ လီဗာပူးလ်အသင်းဆေးအဖွဲ့က ကွင်းထဲကို ချက်ချင်းပြေးဝင်ပြီး
အယ်လီယော့ကို ဆေးကုသမှုပေးခဲ့ရသလို သူ့ခြေချင်းဝတ်က ဆိုးဆိုးရွားရွားကျိုးသွားတာကြောင့် ဆာလာအပါအဝင် အသင်းဖော်တွေဟာ
မျက်စိပျက်မျက်နှာပျက်နဲ့ စိတ်မကောင်းဖြစ်ခဲ့ပြီး နည်းပြယာဂန်ကလော့ပ်ကတော့ သူ့ကစားသမား ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားလို့ မကျေမနပ်ဖြစ်ခဲ့ပါတယ်။
သူ့ရဲ့လုပ်ရပ်အတွက် စတောက်ခ်က အယ်လီယက်ကို တောင်းပန်စကားဆိုခဲ့ပြီး
ဆေးအဖွဲ့က အယ်လီယက်ကို ထမ်းစင်နဲ့သယ်ဆောင်သွားချိန်မှာ ပရိသတ်တွေက လက်ခုပ်တီးပြီးတော့ အားပေးခဲ့သလို
အယ်လီယက်ကလည်း ပရိသတ်တွေရဲ့စေတနာကို အသိအမှတ်ပြုတဲ့အနေနဲ့ လက်ခုပ်ပြန်တီးတုံ့ပြန်ခဲ့ပါတယ်။
ဒါ့အပြင် အယ်လီယက်ဟာ သူ့အတွက် စိတ်ပူနေကြတဲ့သူတွေ စိတ်သက်သာရာရအောင်လို့
Instagram မှာ ဓာတ်ပုံနဲ့အတူ Post တင်ခဲ့ပြီး ‘အခုလို အားပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။
ဒဏ်ရာက ပြန်သက်သာလာအောင်ကြိုးစားသွားမှာပါ ..YNWA ‘လို့ ရေးသားခဲ့ပါတယ်သေးတယ်။
အသက်(၁၈)နှစ်အရွယ်သာရှိသေးတဲ့ အယ်လီယက်ဟာ ၂၀၁၉ ခုနှစ်ကတည်းက ဖူလ်ဟမ်အသင်းကနေ လီဗာပူးလ်အသင်းဆီပြောင်းရွှေ့ခဲ့တာဖြစ်ပေမယ့်
ပြီးခဲ့တဲ့ရာသီက ဘလက်ဘန်းအသင်းမှာ အငှားနဲ့သွားရောက်ကစားခဲ့ရပြီး ဒီရာသီမှ လီဗာပူးလ်အသင်းကို ပြန်လည်ရောက်ရှိခဲ့တာပါ။
ဒီရာသီအစ နောဝစ်ချ်နဲ့ပွဲ ဒုတိယပိုင်းမှာ လူစားဝင်ကစားခဲ့ရပြီးတဲ့နောက် အယ်လီယက်ဟာ ဘန်လေ၊ ချယ်လ်ဆီး၊ အခုလိဒ်စ်တို့နဲ့ပွဲတွေမှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့ပြီး ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။
အယ်လီယက်အနေနဲ့ အခုဒဏ်ရာကြောင့် ကာလရှည်အနားယူဖို့ရှိနေတဲ့အတွက် ကွင်းလယ်တိုက်စစ်မှာ
အကောင်းဆုံးပုံစံပြသနေတဲ့ကစားသမားတစ်ဦးကို ဆုံးရှုံးရတော့မှာဖြစ်လို့ နည်းပြယာဂန်ကလော့ပ်အတွက်တော့ ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်ခဲ့ရတယ်လို့ပဲသတ်မှတ်ရမှာပါ။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
လိဒ္စ္ေနာက္ခံလူစေတာက္ခ္ရဲ႕ဖ်က္ထုတ္မႈေၾကာင့္ ေျခခ်င္းဝတ္အ႐ိုးက်ိဳးတဲ့အထိျဖစ္ခဲ့ရတဲ့ လီဗာပူးလ္လူငယ္ကစားသမားအယ္လီယက္
