လိဂ်-၁ ကလပ် ထရန်မဲကွင်းမှာ ဒေါသတွေ ဖောက်ခွဲလိုက်တဲ့ ယူနိုက်တက် (ထရန်မဲ ဝ-၆ ယူနိုက်တက်)

Photo Credit

Photo Credit

ဒီရာသီမှာ တိုက်စစ်ပိုင်းအားနည်းမှုနဲ့အတူ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရတဲ့ ယူနိုက်တက်ဟာ လိဂ်-၁ကလပ် ထရန်မဲအသင်းနဲ့ကစားခဲ့တဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့်မှာတော့ ဂိုးဒါဇင်ဝက်သွင်းကာ ပေါက်ကွဲပြခဲ့ပါတယ်။

Photo Credit

ယူနိုက်တက်ဟာ ပထမပိုင်းအပြီးမှာပဲ ဝ-၅ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပြီး နောက်ထပ်ထူးခြားတာကတော့ ပွဲချိန် ၁၆ မိနစ်အတွင်း ၃ဂိုးပြတ်ဦးဆောင်နိုင်ခဲ့ရာမှာ နောက်ခံလူ ၂ဦးက ၂ဂိုးသွင်းယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့သွင်းဂိုးတွေအနက် နောက်ခံလူတွေသွင်းယူခဲ့တာက ၅၀%အထိ ပါဝင်နေပြီး နောက်ခံလူ ဖီးလ်ဂျုံးစ်လည်း ဂိုးသွင်းသူစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။

Photo Credit

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ သူ့နည်းပြရာထူးအတွက် အရေးကြီးနေပြီဖြစ်လို့ တောင့်တင်းတဲ့လူစာရင်းကို ထုတ်သုံးသွားပြီး ပွဲအစ ၁၀မိနစ်မှာပဲ အသင်းခေါင်းဆောင် မက်ဂွါရီက ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

Video Credit

ပြီးခဲ့တဲ့နွေရာသီက ရောက်လာပြီးနောက် အသင်းခေါင်းဆောင်ဖြစ်လာတဲ့အထိ ဆိုးလ်ရှားရဲ့ယုံကြည်မှုရရှိထားတဲ့ မက်ဂွါရီက နောက်ခံလူတစ်ဦးဖြစ်ပေမယ့် Open Play ကနေ သွင်းယူခဲ့တာဖြစ်ပြီး အဝေးကနေ လှလှပကန်သွင်းသွားတာဖြစ်ပါတယ်။

Video Credit

ဒ့ါအပြင် နောက် ၃မိနစ်အကြာမှာ ဒါလော့က ဂိုးဧရိယာညာဘက်အခြမ်းမှာ နောက်ခံလူတစ်ဦးကို ကျော်ဖြတ်ကာ ညာခြေနဲ့ အဝေးတိုင်ထောင့်ကို အပြင်းကန်သွင်းယူနိုင်ခဲ့လို့ ယူနိုက်တက်အသင်း ဒုတိယမြောက်ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။

Video Credit

ပွဲချိန် ၁၆ မိနစ်မှာ မက်ဂွါရီက ဂိုးဖန်တီးသူဖြစ်သွားပြီး လင်ဂတ်က မက်ဂွါရီ ကန်ခဲ့တဲ့နေရာရဲ့အရှေ့နားလေးကနေ ဂိုးသမားရဲ့ဘယ်ဘက်ထောင့်ထဲ ကန်သွင်းယူနိုင်ခဲ့လို့ ယူနိုက်တက်အသင်း တတိယမြောက်ဂိုးရရှိခဲ့ပါတယ်။ ပွဲချိန် ၄၁ မိနစ်မှာ ထောင့်ကန်ဘောကနေ ဖီးလ်ဂျုံးစ်က ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ စတုတ္ထမြောက်ဂိုးရရှိခဲ့ပါတယ်။

Video Credit

ပထမပိုင်းပြီးခါနီးမှာ မာရှယ်က လင်ဂတ်သွင်းခဲ့တဲ့ ဘယ်ဘက်ထောင့်ထဲဘဲ ဘယ်ခြမ်းကနေ ကန်သွင်းယူကာ ယူနိုက်တက်အတွက် ပဉ္စမမြောက်ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ပွဲချိန် ၅၈ မိနစ်မှာ ရရှိလာတဲ့ပင်နယ်တီကို ဂရင်းဝုဒ်က ညာခြေနဲ့ကန်သွင်းယူကာ ယူနိုက်တက်အတွက် အဆုံးသတ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

Video Credit

ယူနိုက်တက်အတွက် ၆ဂိုးကို ကစားသမား ၆ဦးက သွင်းယူခဲ့တာဖြစ်ပြီး ၂၀၁၁ သြဂုတ်လက အာဆင်နယ်ကို ၈-၂ ဂိုးနဲ့အနိုင်ရခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်ပွဲတည်းမှာ ၆ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

Video Credit

Zawgyi

လိဂ္-၁ ကလပ္ ထရန္မဲကြင္းမွာ ေဒါသေတြ ေဖာက္ခြဲလုိက္တဲ့ ယူႏုိက္တက္ (ထရန္မဲ ၀-၆ ယူႏုိက္တက္)

