လာမယ့်နွေမှာ ဆန်းချက်ဇ်ပြန်လာမယ်လို့ အတည်ပြုလိုက်တဲ့ ဆိုးလ်ရှား

photo-daily mail

]

photo-offside

အင်တာမီလန်နဲ့ အငှားသက်တမ်းကုန်ဆုံးချိန်ဖြစ်မယ့် လာမယ်နွေမှာ တိုက်စစ်မှုးအလက်ဆစ်ဆန်းချက်ဇ်ဟာ အသင်းကို ပြန်လာလိမ့်မယ်လို့ မန်ယူနည်းပြဆိုးလ်ရှားက အတည်ပြုလိုက်ပါတယ်။ အဲဒီချီလီသားဟာ ပြီးခဲ့တဲ့သြဂုတ်လကတည်းက စီးရီးအေမှာ တစ်ရာသီအငှားနဲ့ သွားကစားနေတာဖြစ်ပြီး ပြင်းထန်တဲ့ခြေချင်းဝတ်ဒဏ်ရာကြောင့် တစ်ကျော့ပြန်အီတလီမြေမှာ ၂၁၄ မိနစ်သာ ကစားရပါသေးတယ်။ ဆန်းချက်ဇ်ဟာ ရာသီကုန်မှာ မန်ယူကနေ အပြီးပြောင်းနိုင်တယ်လို့ ထင်ကြေးပေးထားကြပေမယ့် ဆိုးလ်ရှားကတော့ ကစားသမားမှာ မန်ယူအနာဂါတ်ရှိနေသေးတယ်လို့ ဆိုခဲ့တာပါ။

photo-gettyimages

”လာမယ့်နွေမှာ ဆန်းချက်ဇ်ပြန်လာမှာဖြစ်ပြီး ကျွန်တော်တို့အားလုံးမှားနေတယ်ဆိုတာကို သက်သေပြသွားမှာပါ”လို့ မန်စီးတီးနဲ့အင်္ဂလန်လိဂ်ဖလားဆီမီးဒုတိယအကျော့အတွက် သတင်းစာရှင်းလင်းပွဲမှာ ဆိုးလ်ရှားက ပြောခဲ့တာပါ။ ဆန်းချက်ဇ်ဟာ အင်တာကနေ ပြန်ရောက်လာချိန်မှာ မန်ယူနဲ့စာချျုပ်သက်တမ်း ၂ နှစ်ကျန်နေဦးမှာပါ။

photo-EPA

သူ့အသက်က ၃၁ နှစ်ရှိပြီဖြစ်ပြီး သူ့အတွက် တစ်ပတ် ပေါင် ၅ သိန်းပေးနေရပေမယ့် မန်ယူကတော့ ဆန်းချက်ဇ်ကို လက်လွှတ်မှာ မဟုတ်သေးပါဘူး။ ဒါပေမဲ့ အင်တာကို အငှားမပြောင်းခင် ၂ နှစ်ကြာ မန်ယူကစားသမားဘဝမှာ ၅ ဂိုးသာသွင်းနိုင်ခဲ့လို့ သူ့ရဲ့သွင်းဂိုးတစ်ဂိုးတိုင်းဟာ တန်ဖိုးကြီးမားခဲ့ပါတယ်။ ဒါကြောင့် မန်ယူအတွက် သူသွင်းတဲ့တစ်ဂိုးဟာ ပေါင် ၂၇.၃ သန်းတန်နေတာပါ။

[Zawgyi]

လာမယ့္ေႏြမွာ ဆန္းခ်က္ဇ္ျပန္လာမယ္လုိ႔ အတည္ျပဳလုိက္တဲ့ ဆိုးလ္ရွား

အင္တာမီလန္နဲ႔ အငွားသက္တမ္းကုန္ဆုံးခ်ိန္ျဖစ္မယ့္ လာမယ္ေႏြမွာ တုိက္စစ္မႈးအလက္ဆစ္ဆန္းခ်က္ဇ္ဟာ အသင္းကို ျပန္လာလိမ့္မယ္လုိ႔ မန္ယူနည္းျပဆုိးလ္ရွားက အတည္ျပဳလိုက္ပါတယ္။ အဲဒီခ်ီလီသားဟာ ၿပီးခဲ့တဲ့ၾသဂုတ္လကတည္းက စီးရီးေအမွာ တစ္ရာသီအငွားနဲ႔ သြားကစားေနတာျဖစ္ၿပီး ျပင္းထန္တဲ့ေျခခ်င္း၀တ္ဒဏ္ရာေၾကာင့္ တစ္ေက်ာ့ျပန္အီတလီေျမမွာ ၂၁၄ မိနစ္သာ ကစားရပါေသးတယ္။ ဆန္းခ်က္ဇ္ဟာ ရာသီကုန္မွာ မန္ယူကေန အၿပီးေျပာင္းႏိုင္တယ္လို႔ ထင္ေၾကးေပးထားၾကေပမယ့္ ဆိုးလ္ရွားကေတာ့ ကစားသမားမွာ မန္ယူအနာဂါတ္ရွိေနေသးတယ္လုိ႔ ဆုိခဲ့တာပါ။

”လာမယ့္ေႏြမွာ ဆန္းခ်က္ဇ္ျပန္လာမွာျဖစ္ၿပီး ကၽြန္ေတာ္တို႔အားလုံးမွားေနတယ္ဆိုတာကို သက္ေသျပသြားမွာပါ”လို႔ မန္စီးတီးနဲ႔အဂၤလန္လိဂ္ဖလားဆီမီးဒုတိယအေက်ာ့အတြက္ သတင္းစာရွင္းလင္းပြဲမွာ ဆိုးလ္ရွားက ေျပာခဲ့တာပါ။ ဆန္းခ်က္ဇ္ဟာ အင္တာကေန ျပန္ေရာက္လာခ်ိန္မွာ မန္ယူနဲ႔စာခ််ဳပ္သက္တမ္း ၂ ႏွစ္က်န္ေနဦးမွာပါ။

သူ႔အသက္က ၃၁ ႏွစ္ရွိၿပီျဖစ္ၿပီး သူ႔အတြက္ တစ္ပတ္ ေပါင္ ၅ သိန္းေပးေနရေပမယ့္ မန္ယူကေတာ့ ဆန္းခ်က္ဇ္ကို လက္လႊတ္မွာ မဟုတ္ေသးပါဘူး။ ဒါေပမဲ့ အင္တာကုိ အငွားမေျပာင္းခင္ ၂ ႏွစ္ၾကာ မန္ယူကစားသမားဘ၀မွာ ၅ ဂိုးသာသြင္းႏုိင္ခဲ့လို႔ သူ႔ရဲ႕သြင္းဂိုးတစ္ဂိုးတိုင္းဟာ တန္ဖိုးႀကီးမားခဲ့ပါတယ္။ ဒါေၾကာင့္ မန္ယူအတြက္ သူသြင္းတဲ့တစ္ဂိုးဟာ ေပါင္ ၂၇.၃ သန္းတန္ေနတာပါ။