လိဒ္စ္နဲ႔လီဗာပူးလ္အသင္းတို႔ကစားခဲ့တဲ့ပရီးမီးယားလိဂ္ပြဲမွာ လီဗာပူးလ္လူငယ္ကြင္းလယ္လူဟာေဗအယ္လီယက္ဟာ ၿပိဳင္ဘက္ေနာက္ခံလူ စေတာက္ခ္ရဲ႕ ၾကမ္းတမ္းတဲ့ဖ်က္ထုတ္ကစားပုံေၾကာင့္ ေျခခ်င္းဝတ္အ႐ိုးက်ိဳးတဲ့အထိ ဆိုးဆိုး႐ြား႐ြားဒဏ္ရာရရွိခဲ့ၿပီး အဲဒီအတြက္ ဒိုင္လူႀကီးက စေတာက္ခ္ကို တိုက္႐ိုက္အနီကတ္နဲ႔ထုတ္ပယ္ခဲ့ပါတယ္။
စေတာက္ခ္ဟာ ပြဲခ်ိန္(၃၃)မိနစ္မွာ ေနာက္ခံလူေလာ္ရန္ေတး ဒဏ္ရာရရွိခဲ့လို႔ လူစားဝင္ကစားခဲ့တာျဖစ္ၿပီး ဒုတိယပိုင္းမွာေတာ့ အယ္လီယက္ကို အဝင္ၾကမ္းခဲ့တာေၾကာင့္ ဒိုင္လူႀကီးခရိတ္ေပၚဆင္က VAR ျပန္ၾကည့္ၿပီးေတာ့ တိုက္႐ိုက္အနီနဲ႔ထုတ္ပယ္ခဲ့တာပါ။
အယ္လီေယာ့ ဒဏ္ရာရသြားခ်ိန္မွာ လီဗာပူးလ္အသင္းေဆးအဖြဲ႕က ကြင္းထဲကို ခ်က္ခ်င္းေျပးဝင္ၿပီး အယ္လီေယာ့ကို ေဆးကုသမႈေပးခဲ့ရသလို သူ႔ေျခခ်င္းဝတ္က ဆိုးဆိုး႐ြား႐ြားက်ိဳးသြားတာေၾကာင့္ ဆာလာအပါအဝင္ အသင္းေဖာ္ေတြဟာ မ်က္စိပ်က္မ်က္ႏွာပ်က္နဲ႔ စိတ္မေကာင္းျဖစ္ခဲ့ၿပီး နည္းျပယာဂန္ကေလာ့ပ္ကေတာ့ သူ႔ကစားသမား ျပင္းျပင္းထန္ထန္ဒဏ္ရာရသြားလို႔ မေက်မနပ္ျဖစ္ခဲ့ပါတယ္။
သူ႔ရဲ႕လုပ္ရပ္အတြက္ စေတာက္ခ္က အယ္လီယက္ကို ေတာင္းပန္စကားဆိုခဲ့ၿပီး ေဆးအဖြဲ႕က အယ္လီယက္ကို ထမ္းစင္နဲ႔သယ္ေဆာင္သြားခ်ိန္မွာ ပရိသတ္ေတြက လက္ခုပ္တီးၿပီးေတာ့ အားေပးခဲ့သလို အယ္လီယက္ကလည္း ပရိသတ္ေတြရဲ႕ေစတနာကို အသိအမွတ္ျပဳတဲ့အေနနဲ႔ လက္ခုပ္ျပန္တီးတုံ႔ျပန္ခဲ့ပါတယ္။
ဒါ့အျပင္ အယ္လီယက္ဟာ သူ႔အတြက္ စိတ္ပူေနၾကတဲ့သူေတြ စိတ္သက္သာရာရေအာင္လို႔ Instagram မွာ ဓာတ္ပုံနဲ႔အတူ Post တင္ခဲ့ၿပီး ‘အခုလို အားေပးခဲ့တဲ့အတြက္ ေက်းဇူးတင္ပါတယ္။ ဒဏ္ရာက ျပန္သက္သာလာေအာင္ႀကိဳးစားသြားမွာပါ ..YNWA ‘လို႔ ေရးသားခဲ့ပါတယ္ေသးတယ္။
အသက္(၁၈)ႏွစ္အ႐ြယ္သာရွိေသးတဲ့ အယ္လီယက္ဟာ ၂၀၁၉ ခုႏွစ္ကတည္းက ဖူလ္ဟမ္အသင္းကေန လီဗာပူးလ္အသင္းဆီေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ေပမယ့္ ၿပီးခဲ့တဲ့ရာသီက ဘလက္ဘန္းအသင္းမွာ အငွားနဲ႔သြားေရာက္ကစားခဲ့ရၿပီး ဒီရာသီမွ လီဗာပူးလ္အသင္းကို ျပန္လည္ေရာက္ရွိခဲ့တာပါ။
ဒီရာသီအစ ေနာဝစ္ခ်္နဲ႔ပြဲ ဒုတိယပိုင္းမွာ လူစားဝင္ကစားခဲ့ရၿပီးတဲ့ေနာက္ အယ္လီယက္ဟာ ဘန္ေလ၊ ခ်ယ္လ္ဆီး၊ အခုလိဒ္စ္တို႔နဲ႔ပြဲေတြမွာ ပြဲထြက္ကစားသမားအျဖစ္ ပါဝင္ခြင့္ရခဲ့ၿပီး ေျခစြမ္းျပကစားႏိုင္ခဲ့ပါတယ္။
အယ္လီယက္အေနနဲ႔ အခုဒဏ္ရာေၾကာင့္ ကာလရွည္အနားယူဖို႔ရွိေနတဲ့အတြက္ ကြင္းလယ္တိုက္စစ္မွာ အေကာင္းဆုံးပုံစံျပသေနတဲ့ကစားသမားတစ္ဦးကို ဆုံးရႈံးရေတာ့မွာျဖစ္လို႔ နည္းျပယာဂန္ကေလာ့ပ္အတြက္ေတာ့ ႀကီးမားတဲ့ထိုးႏွက္ခ်က္ျဖစ္ခဲ့ရတယ္လို႔ပဲသတ္မွတ္ရမွာပါ။