ဒီရာသီမွာ တုိက္စစ္ပိုင္းအားနည္းမႈနဲ႔အတူ ရလဒ္ဆုိးေတြနဲ႔ ရင္ဆုိင္ေနရတဲ့ ယူႏုိက္တက္ဟာ လိဂ္-၁ကလပ္ ထရန္မဲအသင္းနဲ႔ကစားခဲ့တဲ့ အက္ဖ္ေအဖလား စတုတၳအဆင့္မွာေတာ့ ဂိုးဒါဇင္၀က္သြင္းကာ ေပါက္ကြဲျပခဲ့ပါတယ္။
ယူႏုိက္တက္ဟာ ပထမပိုင္းအၿပီးမွာပဲ ၀-၅ဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ၿပီး ေနာက္ထပ္ထူးျခားတာကေတာ့ ပြဲခ်ိန္ ၁၆ မိနစ္အတြင္း ၃ဂိုးျပတ္ဦးေဆာင္ႏိုင္ခဲ့ရာမွာ ေနာက္ခံလူ ၂ဦးက ၂ဂုိးသြင္းယူႏုိင္ခဲ့တာပဲျဖစ္ပါတယ္။ ယူႏုိက္တက္ရဲ႕သြင္းဂိုးေတြအနက္ ေနာက္ခံလူေတြသြင္းယူခဲ့တာက ၅၀%အထိ ပါ၀င္ေနၿပီး ေနာက္ခံလူ ဖီးလ္ဂ်ံဳးစ္လည္း ဂိုးသြင္းသူစာရင္းမွာ ပါ၀င္လာခဲ့ပါတယ္။
ယူႏုိက္တက္နည္းျပ ဆုိးလ္ရွားဟာ သူ႕နည္းျပရာထူးအတြက္ အေရးႀကီးေနၿပီျဖစ္လုိ႔ ေတာင့္တင္းတဲ့လူစာရင္းကို ထုတ္သုံးသြားၿပီး ပြဲအစ ၁၀မိနစ္မွာပဲ အသင္းေခါင္းေဆာင္ မက္ဂြါရီက ဦးေဆာင္ဂိုးသြင္းယူႏုိင္ခဲ့ပါတယ္။
ၿပီးခဲ့တဲ့ေႏြရာသီက ေရာက္လာၿပီးေနာက္ အသင္းေခါင္းေဆာင္ျဖစ္လာတဲ့အထိ ဆုိးလ္ရွားရဲ႕ယုံၾကည္မႈရရွိထားတဲ့ မက္ဂြါရီက ေနာက္ခံလူတစ္ဦးျဖစ္ေပမယ့္ Open Play ကေန သြင္းယူခ့ဲတာျဖစ္ၿပီး အေ၀းကေန လွလွပကန္သြင္းသြားတာျဖစ္ပါတယ္။
ဒ့ါအျပင္ ေနာက္ ၃မိနစ္အၾကာမွာ ဒါေလာ့က ဂိုးဧရိယာညာဘက္အျခမ္းမွာ ေနာက္ခံလူတစ္ဦးကို ေက်ာ္ျဖတ္ကာ ညာေျခနဲ႔ အေ၀းတုိင္ေထာင့္ကို အျပင္းကန္သြင္းယူႏိုင္ခဲ့လုိ႔ ယူႏုိက္တက္အသင္း ဒုတိယေျမာက္ဦးေဆာင္ဂိုးရရွိခဲ့ပါတယ္။
ပြဲခ်ိန္ ၁၆ မိနစ္မွာ မက္ဂြါရီက ဂိုးဖန္တီးသူျဖစ္သြားၿပီး လင္ဂတ္က မက္ဂြါရီ ကန္ခဲ့တဲ့ေနရာရဲ႕အေရွ႕နားေလးကေန ဂိုးသမားရဲ႕ဘယ္ဘက္ေထာင့္ထဲ ကန္သြင္းယူႏိုင္ခဲ့လုိ႔ ယူႏုိက္တက္အသင္း တတိယေျမာက္ဂိုးရရွိခဲ့ပါတယ္။ ပြဲခ်ိန္ ၄၁ မိနစ္မွာ ေထာင့္ကန္ေဘာကေန ဖီးလ္ဂ်ံဳးစ္က ေခါင္းတိုက္သြင္းယူႏုိင္ခ့ဲလုိ႔ စတုတၳေျမာက္ဂိုးရရွိခဲ့ပါတယ္။
ပထမပိုင္းၿပီးခါနီးမွာ မာရွယ္က လင္ဂတ္သြင္းခဲ့တဲ့ ဘယ္ဘက္ေထာင့္ထဲဘဲ ဘယ္ျခမ္းကေန ကန္သြင္းယူကာ ယူႏုိက္တက္အတြက္ ပဥၥမေျမာက္ဦးေဆာင္ဂိုးသြင္းယူႏုိင္ခဲ့ပါတယ္။ ပြဲခ်ိန္ ၅၈ မိနစ္မွာ ရရွိလာတဲ့ပင္နယ္တီကို ဂရင္း၀ုဒ္က ညာေျခနဲ႔ကန္သြင္းယူကာ ယူႏုိက္တက္အတြက္ အဆုံးသတ္ဂိုးသြင္းယူႏုိင္ခဲ့ပါတယ္။
ယူႏုိက္တက္အတြက္ ၆ဂုိးကို ကစားသမား ၆ဦးက သြင္းယူခဲ့တာျဖစ္ၿပီး ၂၀၁၁ ၾသဂုတ္လက အာဆင္နယ္ကို ၈-၂ ဂိုးနဲ႔အႏိုင္ရခဲ့ၿပီးေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ တစ္ပြဲတည္းမွာ ၆ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။