လာလီဂါ ဘယ်အချိန်ပြန်စပြီး ဘယ်အချိန်အဆုံးသတ်မလဲဆိုတာ ထုတ်ပြောလာတဲ့ လီဂါနက်စ်နည်းပြ

Photo Credit

Photo Credit

လီဂါနက်စ်အသင်းနည်းပြ ဟာဗီးယားအဂွီရီက လာလီဂါအဖွဲ့ချုပ်အနေနဲ့ ဇွန်လ ၂၀ ရက်နေ့မှာ ယခုရာသီကို ပြန်လည်စတင်ပြီး ဇူလိုင်လ ၂၆ ရက်နေ့မှာ အဆုံးသတ်ဖို့ စီစဉ်ထားတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Photo Credit

လာလီဂါအဖွဲ့ချုပ်က တရားဝင်ထုတ်ပြန်ကြေညာတာမျိုးမရှိသေးပေမယ့် မက္ကဆီနိုင်ငံသား အဂွီရီက လာလီဂါအာဏာပိုင်တွေက မိမိထံ အထက်ပါအတိုင်း ဆက်သွယ်အကြောင်းကြားခဲ့တယ်လို့ ပြောပါတယ်။ စပိန်ဘောလုံးလောက အာဏာပိုင်တွေဟာ ဘောလုံးပွဲတွေပြန်လည်စတင်နိုင်ရေးအတွက် အစိုးရနဲ့ လက်တွဲဆောင်ရွက်နေပါတယ်။

Photo Credit

”လာလီဂါပြန်စဖို့ ရက်တောင် သတ်မှတ်ပြီးပါပြီ။ ဇွန်လ ၂၀ ရက်နေ့မှာ လာလီဂါပြိုင်ပွဲပြန်လည်စတင်ပြီး ၅ပတ်အကြာ ဇူလိုငလ ၂၆ ရက်နေ့မှာ တရားဝင်အဆုံးသတ်မှာပါ။ စနေ၊ တနင်္ဂနွေနဲ့ ဗုဒ္ဓဟူး၊ ကြာပသတေးနေ့တွေမှာ ကျင်းပမှာဖြစ်ပါတယ်”

Photo Credit

”လာလီဂါအဖွဲ့ချုပ်က အခုပဲ ကျွန်တော့်ကို တရားဝင်အကြောင်းကြားခဲ့တာဖြစ်ပြီး ကျွန်တော်တို့အသင်းလည်း လေ့ကျင့်ခန်းပြန်ဆင်းဖို့ အစီအစဉ်တွေ ရေးဆွဲထားပြီးဖြစ်လို့ အရမ်းပျော်ရွှင်မိပါတယ်။ မနက်ဖြန်ဆို ထရိန်နင်ပြန်ဆင်းတော့မှာပါ။ ကံကောင်းတောက အားလုံး စမ်းသပ်မှုတွေမှာ Negative ဖြစ်ခဲ့တာပါ”လု့ိ အဂွီရီက ပြောပါတယ်။

Photo Credit

စပိန်ကလပ်တွေဟာ ဒီတစ်ပတ်ထဲမှာ ဆေးဘက်ဆိုင်ရာ စမ်းသပ်မှုတွေပြုလုပ်ဖို့အတွက် အသင်းသားတွေကို လေ့ကျင့်ရေးစင်တာဆီ ပြန်လာဖို့ ညွှန်ကြားထားပြီး အဲဒါပြီးရင်တော့ ကစားသမားတွေလည်း ထရိန်နင် ပြန်ဆင်းတော့မှာဖြစ်ပါတယ်။

Photo Credit

ကစားသမားတွေအနေနဲ့ ကြံ့ခိုင်မှုရရှိစေဖို့အတွက် ကနဦး တစ်ဦးချင်းလေ့ကျင့်ခန်းတွေပြုလုပ်မှာဖြစ်ပြီး အဲဒီနောက်မှာတော့ စီစဉ်ထားတဲ့အတိုင်း အုပ်စုလိုက်ထရိန်နင် ဆင်းရမှာပါ။

Photo Credit

စပိန်ဘောလုံးအဖွဲ့ချုပ်က ဘောလုံးပွဲတွေပြန်စတဲ့အခါ လူစားလဲမှု ၅ကြိမ်အထိ ယာယီခွင့်ပြုပေးမှာဖြစ်ကြောင်း ကြေညာထားပြီး အပြည်ပြည်ဆိုင်ရာဘောလုံးအဖွဲ့အစည်းဘုတ်အဖွဲ့(IFAB)ကလည်း အတည်ပြုပေးခဲ့ကာ အဂွီရီက အဲဒီဆုံးဖြတ်ချက်ကို ဝမ်းပန်းတသာကြိုဆိုခဲ့ပါတယ်။

Photo Credit

Zawgyi

လာလီဂါ ဘယ္အခ်ိန္ျပန္စၿပီး ဘယ္အခ်ိန္အဆုံးသတ္မလဲဆုိတာ ထုတ္ေျပာလာတဲ့ လီဂါနက္စ္နည္းျပ

