လိဒ်ကိုမနိုင်ပေမယ့် နည်းပြသစ် တူချယ်လက်ထက် ချဲလ်ဆီး ၁၂ပွဲဆက် ရှုံးပွဲမရှိသေး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လိဒ်နဲ့ ဂိုးမရှိသရေ ကျသွားခဲ့တဲ့အတွက် ချဲလ်ဆီးအနေနဲ့ အဆင့်၃ နေရာကို တက်ရောက်ခွင့် ဆုံးရှုံးလိုက်ရပေမယ့်လည်း နည်းပြသောမတ်တူချယ်အတွက်ကတော့ အသင်းနဲ့အတူ ၁၂ပွဲ ဆက်တိုက် ရှုံးပွဲမရှိတဲ့ မှတ်တမ်းကောင်းကို ရရှိထားဆဲပါပဲ။ သူရဲ့လက်ထက်မှာ ချဲလ်ဆီးအသင်းဟာ ရလဒ်ပိုင်းတိုးတက်ကောင်းမွန်လာတာ ငြင်းမရသလို အသင်းရဲ့ ကစားသမားတွေနဲ့လည်း အချိန်တိုအတွင်း နားလည်မှုရသွားတဲ့ပုံရှိပါတယ်။

လမ်းပတ်ဟာ ချဲလ်ဆီးရဲ့ ဂန္တဝင်ကစားသမားတစ်ဦးဖြစ်သလို ချဲလ်ဆီးအကယ်ဒမီနဲ့ လူငယ်အသင်းက ကစားသမားတွေရဲ့ စံပြလူတစ်ယောက်ဖြစ်ခဲ့ပြီး သူ့လက်ထက်မှာ ချဲလ်ဆီးရဲ့ လူငယ်ကစားသမားတွေဖြစ်တဲ့ မေဆန်မောင့်၊ ဂျိမ်း စတဲ့သူတွေကို အသင်းကြီးမှာ နေရာပေးခဲ့တာလည်း အားလုံးအသိပါပဲ။

ဒါပေမယ့် အင်္ဂလိပ်လူမျိုးတစ်ယောက်ဖြစ်ပြီး စည်းကမ်းကြီးတဲ့ လမ်းပတ်ဟာ ၂၀၁၉-၂၀ ဘောလုံးရာသီကတည်းကစပြီး အသင်းသားတွေရဲ့ စည်းကမ်းပိုင်းနဲ့ ပတ်သတ်ပြီး တင်းကျပ်တဲ့ စည်းကမ်းတွေနဲ့အတူ ဒဏ်ငွေအများအပြား ချမှတ်တာတွေ ရှိခဲ့ပါတယ်။

အကြီးမားဆုံး ဒဏ်ငွေကတော့ အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်ကို နောက်ကျပြီးမှရောက်လာရင် ဒဏ်ငွေ ပေါင် ၂၀၀၀၀ အထိ သတ်မှတ်ထားတာပါပဲ။ အသင်းလိုက်အစည်းအဝေး နောက်ကျတာ၊ gym လာရမယ့်အချိန် နောက်ကျတာတွေအပြင် အသင်းထမင်းစားခန်းထဲမှာ ဖုန်းကို silent မထားဘဲ ထမြည်ခဲ့ရင် ဒဏ်ငွေဆောင်ရမှာတွေအထိ ပါဝင်ခဲ့တာပါ။

အသင်းလိုက်စည်းကမ်းရှိဖို့ လမ်းပတ်လုပ်ခဲ့တယ်ဆိုပေမယ့် တင်းကျပ်လွန်းတဲ့ပုံစံဖြစ်နေတာကြောင့် ကစားသမားအချို့ဟာ သူ့လက်အောက်မှာ ကစားရတာ မပျော်မရွှင်ဖြစ်လာခဲ့ကြပါတယ်။ နည်းပြသစ်တူချယ် လက်ထက်မှာတော့ ဒီလို စည်းကမ်းတွေမရှိတော့ဘဲ အသင်းရဲ့ အဝေးကွင်း သွားကစားရမယ့်ပွဲစဉ်မျိုးမတိုင်ခင် တစ်သင်းလုံးဟိုတယ်မှာ တစ်ညကြီုပြီး စုအိပ်ရတဲ့ပုံစံကိုပါ ဖျက်သိမ်းပေးခဲ့ပါတယ်။

