လိဂ်ဖလားကွာတားပွဲအတွက် ယူ-၂၃ နည်းပြကို တာဝန်ပေးမယ့် လီဗာပူး

photo-gettyimages

photo-gettyimages

လာမယ့်လ အက်စ်တွန်ဗီလာနဲ့ကစားရမယ့် အင်္ဂလန်လိဂ်ဖလားကွာတားဖိုင်နယ်ပွဲစဉ်အတွက် လီဗာပူးဟာ လူငယ်အသင်းနဲ့ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ယူ-၂၃ နည်းပြနေးလ်ခရစ်ချ်လေးက ကိုင်တွယ်သွားမယ်လို့ သိရပါတယ်။ အဲဒီအချိန်မှာ နည်းပြဂျာဂင်ကလော့ပ်ကတော့ စီနီယာကစားသမားတွေနဲ့အတူ ကာတာနိုင်ငံက ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မှာပါ။ တကယ်တော့ လီဗာပူးဟာ ၂၄ နာရီအတွင်းမှာပဲ မတူညီတဲ့တိုက်ကြီး နှစ်တိုက်မှာ မတူညီတဲ့ပွဲစဉ် နှစ်ခုကို ကစားရမယ့်အရေးနဲ့ ရင်ဆိုင်နေရတာပါ။

photo-gettyimages

အင်္ဂလန်လိဂ်ဖလားကွာတားဖိုင်နယ်ပွဲကို လာမယ့်ဒီဇင်ဘာ ၁၈ ရက်နေ့ ဗီလာအိမ်ကွင်း ကစားရမှာဖြစ်ပြီး နောက်နေ့မှာတော့ ကာတာနိုင်ငံမှာ ကလပ်ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်ကို ဆင်နွှဲရမှာပါ။ ဗီလာနဲ့ပွဲမှာ ၁၈ နှစ်သာရှိသေးတဲ့ အကယ်ဒမီထွက်ကွင်းလယ်လူကာတစ်ဂျုံးစ်က အသင်းကိုဦးဆောင်ဖွယ်ရှိပြီး သူ့လိုပဲ ဆယ်ကျော်သက်ကစားသမားတွေဖြစ်ကြတဲ့ ဘရူးစတား၊ အိလိယော့နဲ့ဗန်ဒန်ဘတ်တို့ဟာ ဝင်ရောက်ကစားခွင့်ရကြမှာပါ။ အဲဒီလူငယ်လေးတွေဟာ ရှေ့ပိုင်းအဆင့်တွေက အာဆင်နယ်နဲ့အမ်ကေဒွန်းတို့ကို နိုင်ခဲ့တဲ့ပွဲတွေမှာလည်း ပါဝင်ခဲ့ကြပါတယ်။

photo-gettyimages

စီနီယာကစားသမားတွေအားလုံးက ကလပ်ကမ္ဘာ့ဖလားမှာ ဝင်နွှဲမှာဆိုတော့ ကာရာဘောင်းဖလားလို့လည်း လူသိများတဲ့ အင်္ဂလန်လိဂ်ဖလားက ကွာတားပွဲဟာ လူငယ်အဆင့် ပွဲတစ်ပွဲလို ဖြစ်နေပါတယ်။ ကလပ်ကမ္ဘာ့ဖလားနဲ့တိုက်နေလို့ ပြိုင်ပွဲစီစဉ်သူတွေဘက်က အဆင်ပြေအောင် မလုပ်ပေးရင် အင်္ဂလန်လိဂ်ဖလားကနေ ထွက်မယ်လို့ မူလတုန်းကတော့ ကလော့ပ်က ခြိမ်းခြောက်ခဲ့ပါသေးတယ်။ ဒါပေမဲ့ လီဗာပူးအတွက် ပွဲစဉ်တွေများလွန်းနေတာကြောင့် ရက်ရွှေ့ပေးဖို့က အဆင်မပြေခဲ့ပါဘူး။ လီဗာပူးဟာ ဇန်နဝါရီတစ်လတည်းမှာတင် ပြိုင်ပွဲအရပ်ရပ် ၉ ပွဲကစားရဖို့ ရှိနေတာပါ။

[Zawgyi]

