လိဒ်ကွင်းက မန်ယူရဲ့ သရေပွဲကြောင့် ၁၀မှတ်အထိ ကွာသွားပြီး မန်စီးတီး နောက် ၂ပွဲနိုင်တာနဲ့ ချန်ပီယံဖြစ်ပြီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပရီးမီးယားလိ၈်ရာဇဝင်ထဲက ပြိုင်ဘက်တွေဖြစ်တဲ့ မန်ယူနဲ့ လိဒ်ပွဲဟာ အကြိတ်အနယ်ဖြစ်ခဲ့ပါတယ်။ မန်ယူအသင်းရဲ့ ပွဲထွက်လူစာရင်းမှာ နည်းပြဆိုးလ်ရှားက အပြောင်းအလဲ အနည်းငယ်ပြုလုပ်ထားခဲ့ပါတယ်။


ပေါ့ဂ်ဘာ၊ ကာဗာနီ၊ ဒီဂီယာတို့ကို အရန်လူစာရင်းမှာထားပြီး တိုက်စစ်ပိုင်းမှာ ရက်ရှ်ဖို့ဒ်နဲ့ ဂရင်းဝုဒ်တို့ကို ဒယ်နီရယ်၈ျိမ်းနဲ့တွဲပြီး ပွဲထုတ်ခဲ့ပါတယ်။ အလယ်တန်းအထိုင်မှာတော့ ဖာနန်ဒက်စ်က ဦးဆောင်ပြီး တွန်မီနေးလ်နဲ့ ဖရက်ဒ်အတွဲ ကစားခဲ့တာပါ။ လိဒ်အသင်းဖက်မှာ ဘန်ဖို့ဒ်၊ ရော်ဘတ်၊ ဟာရစ်ဆင်တို့နဲ့ ပွဲထွက်ခဲ့ပါတယ်။

ပထမပိုင်းမှာ မန်ယူဖက်က ဂိုးကန်သွင်းခွင့်တွေ အသာရနေခဲ့ပေမယ့် ထိထိရောက်ရောက် မဖြစ်ခဲ့သလို လိဒ်ကလည်း လူကျွံဘောတွေများပြီး အလုပ်မဖြစ်ခဲ့ပါဘူး။ မန်ယူတိုက်စစ်မှုး ရက်ရှ်ဖို့ဒ်ရဲ့ ဖရိးကစ်ကန်ချက်ကို လိဒ်ဂိုးသမား မက်စ်ဆဲလာ လက်စွမ်းပြ ကာကွယ်သွားခဲ့တဲ့ အကြိမ်ကတော့ မန်ယူအသင်း ဦးဆေင်ဂိုး၇ဖို့ နီးစပ်ခဲ့ပါသေးတယ်။ ဒါ့အပြင် ရက်ရှ်ဖို့ဒ်ဟာ ပထမပိုင်းမှာ ဂိုးရနိုင်မယ့် အခွင့်အရေး ၂ကြိမ်ကိုလည်း အသုံးမချနိုင်ခဲ့ပါဘူး။


ဒုတိယပိုင်းမှာလည်း ပွဲက သိပ်မသွက်ဘဲ ၂သင်းစလုံးက ပထမအကျော့ အိုးလ်ထရက်ဖို့ဒ်က ပြိုင်ဆိုင်မှုပုံစံမျိုးမရခဲ့ကြပါဘူး။ ဒီပွဲမှာ လိဒ်က ပြစ်ဒဏ်ဘော ကျူးလွန်တာ ၁၉ကြိမ်အထိရှိခဲ့ပြီး သူတို့ပုံစံအတိုင်း အိမ်ကွင်းမှာ ခပ်မာမာ ကစားသွားခဲ့ပါတယ်။ ၇၆မိနစ်မှာ ဆိုလ်ရှားဟာ တောင်ပံမှာ သိပ်အလုပ်မဖြစ်တဲ့ ဒယ်နီယယ်ဂျိမ်းကိုထုတ်ပြီး ပေါ့ဂ်ဘာနဲ့ တိုက်စစ်မြှင့်ခဲ့ပါတယ်။ ပွဲပြီးခါနီးမှာတော့ ရက်ရှ်ဖို့ဒ်နဲ့ ဖရက်ဒ်တို့အစား ကာဗာနီနဲ့ ဗန်ဒီဘိခ်တို့ကို ထည့်သွင်းခဲ့ပေမယ့် ဂိုးရအောင် မလုပ်နိုင်တော့ဘဲ ဂိုးမရှိသရေပွဲနဲ့သာ အဆုံးသတ်ခဲ့ရပါတယ်။