လီဂါနက္စ္အသင္းနည္းျပ ဟာဗီးယားအဂြီရီက လာလီဂါအဖြဲ႕ခ်ဳပ္အေနနဲ႔ ဇြန္လ ၂၀ ရက္ေန႔မွာ ယခုရာသီကို ျပန္လည္စတင္ၿပီး ဇူလိုင္လ ၂၆ ရက္ေန႔မွာ အဆုံးသတ္ဖို႔ စီစဥ္ထားတယ္လုိ႔ ထုတ္ေဖာ္ေျပာဆုိလုိက္ပါတယ္။
လာလီဂါအဖြဲ႕ခ်ဳပ္က တရား၀င္ထုတ္ျပန္ေၾကညာတာမ်ိဳးမရွိေသးေပမယ့္ မကၠဆီႏိုင္ငံသား အဂြီရီက လာလီဂါအာဏာပိုင္ေတြက မိမိထံ အထက္ပါအတုိင္း ဆက္သြယ္အေၾကာင္းၾကားခဲ့တယ္လုိ႔ ေျပာပါတယ္။ စပိန္ေဘာလုံးေလာက အာဏာပိုင္ေတြဟာ ေဘာလုံးပဲြေတြျပန္လည္စတင္ႏုိင္ေရးအတြက္ အစိုးရနဲ႔ လက္တြဲေဆာင္ရြက္ေနပါတယ္။
”လာလီဂါျပန္စဖို႔ ရက္ေတာင္ သတ္မွတ္ၿပီးပါၿပီ။ ဇြန္လ ၂၀ ရက္ေန႔မွာ လာလီဂါၿပိဳင္ပြဲျပန္လည္စတင္ၿပီး ၅ပတ္အၾကာ ဇူလို္ငလ ၂၆ ရက္ေန႔မွာ တရား၀င္အဆုံးသတ္မွာပါ။ စေန၊ တနဂၤေႏြနဲ႔ ဗုဒၶဟူး၊ ၾကာပသေတးေန႔ေတြမွာ က်င္းပမွာျဖစ္ပါတယ္”
”လာလီဂါအဖြဲ႕ခ်ဳပ္က အခုပဲ ကၽြန္ေတာ့္ကို တရား၀င္အေၾကာင္းၾကားခဲ့တာျဖစ္ၿပီး ကၽြန္ေတာ္တုိ႔အသင္းလည္း ေလ့က်င့္ခန္းျပန္ဆင္းဖို႔ အစီအစဥ္ေတြ ေရးဆြဲထားၿပီးျဖစ္လုိ႔ အရမ္းေပ်ာ္ရႊင္မိပါတယ္။ မနက္ျဖန္ဆို ထရိန္နင္ျပန္ဆင္းေတာ့မွာပါ။ ကံေကာင္းေတာက အားလုံး စမ္းသပ္မႈေတြမွာ Negative ျဖစ္ခဲ့တာပါ”လု႔ိ အဂြီရီက ေျပာပါတယ္။
စပိန္ကလပ္ေတြဟာ ဒီတစ္ပတ္ထဲမွာ ေဆးဘက္ဆုိင္ရာ စမ္းသပ္မႈေတြျပဳလုပ္ဖို႔အတြက္ အသင္းသားေတြကို ေလ့က်င့္ေရးစင္တာဆီ ျပန္လာဖို႔ ညႊန္ၾကားထားၿပီး အဲဒါၿပီးရင္ေတာ့ ကစားသမားေတြလည္း ထရိန္နင္ ျပန္ဆင္းေတာ့မွာျဖစ္ပါတယ္။
ကစားသမားေတြအေနနဲ႔ ႀကံ့ခိုင္မႈရရွိေစဖို႔အတြက္ ကနဦး တစ္ဦးခ်င္းေလ့က်င့္ခန္းေတြျပဳလုပ္မွာျဖစ္ၿပီး အဲဒီေနာက္မွာေတာ့ စီစဥ္ထားတဲ့အတုိင္း အုပ္စုလုိက္ထရိန္နင္ ဆင္းရမွာပါ။
စပိန္ေဘာလုံးအဖြဲ႕ခ်ဳပ္က ေဘာလုံးပဲြေတြျပန္စတဲ့အခါ လူစားလဲမႈ ၅ႀကိမ္အထိ ယာယီခြင့္ျပဳေပးမွာျဖစ္ေၾကာင္း ေၾကညာထားၿပီး အျပည္ျပည္ဆုိင္ရာေဘာလုံးအဖြဲ႕အစည္းဘုတ္အဖြဲ႕(IFAB)ကလည္း အတည္ျပဳေပးခဲ့ကာ အဂြီရီက အဲဒီဆုံးျဖတ္ခ်က္ကို ၀မ္းပန္းတသာႀကိဳဆိုခဲ့ပါတယ္။