လာလီဂါပြန်မစခင် မုတ်ဆိတ်ရိတ်ပြီး ၂၀၁၅ ကပုံစံပြန်ဖြစ်သွားတဲ့ မက်ဆီ

photo-gettyimages

photo-the sun

ဘာစီလိုနာတိုက်စစ်မှုးမက်ဆီဟာ သူ့ရဲ့မုတ်ဆိတ်တွေကိုရှင်းလိုက်တဲ့ ၂၀၁၅ တုန်းကပုံစံ ပြန်ဖြစ်သွားပါတယ်။ အသက် ၃၂ နှစ်အရွယ် အဲဒီအာဂျင်တီးနားကြယ်ပွင့်ဟာ လာလီဂါပြန်မစခင်မှာ စိတ်သစ်လူသစ်ဖြစ်ချင်ပုံရပြီး သူ့ရဲ့မုတ်ဆိတ်တွေကို ပြောင်သွားအောင် ရှင်းလိုက်တာပါ။ သူ့ဆံပင်ဆိုလည်း ပိုလို့တောင် ရှည်လာပါသေးတယ်။

photo-barcelona twitter

မက်ဆီဟာ မုတ်ဆိတ်မွေးမရှိတဲ့ သူ့ရဲ့နောက်ဆုံးရာသီတုန်းက ဆုဖလားများစွာကိုင်မြှောက်နိုင်ခဲ့ပါတယ်။ ဒါကြောင့် သူ့ပရိသတ်တွေကလည်း ဒီရာသီမှာ ဆုဖလးတွေရရှိဖို့ မျှော်လင့်နေကြမှာပါ။ ၂၀၁၅ တုန်းက မက်ဆီဟာ ချန်ပီယံလိဂ်နဲ့လာလီဂါအောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ ဒါ့အပြင် အဲဒီနှစ်မှာပဲ မက်ဆီဟာ စပိန်ဘုရင့်ဖလား၊ ဥရောပစူပါဖလားနဲ့ ကလပ်ကမ္ဘာ့ဖလားတို့ကိုလည်း ကိုင်မြှောက်နိုင်ခဲ့သေးတာပါ။

photo-gettyimages

ဒါပေမဲ့ လက်ရှိအချိန်မှာတော့ ဘာစီလိုနာဟာ သူတို့စံနှုန်းနဲ့ဆိုရင် ခက်ခဲတဲ့ရာသီတစ်ခုကို ဖြတ်သန်းနေရပါတယ်။ ဆုဖလားမျှော်လင့်ချက်ဆိုလို့ လာလီဂါနဲ့ ချန်ပီယံလိဂ်တို့သာ ရှိတော့တာပါ။ ဒါ့အပြင် မကြာသေးခင်တုန်းကလည်း မက်ဆီကိုယ်တိုင်က သူ့အသင်းဟာ ဒီရာသီချန်ပီယံလိဂ်မှာ ဗိုလ်စွဲနိုင်ဖို့ လုံလောက်တဲ့ခြေစွမ်းမရှိဘူးလို့ ပြောကြားထားပါတယ်။ လာလီဂါပြိုင်ပွဲဟာ လာမယ့်ဇွန်လအစောပိုင်းမှာ ပြန်စဖွယ်ရှိနေပါတယ်။

[Zawgyi]

လာလီဂါျပန္မစခင္ မုတ္ဆိတ္ရိတ္ၿပီး ၂၀၁၅ ကပုံစံျပန္ျဖစ္သြားတဲ့ မက္ဆီ

ဘာစီလုိနာတိုက္စစ္မႈးမက္ဆီဟာ သူ႔ရဲ႕မုတ္ဆိတ္ေတြကိုရွင္းလုိက္တဲ့ ၂၀၁၅ တုန္းကပုံစံ ျပန္ျဖစ္သြားပါတယ္။ အသက္ ၃၂ ႏွစ္အရြယ္ အဲဒီအာဂ်င္တီးနားၾကယ္ပြင့္ဟာ လာလီဂါျပန္မစခင္မွာ စိတ္သစ္လူသစ္ျဖစ္ခ်င္ပုံရၿပီး သူ႔ရဲ႕မုတ္ဆိတ္ေတြကို ေျပာင္သြားေအာင္ ရွင္းလိုက္တာပါ။ သူ႔ဆံပင္ဆုိလညး္ ပိုလို႔ေတာင္ ရွည္လာပါေသးတယ္။

မက္ဆီဟာ မုတ္ဆိတ္ေမြးမရွိတဲ့ သူ႔ရဲ႕ေနာက္ဆုံးရာသီတုန္းက ဆုဖလားမ်ားစြာကိုင္ေျမွာက္ႏိုင္ခဲ့ပါတယ္။ ဒါေၾကာင့္ သူ႔ပရိသတ္ေတြကလည္း ဒီရာသီမွာ ဆုဖလးေတြရရွိဖုိ႔ ေမွ်ာ္လင့္ေနၾကမွာပါ။ ၂၀၁၅ တုန္းက မက္ဆီဟာ ခ်န္ပီယံလိဂ္နဲ႔လာလီဂါေအာင္ျမင္မႈေတြ ရရွိခဲ့ပါတယ္။ ဒါ့အျပင္ အဲဒီႏွစ္မွာပဲ မက္ဆီဟာ စပိန္ဘုရင့္ဖလား၊ ဥေရာပစူပါဖလားနဲ႔ ကလပ္ကမာၻ႔ဖလားတုိ႔ကိုလည္း ကိုင္ေျမွာက္ႏုိင္ခဲ့ေသးတာပါ။

ဒါေပမဲ့ လက္ရွိအခ်ိန္မွာေတာ့ ဘာစီလုိနာဟာ သူတုိ႔စံႏႈန္းနဲ႔ဆုိရင္ ခက္ခဲတဲ့ရာသီတစ္ခုကို ျဖတ္သန္းေနရပါတယ္။ ဆုဖလားေမွ်ာ္လင့္ခ်က္ဆိုလို႔ လာလီဂါနဲ႔ ခ်န္ပီယံလိဂ္တို႔သာ ရွိေတာ့တာပါ။ ဒါ့အျပင္ မၾကာေသးခင္တုန္းကလည္း မက္ဆီကိုယ္တုိင္က သူ႔အသင္းဟာ ဒီရာသီခ်န္ပီယံလိဂ္မွာ ဗိုလ္စြဲႏိုင္ဖို႔ လုံေလာက္တဲ့ေျခစြမ္းမရွိဘူးလို႔ ေျပာၾကားထားပါတယ္။ လာလီဂါၿပိဳင္ပြဲဟာ လာမယ့္ဇြန္လအေစာပိုင္းမွာ ျပန္စဖြယ္ရွိေနပါတယ္။