ဒီပွဲကို အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်လည်း လာရောက်ကြည့်ရှုခဲ့ပါတယ်။

လိဒ်အသင်းဟာ သူတို့ရဲ့ အိမ်ကွင်းမှာ မန်ယူက ဧည့်ခံကစားဖို့ ၁၈နှစ်ကြာ စောင့်ခဲ့ရတာလည်း ဖြစ်ပြီး ၂၀၀၂ခုနှစ်နောက်ပိုင်း ပရီးမီးယားလိဂ်ပွဲစဉ် ၆ပွဲဆက် ရှုံးပွဲ မရှိကစားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီပွဲ သရေကျသွားတဲ့အတွက် ပရီးမီးယားလိဂ်မှာ ၆ပွဲဆက်တိုက် နိုင်ပွဲရဖို့ ကြိုးစားခဲ့တဲ့ မန်ယူအနေနဲ့ မအောင်မြင်ခဲ့ဘဲ အဝေးကွင်း ရှုံး့ပွဲမရှိသေးတဲ့ မှတ်တမ်းကိုတော့ ဆက်ထိန်းသွားနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ထိပ်ဆုံးက မန်စီးတီး ပွဲတူသွားပြီး ၁၀မှတ် ကွာဟသွားတာကြောင့် လက်ကျန် ၅ပွဲသာ ကျန်တော့တဲ့အချိန်မှာ မန်စီးတီးကို လိုက်မီဖို့ မလွယ်တော့ဘဲ နောက်ထပ် ၂ပွဲ မန်စီးတီးက အနိုင်ရတာနဲ့ ဒီနှစ်ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးသွားနိုင်တော့မှာပဲ ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လိဒ္ကြင္းက မန္ယူရဲ႕ သေရပြဲေၾကာင့္ ၁၀မွတ္အထိ ကြာသြားၿပီး မန္စီးတီး ေနာက္ ၂ပြဲႏိုင္တာနဲ႔ ခ်န္ပီယံျဖစ္ၿပီ

ပရီးမီးယားလိ၈္ရာဇဝင္ထဲက ၿပိဳင္ဘက္ေတြျဖစ္တဲ့ မန္ယူနဲ႔ လိဒ္ပြဲဟာ အႀကိတ္အနယ္ျဖစ္ခဲ့ပါတယ္။ မန္ယူအသင္းရဲ႕ ပြဲထြက္လူစာရင္းမွာ နည္းျပဆိုးလ္ရွားက အေျပာင္းအလဲ အနည္းငယ္ျပဳလုပ္ထားခဲ့ပါတယ္။
ေပါ့ဂ္ဘာ၊ ကာဗာနီ၊ ဒီဂီယာတို႔ကို အရန္လူစာရင္းမွာထားၿပီး တိုက္စစ္ပိုင္းမွာ ရက္ရွ္ဖို႔ဒ္နဲ႔ ဂရင္းဝုဒ္တို႔ကို ဒယ္နီရယ္၈်ိမ္းနဲ႔တြဲၿပီး ပြဲထုတ္ခဲ့ပါတယ္။ အလယ္တန္းအထိုင္မွာေတာ့ ဖာနန္ဒက္စ္က ဦးေဆာင္ၿပီး တြန္မီေနးလ္နဲ႔ ဖရက္ဒ္အတြဲ ကစားခဲ့တာပါ။ လိဒ္အသင္းဖက္မွာ ဘန္ဖို႔ဒ္၊ ေရာ္ဘတ္၊ ဟာရစ္ဆင္တို႔နဲ႔ ပြဲထြက္ခဲ့ပါတယ္။