ဒီလိုလုပ်ပေးလိုက်တဲ့အတွက် ကစားသမားတွေဟာ မိသားစုနဲ့တစ်ည အချိန်ပိုရသွားစေခဲ့တာပါ။ လေ့ကျင့်ရေးအစီအစဉ်တွေကို နောက်ကျမှရောက်တာမျိုးတွေနဲ့ ပတ်သတ်ပြီးလည်း တူချယ်က “ကျွန်တော့်အနေနဲ့ ကစားသမားတစ်ယောက်က လေ့ကျင့်ရေးကွင်း ဒါမှမဟုတ် အသင်းလိုက် အစည်းအဝေးကို ၉း၅၉မိနစ်မှာ ရောက်လား ၁၀း၀၁မိနစ်မှာ ရောက်လား အတိအကျလိုက်ပြီး သိနေရအောင် ကျွန်တော် ရဲတစ်ယောက်မဟုတ်ပါဘူး။

အသင်းရဲ့ စီနီယာကစားသမားတွေကိုပဲ ဒီလိုကိစ္စမျိုးတွေမှာ လူငယ်ကစားသမားတွေကို ထိန်းပေးဖို့ ပြောထားပါတယ်။ သူတို့အချင်းချင်း ဒဏ်ငွေစည်းကမ်းသတ်မှတ်ပြီး လုပ်ခဲ့ရင်လည်း အဲ့ပိုက်ဆံတွေစုပြီး ညစာသွားစားတာ အပန်းဖြေခရီးစုထွက်တာမျိုး လုပ်သွားလို့ရပါတယ်။ “လို့ပြောကြားသွားခဲ့ပါတယ်။

ဒါ့အပြင်တူချယ်ဟာ ချဲလ်ဆီးပထမအသင်းမှာ ဝန်ထမ်း ၆၀-၇၀ လောက်ရှိတဲ့အထဲ သန့်ရှင်းရေးဝန်ထမ်းတွေရဲ့ နာမည်အထိ မှတ်မိနေပြီး လူတိုင်းဟာ အသင်းရဲ့ အစိတ်အပိုင်းတစ်ခုလို ထင်မြင်လာအောင် ပြုလုပ်ထားနိုင်တဲ့သူလည်း ဖြစ်တယ်လို့သိရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

လိဒ္ကိုမႏိုင္ေပမယ့္ နည္းျပသစ္ တူခ်ယ္လက္ထက္ ခ်ဲလ္ဆီး ၁၂ပြဲဆက္ ရႈံးပြဲမရွိေသး
================================================
လိဒ္နဲ႔ ဂိုးမရွိသေရ က်သြားခဲ့တဲ့အတြက္ ခ်ဲလ္ဆီးအေနနဲ႔ အဆင့္၃ ေနရာကို တက္ေရာက္ခြင့္ ဆုံးရႈံးလိုက္ရေပမယ့္လည္း နည္းျပေသာမတ္တူခ်ယ္အတြက္ကေတာ့ အသင္းနဲ႔အတူ ၁၂ပြဲ ဆက္တိုက္ ရႈံးပြဲမရွိတဲ့ မွတ္တမ္းေကာင္းကို ရရွိထားဆဲပါပဲ။ သူရဲ႕လက္ထက္မွာ ခ်ဲလ္ဆီးအသင္းဟာ ရလဒ္ပိုင္းတိုးတက္ေကာင္းမြန္လာတာ ျငင္းမရသလို အသင္းရဲ႕ ကစားသမားေတြနဲ႔လည္းအခ်ိန္တိုအတြင္း နားလည္မႈရသြားတဲ့ပုံရွိပါတယ္။

လမ္းပတ္ဟာ ခ်ဲလ္ဆီးရဲ႕ ဂႏၲဝင္ကစားသမားတစ္ဦးျဖစ္သလို ခ်ဲလ္ဆီးအကယ္ဒမီနဲ႔ လူငယ္အသင္းက ကစားသမားေတြရဲ႕ စံျပလူတစ္ေယာက္ျဖစ္ခဲ့ၿပီး သူ႔လက္ထက္မွာ ခ်ဲလ္ဆီးရဲ႕ လူငယ္ကစားသမားေတြျဖစ္တဲ့ ေမဆန္ေမာင့္၊ ဂ်ိမ္း စတဲ့သူေတြကို အသင္းႀကီးမွာ ေနရာေပးခဲ့တာလည္း အားလုံးအသိပါပဲ။ ဒါေပမယ့္ အဂၤလိပ္လူမ်ိဳးတစ္ေယာက္ျဖစ္ၿပီး စည္းကမ္းႀကီးတဲ့ လမ္းပတ္ဟာ ၂၀၁၉-၂၀ ေဘာလုံးရာသီကတည္းကစၿပီး အသင္းသားေတြရဲ႕ စည္းကမ္းပိုင္းနဲ႔ ပတ္သတ္ၿပီး တင္းက်ပ္တဲ့
စည္းကမ္းေတြနဲ႔အတူ ဒဏ္ေငြအမ်ားအျပား ခ်မွတ္တာေတြ ရွိခဲ့ပါတယ္။