လိဂ္ဖလားကြာတားပြဲအတြက္ ယူ-၂၃ နည္းျပကို တာ၀န္ေပးမယ့္ လီဗာပူး

လာမယ့္လ အက္စ္တြန္ဗီလာနဲ႔ကစားရမယ့္ အဂၤလန္လိဂ္ဖလားကြာတားဖိုင္နယ္ပြဲစဥ္အတြက္ လီဗာပူးဟာ လူငယ္အသင္းနဲ႔ယွဥ္ၿပိဳင္သြားမွာျဖစ္ၿပီး ယူ-၂၃ နည္းျပေနးလ္ခရစ္ခ်္ေလးက ကိုင္တြယ္သြားမယ္လုိ႔ သိရပါတယ္။ အဲဒီအခ်ိန္မွာ နည္းျပဂ်ာဂင္ကေလာ့ပ္ကေတာ့ စီနီယာကစားသမားေတြနဲ႔အတူ ကာတာႏိုင္ငံက ကလပ္ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ၀င္ေရာက္ယွဥ္ၿပိဳင္မွာပါ။ တကယ္ေတာ့ လီဗာပူးဟာ ၂၄ နာရီအတြင္းမွာပဲ မတူညီတဲ့တုိက္ႀကီး ႏွစ္တိုက္မွာ မတူညီတဲ့ပြဲစဥ္ ႏွစ္ခုကို ကစားရမယ့္အေရးနဲ႔ ရင္ဆုိင္ေနရတာပါ။

အဂၤလန္လိဂ္ဖလားကြာတားဖိုင္နယ္ပြဲကို လာမယ့္ဒီဇင္ဘာ ၁၈ ရက္ေန႔ ဗီလာအိမ္ကြင္း ကစားရမွာျဖစ္ၿပီး ေနာက္ေန႔မွာေတာ့ ကာတာႏိုင္ငံမွာ ကလပ္ကမာၻ႔ဖလားဆီမီးဖိုင္နယ္ပြဲစဥ္ကုိ ဆင္ႏႊဲရမွာပါ။ ဗီလာနဲ႔ပြဲမွာ ၁၈ ႏွစ္သာရွိေသးတဲ့ အကယ္ဒမီထြက္ကြငး္လယ္လူကာတစ္ဂ်ဳံးစ္က အသင္းကိုဦးေဆာင္ဖြယ္ရွိၿပီး သူ႔လုိပဲ ဆယ္ေက်ာ္သက္ကစားသမားေတြျဖစ္ၾကတဲ့ ဘရူးစတား၊ အိလိေယာ့နဲ႔ဗန္ဒန္ဘတ္တို႔ဟာ ၀င္ေရာက္ကစားခြင့္ရၾကမွာပါ။ အဲဒီလူငယ္ေလးေတြဟာ ေရွ႕ပိုင္းအဆင့္ေတြက အာဆင္နယ္နဲ႔အမ္ေကဒြန္းတို႔ကို ႏိုင္ခဲ့တဲ့ပြဲေတြမွာလည္း ပါ၀င္ခဲ့ၾကပါတယ္။

စီနီယာကစားသမားေတြအားလုံးက ကလပ္ကမာၻ႔ဖလားမွာ ၀င္ႏႊဲမွာဆိုေတာ့ ကာရာေဘာင္းဖလားလို႔လည္း လူသိမ်ားတဲ့ အဂၤလန္လိဂ္ဖလားက ကြာတားပြဲဟာ လူငယ္အဆင့္ ပြဲတစ္ပြဲလို ျဖစ္ေနပါတယ္။ ကလပ္ကမာၻ႔ဖလားနဲ႔တုိက္ေနလို႔ ၿပိဳင္ပြဲစီစဥ္သူေတြဘက္က အဆင္ေျပေအာင္ မလုပ္ေပးရင္ အဂၤလန္လိဂ္ဖလားကေန ထြက္မယ္လုိ႔ မူလတုန္းကေတာ့ ကေလာ့ပ္က ၿခိမ္းေျခာက္ခဲ့ပါေသးတယ္။ ဒါေပမဲ့ လီဗာပူးအတြက္ ပြဲစဥ္ေတြမ်ားလြန္းေနတာေၾကာင့္ ရက္ေရႊ႕ေပးဖို႔က အဆင္မေျပခဲ့ပါဘူး။ လီဗာပူးဟာ ဇန္န၀ါရီတစ္လတည္းမွာတင္ ၿပိဳင္ပြဲအရပ္ရပ္ ၉ ပြဲကစားရဖို႔ ရွိေနတာပါ။