လာလီဂါဝါရင့်ကွင်းလယ်ကစားသမားတွေကိုပစ်မှတ်ထားနေတဲ့ အေစီမီလန်

Photo Credit

Photo Credit ; Getty Images

သတင်းတွေရဲ့ ဖော်ပြချက်အရ အေစီမီလန်အသင်းဟာ သက်ဆိုင်ရာအသင်းတွေမှာမပျော်မရွှင်ဖြစ်နေတဲ့ လူကာမိုဒရစ်၊ အာတူရိုဗီဒယ်နဲ့ အိုင်ဗန်ရာကီတစ်စတဲ့ လာလီဂါကွင်းလယ်ကစားသမားတွေကို သူတို့ရဲ့ ရေဒါထဲကနေရှာဖွေပြီးပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

Photo Credit ; Getty Images

လက်ရှိမှာ အေစီမီလန်အသင်းကိုနည်းပြမာကိုဂျီယန်ပါအိုလိုအစား စတီဖာနိုပီအိုလီက အစားထိုးကိုင်တွယ်နေတာ ဖြစ်ပေမယ့် သူကိုင်တွယ်တဲ့ ပွဲဦးထွက်ပွဲစဉ် ၂ ပွဲမှာ တစ်ပွဲသရေကျပြီးတစ်ပွဲရှုံးနိမ့်ခဲ့ကာ မီလန်အသင်းကနိုင်ပွဲပျောက်နေခဲ့ပါတယ်။ အသင်းရဲ့အခြေအနေတိုးတက်လာစေဖို့ လာမယ့် အပြောင်းအရွှေ့ဈေးကွက်မှာ မီလန်အသင်းက ဈေးပေါပေါနဲ့ ရရှိနိုင်မယ်လို့ ထင်ရတဲ့ လာလီဂါကွင်းလယ်လူတွေကိုပစ်မှတ်ထားလာခဲ့တာပါ။

Photo Credit ; Getty Images

၁၈ ကြိမ်အထိ စီးရီးအေချန်ပီယံ ဖြစ်ခဲ့ဖူးတဲ့ မီလန်အသင်းဟာ နောက်ပိုင်းနှစ်တွေမှာ မြို့ခံပြိုင်ဘက် အင်တာအသင်းရဲ့လွှမ်းမိုးမှုအောက် ရောက်နေပြီး ဒီအခြေအနေကိုအမြန်ဆုံး ပြုပြင်ဖာထေးနိုင်ဖို့ လိုအပ်နေပါတယ်။

Photo Credit ; Getty Images / AFP

မီလန်အသင်းဟာ အသင်းကို ပြန်လည်တည်ဆောက်ရာမှာ ပီယာတက်ခ်၊ ရာဖေးလီအိုနဲ့ လူးကပ်စ်ပါကွီတာစတဲ့ လူငယ်ခြေတက် ကစားသမားလေးတွေကိုသာ အာရုံစိုက်ထားခဲ့ပြီး မကြာသေးခင်ကတော့ မီလန်အသင်းရဲ့ စီအီးအိုအိုင်ဗန်ဂါဇီဒီက ပီအိုလီရဲ့အသင်းဟာ လူငယ်တွေကိုဦးဆောင်နိုင်ဖို့ အတွေ့အကြုံရှိတဲ့ ကစားသမားတွေလည်းလိုအပ်နေသေးတယ်လို့ ဝန်ခံထားပါတယ်။

Photo Credit

ရာကီတစ်ကတော့ ဘာစီလိုနာအသင်းက ထွက်ခွာဖို့ သတင်းတွေ မကြာခဏထွက်နေပြီး သူ့ရဲ့ စာချုပ်သက်တမ်းကလည်း ၂၀၂၁ ထိပဲကျန်ရှိတော့တာ ဖြစ်ပါတယ်။

Photo Credit

အဆိုပါ ၃၁ နှစ်သားကတော့ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက် ပြန်လည်ဖွင့်လှစ်ချိန်မှာစိန်ခေါ်မှုအသစ်တွေ ရှာဖွေဖို့ စိတ်အားထက်သန်နေတာ ဖြစ်ပါတယ်။