အႀကီးမားဆုံး ဒဏ္ေငြကေတာ့ အသင္းရဲ႕ ေလ့က်င့္ေရးအစီအစဥ္ကို ေနာက္က်ၿပီးမွေရာက္လာရင္ ဒဏ္ေငြ ေပါင္ ၂၀၀၀၀ အထိ သတ္မွတ္ထားတာပါပဲ။ အသင္းလိုက္အစည္းအေဝး ေနာက္က်တာ၊ gym လာရမယ့္အခ်ိန္ ေနာက္က်တာေတြအျပင္ အသင္းထမင္းစားခန္းထဲမွာ ဖုန္းကို silent မထားဘဲ ထျမည္ခဲ့ရင္ ဒဏ္ေငြေဆာင္ရမွာေတြအထိ ပါဝင္ခဲ့တာပါ။

အသင္းလိုက္စည္းကမ္းရွိဖို႔ လမ္းပတ္လုပ္ခဲ့တယ္ဆိုေပမယ့္ တင္းက်ပ္လြန္းတဲ့ပုံစံျဖစ္ေနတာေၾကာင့္ ကစားသမားအခ်ိဳ႕ဟာ သူ႔လက္ေအာက္မွာ ကစားရတာ မေပ်ာ္မ႐ႊင္ျဖစ္လာခဲ့ၾကပါတယ္။ နည္းျပသစ္တူခ်ယ္ လက္ထက္မွာေတာ့ ဒီလို စည္းကမ္းေတြမရွိေတာ့ဘဲ အသင္းရဲ႕ အေဝးကြင္း သြားကစားရမယ့္ပြဲစဥ္မ်ိဳးမတိုင္ခင္ တစ္သင္းလုံးဟိုတယ္မွာ တစ္ညႀကီဳၿပီး စုအိပ္ရတဲ့ပုံစံကိုပါ ဖ်က္သိမ္းေပးခဲ့ပါတယ္။

ဒီလိုလုပ္ေပးလိုက္တဲ့အတြက္ ကစားသမားေတြဟာ မိသားစုနဲ႔တစ္ည အခ်ိန္ပိုရသြားေစခဲ့တာပါ။ ေလ့က်င့္ေရးအစီအစဥ္ေတြကို ေနာက္က်မွေရာက္တာမ်ိဳးေတြနဲ႔ ပတ္သတ္ၿပီးလည္း တူခ်ယ္က “ကြၽန္ေတာ့္အေနနဲ႔ ကစားသမားတစ္ေယာက္က ေလ့က်င့္ေရးကြင္း ဒါမွမဟုတ္ အသင္းလိုက္ အစည္းအေဝးကို ၉း၅၉မိနစ္မွာ ေရာက္လား ၁၀း၀၁မိနစ္မွာ ေရာက္လား အတိအက်လိုက္ၿပီး သိေနရေအာင္ ကြၽန္ေတာ္ ရဲတစ္ေယာက္မဟုတ္ပါဘူး။

အသင္းရဲ႕ စီနီယာကစားသမားေတြကိုပဲ ဒီလိုကိစၥမ်ိဳးေတြမွာ လူငယ္ကစားသမားေတြကို ထိန္းေပးဖို႔ ေျပာထားပါတယ္။ သူတို႔အခ်င္းခ်င္း ဒဏ္ေငြစည္းကမ္းသတ္မွတ္ၿပီး လုပ္ခဲ့ရင္လည္း အဲ့ပိုက္ဆံေတြစုၿပီး ညစာသြားစားတာ အပန္းေျဖခရီးစုထြက္တာမ်ိဳး လုပ္သြားလို႔ရပါတယ္။ “လို႔ေျပာၾကားသြားခဲ့ပါတယ္။ ဒါ့အျပင္တူခ်ယ္ဟာ ခ်ဲလ္ဆီးပထမအသင္းမွာ ဝန္ထမ္း ၆၀-၇၀ ေလာက္ရွိတဲ့အထဲ သန႔္ရွင္းေရးဝန္ထမ္းေတြရဲ႕ နာမည္အထိ မွတ္မိေနၿပီး လူတိုင္းဟာ အသင္းရဲ႕ အစိတ္အပိုင္းတစ္ခုလို ထင္ျမင္လာေအာင္ ျပဳလုပ္ထားႏိုင္တဲ့သူလည္း ျဖစ္တယ္လုိ႔သိရပါတယ္။