ပထမပိုင္းမွာ မန္ယူဖက္က ဂိုးကန္သြင္းခြင့္ေတြ အသာရေနခဲ့ေပမယ့္ ထိထိေရာက္ေရာက္ မျဖစ္ခဲ့သလို လိဒ္ကလည္း လူကြၽံေဘာေတြမ်ားၿပီး အလုပ္မျဖစ္ခဲ့ပါဘူး။ မန္ယူတိုက္စစ္မႈး ရက္ရွ္ဖို႔ဒ္ရဲ႕ ဖရိးကစ္ကန္ခ်က္ကို လိဒ္ဂိုးသမား မက္စ္ဆဲလာ လက္စြမ္းျပ ကာကြယ္သြားခဲ့တဲ့ အႀကိမ္ကေတာ့ မန္ယူအသင္း ဦးေဆင္ဂိုး၇ဖို႔ နီးစပ္ခဲ့ပါေသးတယ္။ ဒါ့အျပင္ ရက္ရွ္ဖို႔ဒ္ဟာ ပထမပိုင္းမွာ ဂိုးရႏိုင္မယ့္ အခြင့္အေရး ၂ႀကိမ္ကိုလည္း အသုံးမခ်ႏိုင္ခဲ့ပါဘူး။
ဒုတိယပိုင္းမွာလည္း ပြဲက သိပ္မသြက္ဘဲ ၂သင္းစလုံးက ပထမအေက်ာ့ အိုးလ္ထရက္ဖို႔ဒ္က ၿပိဳင္ဆိုင္မႈပုံစံမ်ိဳးမရခဲ့ၾကပါဘူး။ ဒီပြဲမွာ လိဒ္က ျပစ္ဒဏ္ေဘာ က်ဴးလြန္တာ ၁၉ႀကိမ္အထိရွိခဲ့ၿပီး သူတို႔ပုံစံအတိုင္း အိမ္ကြင္းမွာ ခပ္မာမာ ကစားသြားခဲ့ပါတယ္။ ၇၆မိနစ္မွာ ဆိုလ္ရွားဟာ ေတာင္ပံမွာ သိပ္အလုပ္မျဖစ္တဲ့ ဒယ္နီယယ္ဂ်ိမ္းကိုထုတ္ၿပီး ေပါ့ဂ္ဘာနဲ႔ တိုက္စစ္ျမႇင့္ခဲ့ပါတယ္။ ပြဲၿပီးခါနီးမွာေတာ့ ရက္ရွ္ဖို႔ဒ္နဲ႔ ဖရက္ဒ္တို႔အစား ကာဗာနီနဲ႔ ဗန္ဒီဘိခ္တို႔ကို ထည့္သြင္းခဲ့ေပမယ့္ ဂိုးရေအာင္ မလုပ္ႏိုင္ေတာ့ဘဲ ဂိုးမရွိသေရပြဲနဲ႔သာ အဆုံးသတ္ခဲ့ရပါတယ္။ ဒီပြဲကို အဂၤလန္လက္ေရြးစင္အသင္းနည္းျပ ေဆာက္ဂိတ္လည္း လာေရာက္ၾကည္႔ရႈခဲ႔ပါတယ္။

လိဒ္အသင္းဟာ သူတို႔ရဲ႕ အိမ္ကြင္းမွာ မန္ယူက ဧည့္ခံကစားဖို႔ ၁၈ႏွစ္ၾကာ ေစာင့္ခဲ့ရတာလည္း ျဖစ္ၿပီး ၂၀၀၂ခုႏွစ္ေနာက္ပိုင္း ပရီးမီးယားလိဂ္ပြဲစဥ္ ၆ပြဲဆက္ ရႈံးပြဲ မရွိကစားႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။ ဒီပြဲ သေရက်သြားတဲ့အတြက္ ပရီးမီးယားလိဂ္မွာ ၆ပြဲဆက္တိုက္ ႏိုင္ပြဲရဖို႔ ႀကိဳးစားခဲ့တဲ့ မန္ယူအေနနဲ႔ မေအာင္ျမင္ခဲ့ဘဲ အေဝးကြင္း ရႈံး့ပြဲမရွိေသးတဲ့ မွတ္တမ္းကိုေတာ့ ဆက္ထိန္းသြားႏိုင္ခဲ့ပါတယ္။

ဒါ့အျပင္ ထိပ္ဆုံးက မန္စီးတီး ပြဲတူသြားၿပီး ၁၀မွတ္ ကြာဟသြားတာေၾကာင့္ လက္က်န္ ၅ပြဲသာ က်န္ေတာ့တဲ့အခ်ိန္မွာ မန္စီးတီးကို လိုက္မီဖို႔ မလြယ္ေတာ့ဘဲ ေနာက္ထပ္ ၂ပြဲ မန္စီးတီးက အႏိုင္ရတာနဲ႔ ဒီႏွစ္ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကို ဆြတ္ခူးသြားႏိုင္ေတာ့မွာပဲ ျဖစ္ပါတယ္။