Photo Credit

Zawgyi

လာလီဂါ၀ါရင့္ကြင္းလယ္ကစားသမားေတြကိုပစ္မွတ္ထားေနတဲ့ ေအစီမီလန္

သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ ေအစီမီလန္အသင္းဟာ သက္ဆိုင္ရာအသင္းေတြမွာမေပ်ာ္မရႊင္ျဖစ္ေနတဲ့ လူကာမိုဒရစ္၊ အာတူ႐ိုဗီဒယ္နဲ႔ အိုင္ဗန္ရာကီတစ္စတဲ့ လာလီဂါကြင္းလယ္ကစားသမားေတြကို သူတို႔ရဲ႕ ေရဒါထဲကေနရွာေဖြၿပီးပစ္မွတ္ထားေနတယ္လို႔ သိရပါတယ္။
လက္ရွိမွာ ေအစီမီလန္အသင္းကိုနည္းျပမာကိုဂ်ီယန္ပါအိုလိုအစား စတီဖာႏိုပီအိုလီက အစားထိုးကိုင္တြယ္ေနတာ ျဖစ္ေပမယ့္ သူကိုင္တြယ္တဲ့ ပြဲဦးထြက္ပြဲစဥ္ ၂ ပြဲမွာ တစ္ပြဲသေရက်ၿပီးတစ္ပြဲရံႈးနိ္မ့္ခဲ့ကာ မီလန္အသင္းကႏိုင္ပြဲေပ်ာက္ေနခဲ့ပါတယ္။ အသင္းရဲ႕အေျခအေနတိုးတက္လာေစဖို႔ လာမယ့္ အေျပာင္းအေရႊ႕ေစ်းကြက္မွာ မီလန္အသင္းက ေစ်းေပါေပါနဲ႔ ရရွိႏိုင္မယ္လို႔ ထင္ရတဲ့ လာလီဂါကြင္းလယ္လူေတြကိုပစ္မွတ္ထားလာခဲ့တာပါ။
၁၈ ႀကိမ္အထိ စီးရီးေအခ်န္ပီယံ ျဖစ္ခဲ့ဖူးတဲ့ မီလန္အသင္းဟာ ေနာက္ပိုင္းႏွစ္ေတြမွာ ၿမိဳ႕ခံၿပိဳင္ဘက္ အင္တာအသင္းရဲ႕လႊမ္းမုိးမႈေအာက္ ေရာက္ေနၿပီး ဒီအေျခအေနကိုအျမန္ဆံုး ျပဳျပင္ဖာေထးႏိုင္ဖို႔ လိုအပ္ေနပါတယ္။
မီလန္အသင္းဟာ အသင္းကို ျပန္လည္တည္ေဆာက္ရာမွာ ပီယာတက္ခ္၊ ရာေဖးလီအိုနဲ႔ လူးကပ္စ္ပါကြီတာစတဲ့ လူငယ္ေျခတက္ ကစားသမားေလးေတြကိုသာ အာ႐ံုစိုက္ထားခဲ့ၿပီး မၾကာေသးခင္ကေတာ့ မီလန္အသင္းရဲ႕ စီအီးအိုအိုင္ဗန္ဂါဇီဒီက ပီအိုလီရဲ႕အသင္းဟာ လူငယ္ေတြကိုဦးေဆာင္ႏိုင္ဖို႔ အေတြ႕အၾကံဳရွိတဲ့ ကစားသမားေတြလည္းလိုအပ္ေနေသးတယ္လို႔ ဝန္ခံထားပါတယ္။
ရာကီတစ္ကေတာ့ ဘာစီလိုနာအသင္းက ထြက္ခြာဖို႔ သတင္းေတြ မၾကာခဏထြက္ေနၿပီး သူ႕ရဲ႕ စာခ်ဳပ္သက္တမ္းကလည္း ၂၀၂၁ ထိပဲက်န္ရွိေတာ့တာ ျဖစ္ပါတယ္။
အဆိုပါ ၃၁ နွစ္သားကေတာ့ လာမယ့္ ဇန္နဝါရီအေျပာင္းအေရႊ႕ေစ်းကြက္ ျပန္လည္ဖြင့္လွစ္ခ်ိန္မွာစိန္ေခၚမႈအသစ္ေတြ ရွာေဖြဖို႔ စိတ္အားထက္သန္ေနတာ ျဖစ္ပါတယ္။